ပွဲ ၁၀၀၀ ပြည့်အတွက်ဂုဏ်ယူနေတဲ့ စီရော်နယ်ဒို

Photo- Internet
Photo- Internet

ဂျူဗင်တပ်အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာ အင်တာမီလန်နဲ့ပွဲမှာပါဝင်ကစားခဲ့ပြီးနောက် သူ့ရဲ့ပရော်ဖက်ရှင်နယ်ဘဝမှာ ကလပ်နဲ့နိုင်ငံအတွက်ပွဲ ၁၀၀၀ ပြည့်မှတ်တမ်းကိုရရှိခဲ့တာကြောင့် အရမ်းကိုဂုဏ်ယူနေတယ်လို့ သိရပါတယ်။ ဒီပွဲမှာဂျူဗင်တပ်က ၂-၀ နဲ့အနိုင်ရရှိခဲ့တာပါ။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ စီရေ်ာနယ်ဒိုဟာဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ကစားဖော်ရမ်းဆေး အဖွင့်ဂိုးသွင်းယူနိုင်ဖို့အတွက်ဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ သူဟာ စပို့တင်းလစ္စဘွန်း၊ မန်ယူ၊ ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီတို့အတွက် ကစားပေးခဲ့ပြီးပွဲ ၁၀၀၀ ပြည့်မှတ်တမ်းကို စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo- Internet

အင်စတာဂရမ်ကနေရေးသားဖော်ပြခဲ့ရာမှာ စီရော်နယ်ဒိုက “ကျွန်တော့်ကစားသမားဘဝမှာ တရားဝင်သတ်မှတ်မှုပွဲ ၁၀၀၀ ပြည့်အတွက်အရမ်းကိုဂုဏ်ယူမိပါတယ်။ ဒီနိုင်ပွဲဟာ ဂျူဗင်တပ်ကိုအမှတ်ပေးဇယားထိပ်ဆုံးဆီပြန်လည်ရောက်ရှိစေခဲ့တဲ့အတွက် အရမ်းကိုအရေးပါတဲ့ နိုင်ပွဲလည်းဖြစ်ခဲ့ပါတယ်။

Photo- Internet

ဒီအတွက်လည်း ကျွန်တော်နဲ့ လက်တွဲခဲ့တဲ့ ကစားဖော်တွေ၊ နည်းပြတွေ၊ ကျွန်တော့်မိသားစုနဲ့ မိတ်ဆွေတွေ၊ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ သူတို့ဟာ ဒီမှတ်တမ်းရရှိစေဖို့ အရေးပါခဲ့တဲ့သူတွေဖြစ်ပါတယ်” လို့ပြောသွားပါတယ်။ သူဟာကစားခဲ့တဲ့ ကလပ် ၄ ခုအတွက် ၇၂၅ ဂိုးသွင်းယူခဲ့ပြီး လက်ရှိရာသီကသူ့အတွက် ၁၈ ကြိမ်မြောက်လည်းဖြစ်ပါတယ်။

Photo- Internet

စီရော်နယ်ဒိုဟာ စပို့တင်းအတွက် ၃၁ ပွဲကစားပြီး ၅ ဂိုး၊ မန်ယူအတွက် ၂၉၂ ပွဲကစားပြီး ၁၁၈ ဂိုး၊ ရီးရဲလ်မက်ဒရစ်အတွက် ၄၃၈ ပွဲကစားပြီး ၄၅၀ ဂိုး၊ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၁၆၄ ပွဲကစားပြီး ၉၉ ဂိုး၊ ဂျူဗင်တပ်အတွက် ၇၅ ပွဲကစားပြီး ၅၃ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

