ပွဲ 200 ပြည့် အသက်ငယ်ဆုံး ကစားသမားနေရာအတွက် တတိယနေရာကနေ စတုတ္ထနေရာကို ရောက်ရှိသွားတဲ့ ရက်ရှ်ဖို့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

မန်ချက်စတာမှာပဲမွေးပြီး၊မန်ချက်စတာမှာပဲကြီးပြင်းခဲ့တဲ့ မန်ချက်စတာရဲ့လူငယ်ကစားသမားလေး ရက်ရ်ဖို့တစ်ယောက်ဟာငယ်ငယ်ကတည်းက ယူနိုက်တက်ကစားသမားဖြစ်ချင်တဲ့အိပ်မက်ရှိခဲ့တာဖြစ်ပါတယ်။ ယူနိက်တက်အကယ်ဒမီကစားသမားဘဝမှာလည်း သူဟာ ရော်နယ်ဒိုကို စံပြကစားသမားအဖြစ်ထားရှိခဲ့တာပါ။

လူငယ်အသင်းတွေမှာ တောက်လျှောက်ခြေစွမ်းပြနေခဲ့ပြီး လူးဝစ်ဗန်ဂါလ်း ရဲ့ရွေးချယ်မှုနဲ့အတူ စင်ပေါ်ရောက်လာခဲ့တယ်ဆိုပေမယ့် သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကလည်းမနည်းခဲ့ပါဘူး။ အသင်းကြီးလူစာရင်းကိုရောက်ပြီးချိန်ကစလို့ ရက်ရှ်ဖို့ဟာ လေ့ကျင့်ခန်းအချိန်တွေကိုတိုးပြီး ဆောင်ရွက်ခဲ့သလို ကွင်းအတွင်း၊အပြင်မှာလည်း နည်းပြရဲ့မှာကြားမှုတွေအတိုင်း လိုက်နာခဲ့သူဖြစ်ပါတယ်။

ပွဲဦးထွက် နှစ်ရာသီကို သွင်းဂိုး ၂၀နီးပါးသွင်းယူခဲ့ပြီး ဆုဖလား လေးလုံးရအောင်ထောက်ကူပေးနိုင်ခဲ့ပါတယ်။ ကျောနံပါတ်တစ်ဆယ်ကိုဝတ်ဆင်ပြီး တစ်ပတ်လုပ်ခလစာ ပေါင်နှစ်သိန်းဝန်းကျင်ရနေတဲ့ အဲဒီကောင်လေးဟာအခုအချိန်မှာ ယူနိုက်တက်အသင်းရဲ့အားထားရာဖြစ်နေပါတယ်။ သူဟာ ဒီရာသီမှာ ယူနိက်တက်နဲ့အင်္ဂလန်အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ၁၃ပွဲမှာ သွင်းဂိုး ၁၂ဂိုး နဲ့ ဂိုးဖန်တီးမှု့ ၃ကြိမ်ရှိထားပြီး သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို ပြသထားနိင်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ယူနိုက်တက်နဲ့နောဝှစ်ချ်ပွဲစဉ်မှာလည်း ရက်ရ်ှဖို့တစ်ယောက်တည်းက နှစ်ဂိုးတောင်သွင်းယူပေးခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ယူနိုက်တက်အသင်းက 4 ဂိုး ၊ ဂိုးမရှိနဲ့အောင်ပွဲဆင်ခဲ့တာပါ။

photo internet

အဲဒီပွဲစဉ်ဟာ ရက်ရှ်ဖို့အတွက်အမှတ်တရဖြစ်ကျန်ရစ်ခဲ့မှာပါ။ ဘာကြောင့်လဲဆိုရင် ယူနိုက်တက်အသင်း အတွက် ပွဲ 200 ပြည့်စတုတ္ထမြောက် အသက်ငယ်ဆုံးကစားသမား ဂုဏ်ပုဒ်ကိုရယူသွားနိုင်ခဲ့လို့ပါ။ ကနဦးပိုင်းမှာတော့ သူဟာ တတိယမြောက်အသက်ငယ်ဆုံးပွဲ 200 ပြည့်ကစားသမားစံချိန်ကို ရတယ်လို့ထင်ခဲ့တာပါ။ ဒါကြောင့်လည်း ရက်ရှ်ဖို့ဟာသူ့ရဲ့စံချိန်ကို ကိုယ်ပိုင် မားကပ်ရက်ရှ်ဖို့်ဆိုတဲ့ တွစ်တာမှတင်ခဲ့ပြီး ပရိသတ်တွေအားလုံးက ရက်ရှ်ဖို့ကို ယူနိုက်တက်အသင်းရဲ့တတိယမြောက် အသက်အငယ်ဆုံး ပွဲ(၂၀၀)ပြည့်ကစားသမားလို့ ထင်ခဲ့ကြပါတယ်။

photo internet

ဒါပေမယ့်အပြောင်းအလဲတွေဖြစ်ခဲ့ပါတယ်။ ရက်ရှ်ဖို့ထက် စီနီယာကျတဲ့ကစားသမားတစ်ယောက်ရှိနေလို့ပါ။ သူကတော့ ၁၉၈၀ခုနှစ်များ ကာလဆီက ကစားသမားဟောင်းကြီး နော်မန်ဝှိုက်ဆိုက်ဒ် ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ မှတ်တမ်းတွေစစ်ဆေးတဲ့အပိုင်းမှာ သတိလက်လွတ်ဖြစ်ခဲ့တာဖြစ်နိုင်ပါတယ်။ နော်မန်ဝှိုက်ဆိုက်ဒ်ရဲ့မိန်းမဖြစ်သူက အဲဒီအခြေအနေကိုထောက်ပြခဲ့လို့တာရှက်ရ်ဖို့ရဲ့ စံချိန်မှတ်တမ်းအပြောင်းအလဲဖြစ်သွားခဲ့တာပါ။“ကျွန်မထင်တာကတော့ ကျွန်မယောက်ျား နော်မန်ဝှိုက်ဆိုက်ဒ်ဟာ တကယ့်အချက်အလက်အမှန်အရဆိုရင် အခုဖော်ပြခဲ့တဲ့ သုံးယောက်ထက် အသက်ပိုငယ်ပြီး ပွဲပြည့်ခဲ့သူပါ”လို့ နော်မန်ရဲ့မိန်းမက သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ ရက်ရှ်ဖို့ရဲ့ပို့စ်ကိုရှယ်ပြီး အဲဒီစာသားကိုရေးသားမျှဝေခဲ့ပါတယ်။

photo internet

နော်မန်ဟာအသက်(၁၇)နှစ်တည်းနဲ့ ကမ္ဘာ့ဖလားပွဲထွက်ခွင့်ရတဲ့ အငယ်ဆုံးကစားသမားဖြစ်ပြီး၊ ယူနိုက်တက်အတွက် အသက်အငယ်ဆုံး အက်ဖ်အေနဲ့ ကာရာဘောင် ဂိုးသွင်းခဲ့သူဖြစ်ကာ၊ အသက်အငယ်ဆုံး ပွဲ(၂၀၀)ပြည့်ကစားသမားဖြစ်ပါတယ်။ ရက်ရှ်ဖို့တစ်ယောက်လည်း အဲဒီအမှားအပေါ်ပြန်လည်ပြင်ဆင်ပြီး ပို့စ်တင်ခဲ့ပါတယ်။ အမှားထောက်ပြတဲ့ပို့စ်အတွက်ကျေးဇူးတင်ကြောင်းနဲ့ အပြစ်မမြင်ဖို့လည်းတောင်းပန်ခဲ့ပါသေးတယ်။ ဒါကြောင့်အခုအချိန်မှာ အသက်အငယ်ဆုံးပွဲ 200 ပြည့်ကစားနိုင်သူလေးယောက်ရှိပါတယ်။ သူတို့တွေကတော့ နော်မန်ဝိုင်ဆိုက်ဒ်၊ ရိုင်ယန်ဂစ်၊ ဂျော်ဂျီဘတ်စ်နဲ့ရက်ရှ်ဖို့တို့ဖြစ်ပါတယ်။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ပြဲ 200 ျပည့္ အသက္ငယ္ဆုံး ကစားသမားေနရာအတြက္ တတိယေနရာကေန စတုတၳေနရာကို ေရာက္ရိွသြားတဲ့ ရက္ရွ္ဖို႔

