

အင်္ဂလန်အသင်းဟာ လာမယ့်နိုဝင်ဘာ ၁၄ ကျရင် မွန်တီနီဂရိုးနဲ့ ယှဉ်ပြိုင်မယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ပွဲ ၁၀၀၀ ပြည့်အမှတ်တရ အကျီၤကို ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။ ဝင်ဘလေကွင်းမှာ ကျင်းပမယ့်ဒီပွဲဟာ အင်္ဂလန်အမျိုးသားလက်ရွေးစင်အသင်းကြီးရဲ့ ပွဲ ၁၀၀၀ ပြည့်ဖြစ်ပါတယ်။
ဒီသမိုင်းဝင်အမှတ်တရ ပွဲအတွက် အက်ဖ်အေက အသေးစိတ်အစီအစဉ်ကို ထုတ်ပြန်ရာမှာ အင်္ဂလန်အသင်းကို ကိုယ်စားပြုခဲ့သူအားလုံး စီနီယာအလိုက် ပွဲ ၁၀၀၀ ပြည့်အကျီၤကို လက်ခံရရှိကြမှာဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန်အသင်းမှာအရွေးခံခဲ့ရတဲ့ နောက်ဆုံးကစားသမားဖြစ်ပြီး ၁၂၄၄ ဦးမြောက်ဖြစ်ခဲ့တဲ့ နောက်ခံလူ တိုင်ရွန်မင် ဟာနံပါတ် ၁၂၄၄ ပါအကျီကို လက်ခံရရှိမှာပါ။

ဒီအကျီၤရဲ့အရှေ့ဘက်က အင်္ဂလန်အသင်းရဲ့လိုဂိုအောက်မှာ ပွဲ ၁၀၀၀ ပြည့်အမှတ်တရစာသားကိုရေးသားဖို့လည်း ယူအီးအက်ဖ်အေ ထံကနေခွင့်ပြုချက်ရရှိပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် အသင်းခေါင်းဆောင်တွေအားလုံးနဲ့ ပွဲ ၅၀ နဲ့အထက်ကစားခဲ့တဲ့သူတွေကိုလည်း ဒီပွဲကိုဖိတ်ကြားမှာဖြစ်ပါတယ်။

အထူးသဖြင့် ၁၉၆၆ ကမ္ဘာ့ဖလားရအသင်းသားအားလုံးကို လည်းဖိတ်ကြားမှာဖြစ်ပြီး အမှတ်တရအကျီၤကို အက်ဖ်အေဥက္ကဋ္ဌ ဂရက်ကလက်ခ်ကိုယ်တိုင် ပေးအပ်သွားမှာဖြစ်ပါတယ်။ လက်ရှိနည်းပြ ဆောက်ဂိတ်ဆိုရင်လည်း မန်ချက်စတာမြို့မှာရှိတဲ့ အမျိုးသားဘောလုံးပြတိုက် ကိုသွားရောက်လည်ပတ်တဲ့အခါကျရင် ၁၀၇၁ ပါအကျီကို လက်ခံရရှိမယ်လို့လည်း သိရပါတယ်။

အင်္ဂလန်အတွက် ကစားပေးခဲ့တဲ့အပြင် အင်္ဂလန်ကိုနည်းပြခဲ့တဲ့ အနည်းငယ်သောသူတွေထဲမှာ ပါဝင်ခွင့်ရတာဟာ သိပ်ကိုဂုဏ်ယူစရာကောင်းတယ်လို့ ဆောက်ဂိတ်ကပြောပါတယ်။ လက်ရှိအသင်းခေါင်းဆောင် ဟယ်ရီကိန်းကလည်း မွန်တီနီဂရိုးနဲ့ပွဲမှာ ကွင်းအတွင်းဝင်ရောက်တဲ့ အခိုက်အတန့်ဟာသိပ်ကိုထူးခြားလိမ့်မယ်လို့ ပြောသွားပါတယ်။