Photo- Internet

Zawgyi

ပြဲ ၁၀၀၀ ျပည့္အတြက္ဂုဏ္ယူေနတဲ႔ စီေရာ္နယ္ဒို

ဂ်ဴဗင္တပ္အသင္းတိုက္စစ္မွဴး စီေရာ္နယ္ဒိုဟာ အင္တာမီလန္နဲ႔ပြဲမွာပါ၀င္ကစားခဲ့ၿပီးေနာက္ သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ဘ၀မွာ ကလပ္နဲ႔ႏိုင္ငံအတြက္ပြဲ ၁၀၀၀ ျပည့္မွတ္တမ္းကိုရရွိခဲ့တာေၾကာင့္ အရမ္းကိုဂုဏ္ယူေနတယ္လို႔ သိရပါတယ္။ ဒီပြဲမွာဂ်ဴဗင္တပ္က ၂-၀ နဲ႔အႏိုင္ရရွိခဲ့တာပါ။

အသက္ ၃၅ နွစ္ရွိၿပီျဖစ္တဲ႔ စီေရ္ာနယ္ဒိုဟာဂိုးမသြင္းႏိုင္ခဲ့ေပမယ္႔လည္း ကစားေဖာ္ရမ္းေဆး အဖြင့္ဂိုးသြင္းယူႏိုင္ဖို႔အတြက္ဖန္တီးမႈျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။ သူဟာ စပို႔တင္းလစၥဘြန္း၊ မန္ယူ၊ ရီးရဲလ္မက္ဒရစ္နဲ႔ ေပၚတူဂီတို႔အတြက္ ကစားေပးခဲ့ၿပီးပြဲ ၁၀၀၀ ျပည့္မွတ္တမ္းကို စိုက္ထူႏိုင္ခဲ့တာျဖစ္ပါတယ္။

အင္စတာဂရမ္ကေနေရးသားေဖာ္ျပခဲ့ရာမွာ စီေရာ္နယ္ဒိုက “က်ြန္ေတာ္႔ကစားသမားဘ၀မွာ တရား၀င္သတ္မွတ္မႈပြဲ ၁၀၀၀ ျပည့္အတြက္အရမ္းကိုဂုဏ္ယူမိပါတယ္။ ဒီႏိုင္ပြဲဟာ ဂ်ဴဗင္တပ္ကိုအမွတ္ေပးဇယားထိပ္ဆုံးဆီျပန္လည္ေရာက္ရွိေစခဲ့တဲ႔အတြက္ အရမ္းကိုအေရးပါတဲ႔ ႏိုင္ပြဲလည္းျဖစ္ခဲ့ပါတယ္။

ဒီအတြက္လည္း က်ြန္ေတာ္နဲ႔ လက္တြဲခဲ့တဲ႔ ကစားေဖာ္ေတြ၊ နည္းျပေတြ၊ က်ြန္ေတာ္႔မိသားစုနဲ႔ မိတ္ေဆြေတြ၊ ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္။ သူတို႔ဟာ ဒီမွတ္တမ္းရရွိေစဖို႔ အေရးပါခဲ့တဲ႔သူေတြျဖစ္ပါတယ္” လို႔ေျပာသြားပါတယ္။ သူဟာကစားခဲ့တဲ႔ ကလပ္ ၄ ခုအတြက္ ၇၂၅ ဂိုးသြင္းယူခဲ့ၿပီး လက္ရွိရာသီကသူ႔အတြက္ ၁၈ ႀကိမ္ေျမာက္လည္းျဖစ္ပါတယ္။

စီေရာ္နယ္ဒိုဟာ စပို႔တင္းအတြက္ ၃၁ ပြဲကစားၿပီး ၅ ဂိုး၊ မန္ယူအတြက္ ၂၉၂ ပြဲကစားၿပီး ၁၁၈ ဂိုး၊ ရီးရဲလ္မက္ဒရစ္အတြက္ ၄၃၈ ပြဲကစားၿပီး ၄၅၀ ဂိုး၊ ေပၚတူဂီလက္ေရြးစင္အသင္းအတြက္ ၁၆၄ ပြဲကစားၿပီး ၉၉ ဂိုး၊ ဂ်ဴဗင္တပ္အတြက္ ၇၅ ပြဲကစားၿပီး ၅၃ ဂိုးသြင္းယူႏိုင္ခဲ့သူျဖစ္ပါတယ္။