မန္ခ်က္စတာမွာပဲေမြးၿပီး၊မန္ခ်က္စတာမွာပဲႀကီးျပင္းခဲ့တဲ့ မန္ခ်က္စတာရဲ႕လူငယ္ကစားသမားေလး ရက္ရ္ဖို႔တစ္ေယာက္ဟာငယ္ငယ္ကတည္းက ယူႏိုက္တက္ကစားသမားျဖစ္ခ်င္တဲ့အိပ္မက္ရိွခဲ့တာျဖစ္ပါတယ္။ ယူနိက္တက္အကယ္ဒမီကစားသမားဘဝမွာလည္း သူဟာ ေရာ္နယ္ဒိုကို စံျပကစားသမားအျဖစ္ထားရိွခဲ့တာပါ။ လူငယ္အသင္းေတြမွာ ေတာက္ေလွ်ာက္ေျခစြမ္းျပေနခဲ့ၿပီး လူးဝစ္ဗန္ဂါလ္း ရဲ႕ေရြးခ်ယ္မႈနဲ႔အတူ စင္ေပၚေရာက္လာခဲ့တယ္ဆိုေပမယ့္ သူ႔ရဲ႕ႀကိဳးစားအားထုတ္မႈေတြကလည္းမနည္းခဲ့ပါဘူး။ အသင္းႀကီးလူစာရင္းကိုေရာက္ၿပီးခ်ိန္ကစလို႔ ရက္ရွ္ဖို႔ဟာ ေလ့က်င့္ခန္းအခ်ိန္ေတြကိုတိုးၿပီး ေဆာင္႐ြက္ခဲ့သလို ကြင္းအတြင္း၊အျပင္မွာလည္း နည္းျပရဲ႕မွာၾကားမႈေတြအတိုင္း လိုက္နာခဲ့သူျဖစ္ပါတယ္။

ပြဲဦးထြက္ ႏွစ္ရာသီကို သြင္းဂိုး ၂၀နီးပါးသြင္းယူခဲ့ၿပီး ဆုဖလား ေလးလုံးရေအာင္ေထာက္ကူေပးႏိုင္ခဲ့ပါတယ္။ ေက်ာနံပါတ္တစ္ဆယ္ကို၀တ္ဆင္ၿပီး တစ္ပတ္လုပ္ခလစာ ေပါင္ႏွစ္သိန္း၀န္းက်င္ရေနတဲ့ အဲဒီေကာင္ေလးဟာအခုအခ်ိန္မွာ ယူႏိုက္တက္အသင္းရဲ႕အားထားရာျဖစ္ေနပါတယ္။ သူဟာ ဒီရာသီမွာ ယူနိက္တက္နဲ႔အဂၤလန္အသင္းအတြက္ ေနာက္ဆုံးကစားခဲ့တဲ့ ၁၃ပြဲမွာ သြင္းဂိုး ၁၂ဂိုး နဲ႔ ဂိုးဖန္တီးမႈ႕ ၃ႀကိမ္ရွိထားၿပီး သူ႔ရဲ႕ အေကာင္းဆုံးေျခစြမ္းကို ျပသထားနိင္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက ယွဥ္ၿပိဳင္ခဲ့တဲ့ ယူႏိုက္တက္နဲ႔ေနာ၀ွစ္ခ်္ပြဲစဥ္မွာလည္း ရက္ရ္ွဖုိ႔တစ္ေယာက္တည္းက ႏွစ္ဂိုးေတာင္သြင္းယူေပးခဲ့ပါတယ္။ အဲဒီပြဲစဥ္မွာ ယူႏိုက္တက္အသင္းက 4 ဂိုး ၊ ဂိုးမရိွနဲ႔ေအာင္ပြဲဆင္ခဲ့တာပါ။

အဲဒီပြဲစဥ္ဟာ ရက္ရွ္ဖို႔အတြက္အမွတ္တရျဖစ္က်န္ရစ္ခဲ့မွာပါ။ ဘာေၾကာင့္လဲဆိုရင္ ယူႏိုက္တက္အသင္း အတြက္ ပြဲ 200 ျပည့္စတုတၳေျမာက္ အသက္ငယ္ဆုံးကစားသမား ဂုဏ္ပုဒ္ကိုရယူသြားႏိုင္ခဲ့လုိ႔ပါ။ ကနဦးပိုင္းမွာေတာ့ သူဟာ တတိယေျမာက္အသက္ငယ္ဆုံးပြဲ 200 ျပည့္ကစားသမားစံခ်ိန္ကို ရတယ္လို႔ထင္ခဲ့တာပါ။ ဒါေၾကာင့္လည္း ရက္ရွ္ဖို႔ဟာသူ႕ရဲ႕စံခ်ိန္ကို ကိုယ္ပိုင္ မားကပ္ရက္ရွ္ဖို႔္ဆိုတဲ့ တြစ္တာမွတင္ခဲ့ျပီး ပရိသတ္ေတြအားလံုးက ရက္ရွ္ဖို႔ကို ယူႏိုက္တက္အသင္းရဲ႕တတိယေျမာက္ အသက္အငယ္ဆံုး ပြဲ(၂၀၀)ျပည့္ကစားသမားလို႔ ထင္ခဲ့ၾကပါတယ္။