Zawgyi
ပြဲ ၁၀၀၀ ျပည့္အမွတ္ရအက်ီၤကို အဂၤလန္၀တ္ဆင္မယ္
အဂၤလန္အသင္းဟာ လာမယ္႔ႏုိ၀င္ဘာ ၁၄ က်ရင္ မြန္တီနီဂရိုးနဲ႔ ယွဥ္ၿပိဳင္မယ္႔ ယူရို ၂၀၂၀ ေျခစစ္ပြဲမွာ ပြဲ ၁၀၀၀ ျပည့္အမွတ္တရ အက်ီၤကို ၀တ္ဆင္သြားမယ္လို႔ သိရပါတယ္။ ၀င္ဘေလကြင္းမွာ က်င္းပမယ္႔ဒီပြဲဟာ အဂၤလန္အမ်ဳိးသားလက္ေရြးစင္အသင္းႀကီးရဲ႕ ပြဲ ၁၀၀၀ ျပည့္ျဖစ္ပါတယ္။
ဒီသမုိင္း၀င္အမွတ္တရ ပြဲအတြက္ အက္ဖ္ေအက အေသးစိတ္အစီအစဥ္ကို ထုတ္ျပန္ရာမွာ အဂၤလန္အသင္းကို ကိုယ္စားျပဳခဲ့သူအားလုံး စီနီယာအလိုက္ ပြဲ ၁၀၀၀ ျပည့္အက်ီၤကို လက္ခံရရွိၾကမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အဂၤလန္အသင္းမွာအေရြးခံခဲ့ရတဲ႔ ေနာက္ဆုံးကစားသမားျဖစ္ၿပီး ၁၂၄၄ ဦးေျမာက္ျဖစ္ခဲ့တဲ႔ ေနာက္ခံလူ တိုင္ရြန္မင္ ဟာနံပါတ္ ၁၂၄၄ ပါအက်ီကို လက္ခံရရွိမွာပါ။
ဒီအက်ီၤရဲ႕အေရွ႕ဘက္က အဂၤလန္အသင္းရဲ႕လိုဂိုေအာက္မွာ ပြဲ ၁၀၀၀ ျပည့္အမွတ္တရစာသားကိုေရးသားဖို႔လည္း ယူအီးအက္ဖ္ေအ ထံကေနခြင့္ျပဳခ်က္ရရွိၿပီးသားျဖစ္ပါတယ္။ ဒါ့အျပင္ အသင္းေခါင္းေဆာင္ေတြအားလုံးနဲ႔ ပြဲ ၅၀ နဲ႔အထက္ကစားခဲ့တဲ႔သူေတြကိုလည္း ဒီပြဲကိုဖိတ္ၾကားမွာျဖစ္ပါတယ္။
အထူးသျဖင့္ ၁၉၆၆ ကမၻာ႔ဖလားရအသင္းသားအားလုံးကို လည္းဖိတ္ၾကားမွာျဖစ္ၿပီး အမွတ္တရအက်ီၤကို အက္ဖ္ေအဥကၠ႒ ဂရက္ကလက္ခ္ကိုယ္တိုင္ ေပးအပ္သြားမွာျဖစ္ပါတယ္။ လက္ရွိနည္းျပ ေဆာက္ဂိတ္ဆိုရင္လည္း မန္ခ်က္စတာၿမိဳ႕မွာရွိတဲ႔ အမ်ဳိးသားေဘာလုံးျပတိုက္ ကိုသြားေရာက္လည္ပတ္တဲ႔အခါက်ရင္ ၁၀၇၁ ပါအက်ီကို လက္ခံရရွိမယ္လို႔လည္း သိရပါတယ္။
အဂၤလန္အတြက္ ကစားေပးခဲ့တဲ႔အျပင္ အဂၤလန္ကိုနည္းျပခဲ့တဲ႔ အနည္းငယ္ေသာသူေတြထဲမွာ ပါ၀င္ခြင့္ရတာဟာ သိပ္ကိုဂုဏ္ယူစရာေကာင္းတယ္လို႔ ေဆာက္ဂိတ္ကေျပာပါတယ္။ လက္ရွိအသင္းေခါင္းေဆာင္ ဟယ္ရီကိန္းကလည္း မြန္တီနီဂရိုးနဲ႔ပြဲမွာ ကြင္းအတြင္း၀င္ေရာက္တဲ႔ အခိုက္အတန္႔ဟာသိပ္ကိုထူးျခားလိမ့္မယ္လို႔ ေျပာသြားပါတယ္။