ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ နူနိုတာဗာရက်စ်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ချီးကျူးခဲ့တဲ့ အာတီတာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရိန်းဂျားစ်အသင်း နဲ့(၂-၂) သရေကျခဲ့တဲ့ပွဲမှာ အဆာင်နယ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ နူနိုတာဗာရက်စ်ရဲ့ ခြေစွမ်ကို အာတီတာကထုတ်ဖော်ချီးကျူးထားပါတယ်။

ဒီနွေရာသီအပြောင်းအရွှေ့မှာ တာဗာရက်စ်ကို ဘင်ဖီကာအသင်းကနေ ပေါင် ၈သန်း ဝန်းကျင်နဲ့ အာဆင်နယ်အသင်းက ခေါ်ယူခဲ့တာပါ။

ပွဲချိန် (၁၄)မိနစ်မှာ ရိန်းဂျားစ်အသင်းက ဦးဆောင်ဂိုးသွင်းယူခဲ့ပြီးနောက် (၉)မိနစ်အကြာမှာပဲ တာဗာရက်စ်က တစ်ကိုယ်တော်အစွမ်းနဲ့ အာဆင်နယ်အတွက် ချေပဂိုး ပြန်သွင်းပေးခဲ့တာကြောင့်

မီကယ် အာတီတာက နူနိုတာဗာရက်စ်အတွက် အကောင်းဆုံး ပွဲထွက်မှု ရခဲ့တယ်ဆိုပြီး ပြောခဲ့တာလည်းဖြစ်ပါတယ်။

အာတီတာက “နူနိုတာဗာရက်စ်ဟာ သူ့ရဲ့ ညာခြေ ထောက်ကန်ချက်နဲ့ ပွဲဦးထွက်မှာ အကောင်းဆုံး စတင်နိုင်ခဲ့ပါတယ်။ သူက ကျွန်တော်တို့နဲ့ ရက်အနည်းငယ်ပဲ ရှိနေသေးပေမဲ့

သူ့ရဲ့အရည်အချင်းတွေကိုတော့ ကောင်းကောင်း တွေ့မြင်နိုင်ပါတယ်”

“သူက အသင်းဖော်တွေနဲ့ အကောင်းဆုံး တွဲဖက်ကစား နိုင်ခဲ့တာကလည်း တကယ်ကိုအဆင်ပြေပါတယ်။ ဒါကြောင့် အသင်းနဲ့သူ့ရဲ့ စတင်မှုက အစကောင်းတစ်ခုပါပဲ”လို့ ပြောခဲ့ပါတယ်။

တာဗာရက်စ်ကလည်း ပွဲဦးထွက်မှာတင် အသင်းအပေါ် အကျိူးသက်ရောက်မှု ရှိစေခဲ့လို့ ဝမ်းသာနေကြောင်း ပြောခဲ့ပါတယ်။

တာဗာရက်စ်က“ အာဆင်နယ်အတွက် ကျွန်တော့်ရဲ့ပထမဆုံးဂိုးကို ကျွန်တော် အရမ်းသဘောကျမိပါတယ်။

ဒီအတွက်လည်း အရမ်း စိတ်လှုပ်ရှားခဲ့ရပါတယ်။

ဒီပွဲဟာ ကျွန်တော်တို့အသင်းအတွက် ပွဲကောင်း (၁)ပွဲဖြစ်ခဲ့ပြီး ဒီ ခြေစမ်းပွဲကနေ ပိုပြီး သင်ယူနိုင်ခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပြဲဦးထြက္မွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ ႏူႏိုတာဗာရက္စ္ရဲ႕ ေျခစြမ္းနဲ႔ ပတ္သက္ၿပီး ခ်ီးက်ဴးခဲ့တဲ့ အာတီတာ

ရိန္းဂ်ားစ္အသင္း နဲ႔(၂-၂) သေရက်ခဲ့တဲ့ပြဲမွာ အဆာင္နယ္အသင္းအတြက္ အဖြင့္ဂိုးသြင္းယူေပးခဲ့တဲ့ ႏူႏိုတာဗာရက္စ္ရဲ႕ ေျခစြမ္ကို အာတီတာကထုတ္ေဖာ္ခ်ီးက်ဴးထားပါတယ္။ ဒီေႏြရာသီအေျပာင္းအေ႐ႊ႕မွာ တာဗာရက္စ္ကို ဘင္ဖီကာအသင္းကေန ေပါင္ ၈သန္း ဝန္းက်င္နဲ႔ အာဆင္နယ္အသင္းက ေခၚယူခဲ့တာပါ။

ပြဲခ်ိန္ (၁၄)မိနစ္မွာ ရိန္းဂ်ားစ္အသင္းက ဦးေဆာင္ဂိုးသြင္းယူခဲ့ၿပီးေနာက္ (၉)မိနစ္အၾကာမွာပဲ တာဗာရက္စ္က တစ္ကိုယ္ေတာ္အစြမ္းနဲ႔ အာဆင္နယ္အတြက္ ေခ်ပဂိုး ျပန္သြင္းေပးခဲ့တာေၾကာင့္ မီကယ္ အာတီတာက ႏူႏိုတာဗာရက္စ္အတြက္ အေကာင္းဆုံး ပြဲထြက္မႈ ရခဲ့တယ္ဆိုၿပီး ေျပာခဲ့တာလည္းျဖစ္ပါတယ္။

အာတီတာက ” ႏူႏိုတာဗာရက္စ္ဟာ သူ႔ရဲ႕ ညာေျခ ေထာက္ကန္ခ်က္နဲ႔ ပြဲဦးထြက္မွာ အေကာင္းဆုံး စတင္ႏိုင္ခဲ့ပါတယ္။ သူက ကြၽန္ေတာ္တို႔နဲ႔ ရက္အနည္းငယ္ပဲ ရွိေနေသးေပမဲ့ သူ႔ရဲ႕အရည္အခ်င္းေတြကိုေတာ့ ေကာင္းေကာင္း ေတြ႕ျမင္ႏိုင္ပါတယ္”

“သူက အသင္းေဖာ္ေတြနဲ႔ အေကာင္းဆုံး တြဲဖက္ကစား ႏိုင္ခဲ့တာကလည္း တကယ္ကိုအဆင္ေျပပါတယ္။ ဒါေၾကာင့္ အသင္းနဲ႔သူ႔ရဲ႕ စတင္မႈက အစေကာင္းတစ္ခုပါပဲ”လို႔ ေျပာခဲ့ပါတယ္။

တာဗာရက္စ္ကလည္း ပြဲဦးထြက္မွာတင္ အသင္းအေပၚ အက်ိဴးသက္ေရာက္မႈ ရွိေစခဲ့လို႔ ဝမ္းသာေနေၾကာင္း ေျပာခဲ့ပါတယ္။

တာဗာရက္စ္က“ အာဆင္နယ္အတြက္ ကြၽန္ေတာ့္ရဲ႕ပထမဆုံးဂိုးကို ကြၽန္ေတာ္ အရမ္းသေဘာက်မိပါတယ္။ ဒီအတြက္လည္း အရမ္း စိတ္လႈပ္ရွားခဲ့ရပါတယ္။

ဒီပြဲဟာ ကြၽန္ေတာ္တို႔အသင္းအတြက္ ပြဲေကာင္း (၁)ပြဲျဖစ္ခဲ့ၿပီး ဒီ ေျခစမ္းပြဲကေန ပိုၿပီး သင္ယူႏိုင္ခဲ့ပါတယ္။” လို႔ ဆိုခဲ့ပါတယ္။