ဒါေပမယ့္အေျပာင္းအလဲေတြျဖစ္ခဲ့ပါတယ္။ ရက္ရွ္ဖုိ႔ထက္ စီနီယာက်တဲ့ကစားသမားတစ္ေယာက္ရိွေနလို႔ပါ။ သူကေတာ့ ၁၉၈၀ခုႏွစ္မ်ား ကာလဆီက ကစားသမားေဟာင္းၾကီး ေနာ္မန္၀ႈိက္ဆိုက္ဒ္ ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ မွတ္တမ္းေတြစစ္ေဆးတဲ့အပိုင္းမွာ သတိလက္လြတ္ျဖစ္ခဲ့တာျဖစ္ႏိုင္ပါတယ္။ ေနာ္မန္၀ိႈက္ဆိုက္ဒ္ရဲ႕မိန္းမျဖစ္သူက အဲဒီအေျခအေနကိုေထာက္ျပခဲ့လုိ႔တာရွက္ရ္ဖို႔ရဲ႕ စံခ်ိန္မွတ္တမ္းအေျပာင္းအလဲျဖစ္သြားခဲ့တာပါ။“ကၽြန္မထင္တာကေတာ့ ကၽြန္မေယာက္်ား ေနာ္မန္၀ိႈက္ဆိုက္ဒ္ဟာ တကယ့္အခ်က္အလက္အမွန္အရဆိုရင္ အခုေဖာ္ျပခဲ့တဲ့ သံုးေယာက္ထက္ အသက္ပိုငယ္ျပီး ပြဲျပည္႔ခဲ့သူပါ”လို႔ ေနာ္မန္ရဲ႕မိန္းမက သူ႔ရဲ႕လူမႈကြန္ရက္ေပၚမွာ ရက္ရွ္ဖို႔ရဲ႕ပုိ႔စ္ကိုရွယ္ၿပီး အဲဒီစာသားကိုေရးသားမွ်ေ၀ခဲ့ပါတယ္။

ေနာ္မန္ဟာအသက္(၁၇)ႏွစ္တည္းနဲ႔ ကမာၻ႕ဖလားပြဲထြက္ခြင့္ရတဲ့ အငယ္ဆံုးကစားသမားျဖစ္ၿပီး၊ ယူႏိုက္တက္အတြက္ အသက္အငယ္ဆံုး အက္ဖ္ေအနဲ႔ ကာရာေဘာင္ ဂိုးသြင္းခဲ့သူျဖစ္ကာ၊ အသက္အငယ္ဆံုးပြဲ(၂၀၀)ျပည့္ကစားသမားျဖစ္ ပါတယ္။ ရက္ရွ္ဖို႔တစ္ေယာက္လည္း အဲဒီအမွားအေပၚျပန္လည္ျပင္ဆင္ၿပီး ပို႔စ္တင္ခဲ့ပါတယ္။ အမွားေထာက္ျပတဲ့ပို႔စ္အတြက္ေက်းဇူးတင္ေၾကာင္းနဲ႔ အျပစ္မျမင္ဖို႔လည္းေတာင္းပန္ခဲ့ပါေသးတယ္။ ဒါေၾကာင့္အခုအခ်ိန္မွာ အသက္အငယ္ဆုံးပြဲ 200 ျပည့္ကစားႏိုင္သူေလးေယာက္ရိွပါတယ္။ သူတို႔ေတြကေတာ့ ေနာ္မန္၀ိုင္ဆိုက္ဒ္၊ ရိုင္ယန္ဂစ္၊ ေဂ်ာ္ဂ်ီဘတ္စ္နဲ႔ရက္ရွ္ဖို႔တို႔ျဖစ္ပါတယ္။