ဖက်တီးဖြစ်လာတာမဟုတ်ဘဲ ဂျာစီက ပွတာဖြစ်ကြောင်း ပြောတဲ့ နေမာ

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

နေမာက သူ့ကို ဖက်တီးဖြစ်လာတယ်ဆိုတဲ့ ပြင်သစ်က ပရိသတ်တွေနဲ့ မီဒီယာတွေရဲ့ ပြောဆိုမှုတွေအပေါ် ပျက်ရယ်ပြုခဲ့ပါတယ်။

ဘရာဇီးသားဟာ ယခုနှစ်နွေရာသီ အစောပိုင်းက ဇိမ်ခံရွက်လှေပေါ်မှာအပန်းဖြေချိန် အပေါ်ပိုင်း အဝတ်ဗလာနဲ့ပုံတွေ ထွက်ပေါ်ပြီးနောက် သူ့ရဲ့ ခန္ဓာကိုယ်ပုံနဲ့ ကြံ့ခိုင်မှုပိုင်းအပေါ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

၂၉နှစ်အရွယ် နေမာဟာ ဘရာဇီးနဲ့ ကိုပါအမေရိကဖလား ပြိုင်ပွဲအပြီး ပီအက်စ်ဂျီကို ပြန်မလာခင် အားလပ်ရက်မှာ ယခုလို ပုံစံနဲ့ မြင်တွေ့ခဲ့ရတာပါ။

နေမာဟာ ရာသီကြိုအစီအစဉ်ကို နောက်ကျမှ ပူးပေါင်းခဲ့တာကြောင့် ပီအက်စ်ဂျီရဲ့ အဖွင့်ပွဲ ၄ပွဲမှာ ၆၆မိနစ်သာ ကစားရပါသေးတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ချီလီနဲ့ကစားခဲ့တဲ့ပွဲမှာ ဘရာဇီးအတွက် ပွဲချိန်ပြည့်ကစားပေးခဲ့တဲ့ နေမာက ပြင်သစ်သတင်းစာတွေက ရေးသားဖော်ပြခဲ့တဲ့ ကိုယ်အလေးချိန်များနေတယ်ဆိုတာ မဟုတ်ဘဲ ဂျာစီက ဆိုဒ်ကြီးနေခဲ့တာ ဖြစ်တယ်ဆိုပြီး သူရဲ့အင်စတာဂရမ်အကောင့်မှာ ပို့စ်ပြန်တင်ခဲ့ပါတယ်။

နေမာက သူရဲ့အင်စတာဂရမ်အကောင့်မှာ ချီလီနဲ့ပွဲမှာ ဘရာဇီးအနေနဲ့ အကောင်းဆုံးမကစားနိုင်ခဲ့ပေမယ့် အနိုင်ရအောင်တော့ ကစားနိုင်ခဲ့ပါတယ်။

မီဒီယာတွေက ဖော်ပြသလို ကျွန်တော် အနေနဲ့ ကိုယ်အလေးချိန်တက်နေတာ မဟုတ်ပါဘူး။ ဂျာစီအရွယ်အစားက ပိုကြီးနေခဲ့တာပါ။

နောက်ပွဲတွေမှာတော့ ပုံမှန်ဆိုဒ်ကိုပဲ ဝတ်ဆင်သွားဖို့ ပြောထားပါတယ်ဆိုပြီး ရယ်မောတဲ့အမူအရာတွေနဲ့အတူ ပို့စ်တင်ထားခဲ့တာပဲ ဖြစ်ပါတယ်။

နေမာအတွက် နောက်ထပ် ပြဿနာတစ်ခုကတော့ တစ်စုံတစ်ယောက်က သူ့နာမည်နဲ့ Dating App ဖြစ်တဲ့ Tinderမှာ အကောင့်လုပ်ခဲ့ပြီး Verifiedလည်း ရရှိသွားပေမယ့် အဆိုပါ အကောင့်က သူမဟုတ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။

မတ်လတုန်းကလည်း Tinderမှာ သူ့နာမည်နဲ့ အကောင့်ဖွင့်ထားသူက သူ့ကို ကောင်းကောင်း ကိုယ်စားပြုနိုင်မယ်လို့ မျှော်လင့်တယ်ဆိုပြီး နောက်ပြောင်ခဲ့ပါသေးတယ်။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi





