ပွဲဦးထွက်ချိန် ၆ မိနစ်အတွင်းမှာ ပထမဆုံး ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ကာမာဗင်ဂါ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ်ကြယ်ပွင့်ကာမာဗင်ဂါဟာ အသင်းသစ်ရီးရဲလ်မက်ဒရစ်အတွက် ဝင်ရောက်ကစားပေးပြီး ၆ မိနစ်အကြာမှာပဲ ဂိုးသွင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ရီးရဲလ်မက်ဒရစ်က ၅-၂ နဲ့ အနိုင်ရရှိခဲ့ပြီး ဘန်ဇီမာက ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့ပါတယ်။

လူစားဝင်ကစားပေးခဲ့တဲ့ ကာမာဗင်ဂါကတော့ ၆ မိနစ်ကြာမှာပဲ ရီးရဲလ်ကစားသမားဘဝ ပထမဆုံးဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက်(၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ ပြင်သစ်ကြယ်ပွင့် ဆယ်ကျော်သက် ကစားသမားလေး ကာမာဗင်ဂါဟာ လီဂူးကလပ် ရန်းစ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ အရည်အသွေးမြင့် ကွင်းလယ်လူတစ်ဦးဖြစ်ပြီး

ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာလည်း ယူနိုက်တက်၊ ချယ်လ်ဆီး၊ ပီအက်စ်ဂျီအသင်းတွေနဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဘာပေကို ခေါ်ယူဖို့အတွက် လက်လျှော့ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ဈေးကွက်ပိတ်သိမ်းခါနီးမှာ ကာမာဗင်ဂါကို ရန်းစ်ကနေ အရခေါ်ယူနိုင်ခဲ့ပါတယ်။

ကာမာဗင်ဂါဟာ ပွဲချိန် ၆၆ မိနစ်မှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး ၇၂ မိနစ်မှာ ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။

ဟာဇက်နေရာကို ကာမာဗင်ဂါဝင်ရာက်လာခဲ့တာဖြစ်ပြီး လူကာမိုဒရစ်ရဲ့ ကန်သွင်းချက်လျှံထွက်လာတာကို သူက ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

အဲဒီကောင်လေးဟာ ၁၉၃၂ နောက်ပိုင်း လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံရတဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပြီး ၃ ပွဲအထိ ကစားပေးထားပြီးဖြစ်ပါတယ်။

ရီးရဲလ်အတွက်တော့ နောက်ထပ်ပြင်သစ်ကြယ်ပွင့်တစ်ဦး ဘာနေဗျူးမှာ ထွန်းတောက်လာမှာကို ကြည့်ရှုရတော့မှာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi




