ပွဲဦးထွက် ခြေစမ်းပွဲမှာ ပြိုင်ဖက်ကို ၁၀ ဂိုး ပြတ်သွင်းပြီး မျက်နှာပန်းလှခဲ့တဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နာမည်ကျော်နည်းပြ မော်ရင်ဟို ရဲ့ ရိုးမားနည်းပြဘဝပထမဆုံးပွဲစဉ်ကတော့ တော်တော်လေး မျက်နှာပန်းလှခဲ့ပါတယ်။

ရာသီကြိုပြင်ဆင်မှုအဖြစ် ရိုးမားအသင်းက စီးရီးဒီကလပ် မွန်တေကာတီနီ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၁၀ ဂိုး ဂိုးမရှိနဲ့ ပြတ်ပြတ်သားသားအနိုင်ရခဲ့ပါတယ်။

မော်ရင်ဟို ဟာ မန်ယူအသင်းမှာ သူနဲ့ပြဿနာတွေတက်ခဲ့ဖူးတဲ့ ကစားသမားတွေဖြစ်တဲ့ မစ်ခီတာရန် နဲ့ စမောလင်း တို့ကို အဲ့ဒီပွဲမှာအသုံးပြုခဲ့သလို ရိုးမားအသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ဇာနီယိုလို ၊ မာယိုရယ်လ် ၊ ပီရက်ဇ် တို့ကိုလည်း အသုံးပြုခဲ့ပါတယ်။

ရိုးမားအတွက်သွင်းဂိုးတွေကိုတော့ တိုက်စစ်မှူး မာယိုရယ်လ် က ဟက်ထရစ် နဲ့ ဇာနီယိုလို ၊ ပီရက်ဇ် ၊ မန်စီနီ ၊ ဒီယာဝါရာ ၊ ဇာလူစကီး ၊ ကာလာဖီအိုရီ တို့က ၁ ဂိုးစီသွင်းယူပေးခဲ့ပြီး ပြိုင်ဖက်ကစားသမားက ကိုယ့်ဂိုးကိုယ်တဂိုးပြန်သွင်းခဲ့ပါတယ်။

မော်ရင်ဟို ဟာ ချဲလ်ဆီး ၊ မန်ယူ ၊ စပါး စတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဆီကနေ ထုတ်ပယ်ခြင်းကိုခံခဲ့ရပြီး အင်္ဂလန်ဘောလုံးအသိုင်းအဝိုင်းမှာ သူ့ရဲ့ပုံရိပ်တွေဟာ ကျဆင်းနေပါတယ်။

ဒါပေမဲ့ အင်တာမီလန်အသင်းနဲ့အတူ ဖလားသုံးလုံးယူခဲ့ဖူးတဲ့ အောင်မြေဖြစ်တဲ့ အီတလီ မှာတော့ သူ့ရဲ့ဂုဏ်သတင်းဟာ ကျော်ကြားနေဆဲပဲလို့ ဆိုရမှာပါ။

ဒါကြောင့်မို့ ဆုဖလားအောင်မြင်မှုနဲ့ နှစ်ပေါင်းများစွာဝေးကွာနေတဲ့ ရိုးမားအသင်းက မော်ရင်ဟို ကို လစာငွေအမြောက်အများပေးကာ မျှော်လင့်ချက်ကြီးစွာနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ရောမမြိုကို မော်ရင်ဟို ရောက်လာတဲ့နေ့က လာရောက်ကြိုဆိုခဲ့ကြတဲ့ ရိုးမား ပရိသတ်တွေရဲ့ ပုံရိပ်တွေကိုပြန်ကြည့်ရင် အောင်မြင်မှုတွေပြန်ရအောင် မော်ရင်ဟို လုပ်ပေးနိုင်မယ်လို့ အခိုင်အမာယုံကြည်နေကြတာကို တွေ့ရမှာပါ။

နည်းပြသစ်တွေနဲ့ အပြိုင်အဆိုင် အားပြိုင်ကြမယ့် စီးရီးအေရာသီသစ်ဟာ စောင့်ကြည့်ချင်စရာကောင်းတဲ့ ပြိုင်ပွဲတခုဖြစ်ပြီး ပရိသတ်တွေကို အရင်ရာသီတွေနဲ့ မတူတဲ့စိတ်လှုပ်ရှားဖွယ်ရာတွေကို ပေးစွမ်းနိုင်အုန်းမှာသေချာပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပြဲဦးထြက္ ေျခစမ္းပြဲမွာ ၿပိဳင္ဖက္ကို ၁၀ ဂိုး ျပတ္သြင္းၿပီး မ်က္ႏွာပန္းလွခဲ့တဲ့ ေမာ္ရင္ဟို

နာမည္ေက်ာ္နည္းျပ ေမာ္ရင္ဟို ရဲ႕ ႐ိုးမားနည္းျပဘဝပထမဆုံးပြဲစဥ္ကေတာ့ ေတာ္ေတာ္ေလး မ်က္ႏွာပန္းလွခဲ့ပါတယ္။ ရာသီႀကိဳျပင္ဆင္မႈအျဖစ္ ႐ိုးမားအသင္းက စီးရီးဒီကလပ္ မြန္ေတကာတီနီ အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ ၁၀ ဂိုး ဂိုးမရွိနဲ႔ ျပတ္ျပတ္သားသားအႏိုင္ရခဲ့ပါတယ္။

ေမာ္ရင္ဟို ဟာ မန္ယူအသင္းမွာ သူနဲ႔ျပႆနာေတြတက္ခဲ့ဖူးတဲ့ ကစားသမားေတြျဖစ္တဲ့ မစ္ခီတာရန္ နဲ႔ စေမာလင္း တို႔ကို အဲ့ဒီပြဲမွာအသုံးျပဳခဲ့သလို ႐ိုးမားအသင္းရဲ႕ အဓိကကစားသမားေတြျဖစ္တဲ့ ဇာနီယိုလို ၊ မာယိုရယ္လ္ ၊ ပီရက္ဇ္ တို႔ကိုလည္း အသုံးျပဳခဲ့ပါတယ္။

႐ိုးမားအတြက္သြင္းဂိုးေတြကိုေတာ့ တိုက္စစ္မႉး မာယိုရယ္လ္ က ဟက္ထရစ္ နဲ႔ ဇာနီယိုလို ၊ ပီရက္ဇ္ ၊ မန္စီနီ ၊ ဒီယာဝါရာ ၊ ဇာလူစကီး ၊ ကာလာဖီအိုရီ တို႔က ၁ ဂိုးစီသြင္းယူေပးခဲ့ၿပီး ၿပိဳင္ဖက္ကစားသမားက ကိုယ့္ဂိုးကိုယ္တဂိုးျပန္သြင္းခဲ့ပါတယ္။

ေမာ္ရင္ဟို ဟာ ခ်ဲလ္ဆီး ၊ မန္ယူ ၊ စပါး စတဲ့ ပရီးမီးယားလိဂ္ကလပ္အသင္းေတြဆီကေန ထုတ္ပယ္ျခင္းကိုခံခဲ့ရၿပီး အဂၤလန္ေဘာလုံးအသိုင္းအဝိုင္းမွာ သူ႔ရဲ႕ပုံရိပ္ေတြဟာ က်ဆင္းေနပါတယ္။ ဒါေပမဲ့ အင္တာမီလန္အသင္းနဲ႔အတူ ဖလားသုံးလုံးယူခဲ့ဖူးတဲ့ ေအာင္ေျမျဖစ္တဲ့ အီတလီ မွာေတာ့ သူ႔ရဲ႕ဂုဏ္သတင္းဟာ ေက်ာ္ၾကားေနဆဲပဲလို႔ ဆိုရမွာပါ။

ဒါေၾကာင့္မို႔ ဆုဖလားေအာင္ျမင္မႈနဲ႔ ႏွစ္ေပါင္းမ်ားစြာေဝးကြာေနတဲ့ ႐ိုးမားအသင္းက ေမာ္ရင္ဟို ကို လစာေငြအေျမာက္အမ်ားေပးကာ ေမွ်ာ္လင့္ခ်က္ႀကီးစြာနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ ေရာမၿမိဳကို ေမာ္ရင္ဟို ေရာက္လာတဲ့ေန႔က လာေရာက္ႀကိဳဆိုခဲ့ၾကတဲ့ ႐ိုးမား ပရိသတ္ေတြရဲ႕ ပုံရိပ္ေတြကိုျပန္ၾကည့္ရင္ ေအာင္ျမင္မႈေတြျပန္ရေအာင္ ေမာ္ရင္ဟို လုပ္ေပးႏိုင္မယ္လို႔ အခိုင္အမာယုံၾကည္ေနၾကတာကို ေတြ႕ရမွာပါ။

နည္းျပသစ္ေတြနဲ႔ အၿပိဳင္အဆိုင္ အားၿပိဳင္ၾကမယ့္ စီးရီးေအရာသီသစ္ဟာ ေစာင့္ၾကည့္ခ်င္စရာေကာင္းတဲ့ ၿပိဳင္ပြဲတခုျဖစ္ၿပီး ပရိသတ္ေတြကို အရင္ရာသီေတြနဲ႔ မတူတဲ့စိတ္လႈပ္ရွားဖြယ္ရာေတြကို ေပးစြမ္းႏိုင္အုန္းမွာေသခ်ာပါတယ္။