ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဘီယာ နဲ့ ကိုလာ တွေကို စိမ်ပြေနပြေ ထိုင်သောက်နေခဲ့တဲ့ ဘိုနူချီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အီတလီ ခံစစ်မှူး ဘိုနူချီ ဟာ အင်္ဂလန် ကို အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲမှာ အီတလီအတွက် ဟီးရိုးတယောက်ဖြစ်ခဲ့တယ်လို့ပြောရမှာပါ။

အဖိုးတန်ခြေပဂိုးတဂိုးကို ဒုတိယပိုင်းမှာ သွင်းယူပေးနိုင်ခဲ့သလို ပင်နယ်တီအဆုံးအဖြတ်ကန်ရာမှာလည်း အမှားအယွင်းမရှိ အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပါတယ်။

ပွဲအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဘိုနူချီ က စစချင်း ၁ မိနစ်လောက်ကို ခုံပေါ်မှာချထားပေးတဲ့ ကိုကာကိုလာ အအေးဘူးတွေနဲ့ Heineken ဘီယာပုလင်းတွေကို စိမ်ပြေနပြေနဲ့ထိုင်သောက်နေခဲ့ပါတယ်။

သူ့ရဲ့လုပ်ရပ်ကို ပရိသတ်တွေက သဘောကျနေကြပြီး လူမှုကွန်ယက်တွေမှာ လူပြောများတဲ့အကြောင်းအရာတခုဖြစ်နေပါတယ်။

ဒီနှစ် ယူရိုပြိုင်ပွဲအစပိုင်းတုန်းက ပေါ်တူဂီ နာမည်ကျော်ကစားသမား ရော်နယ်ဒို စတင်လိုက်တဲ့ ကိုကာကိုလာ အချိုရည်ကိစ္စနဲ့ ပေါ့ဘာစတင်ခဲ့တဲ့ Heineken ဘီယာ ကိစ္စတို့ဟာ ပြိုင်ပွဲပြီးဆုံးခဲ့တဲ့အချိန်မှာလည်း ဘိုနူချီ ကြောင့် တဖန်ပြန်လည်ပြီး လူပြောများလာခဲ့ပါပြီ။

အရင်တခေါက်က ကိုလာကိုလာ ကုမ္ပဏီ က ဘီလျံနဲ့ချီပြီး အရှုံးပေါ်ခဲ့ပေမဲ့ Heineken ကတော့ အမြတ်ထွက်ခဲ့ဖူးပါတယ်။

ဒီတခေါက်မှာတော့ ဘိုနူချီ ကြောင့် ကုမ္ပဏီ ၂ ခုလုံးက အမြတ်ထွက်ဖို့ပဲ ရှိတယ်လို့ဆိုနိုင်ပါတယ်။

ဒါ့အပြင် ပင်နယ်တီ အဆုံးအဖြတ်မှာ အီတလီအသင်း အနိုင်ရသွားခဲ့ချိန် ရုပ်သံကင်မရာကို ကို ကိုင်ပြီး အင်္ဂလန် ပရိသတ်တွေကို လှောင်ပြောင်တဲ့အနေနဲ့

“ It’s coming Rome “ လို့ ကြွေးကြော်ခဲ့တဲ့ ဘိုနူချီ ရဲ့ လုပ်ရပ်ဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားကာ လူပြောများနေခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ဘီယာ နဲ႔ ကိုလာ ေတြကို စိမ္ေျပနေျပ ထိုင္ေသာက္ေနခဲ့တဲ့ ဘိုႏူခ်ီ

အီတလီ ခံစစ္မႉး ဘိုႏူခ်ီ ဟာ အဂၤလန္ ကို အႏိုင္ရခဲ့တဲ့ ဗိုလ္လုပြဲမွာ အီတလီအတြက္ ဟီး႐ိုးတေယာက္ျဖစ္ခဲ့တယ္လို႔ေျပာရမွာပါ။ အဖိုးတန္ေျခပဂိုးတဂိုးကို ဒုတိယပိုင္းမွာ သြင္းယူေပးႏိုင္ခဲ့သလို ပင္နယ္တီအဆုံးအျဖတ္ကန္ရာမွာလည္း အမွားအယြင္းမရွိ အေကာင္းဆုံးအဆုံးသတ္ႏိုင္ခဲ့ပါတယ္။

ပြဲအၿပီးျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ဘိုႏူခ်ီ က စစခ်င္း ၁ မိနစ္ေလာက္ကို ခုံေပၚမွာခ်ထားေပးတဲ့ ကိုကာကိုလာ အေအးဘူးေတြနဲ႔ Heineken ဘီယာပုလင္းေတြကို စိမ္ေျပနေျပနဲ႔ထိုင္ေသာက္ေနခဲ့ပါတယ္။ သူ႔ရဲ႕လုပ္ရပ္ကို ပရိသတ္ေတြက သေဘာက်ေနၾကၿပီး လူမႈကြန္ယက္ေတြမွာ လူေျပာမ်ားတဲ့အေၾကာင္းအရာတခုျဖစ္ေနပါတယ္။

ဒီႏွစ္ ယူ႐ိုၿပိဳင္ပြဲအစပိုင္းတုန္းက ေပၚတူဂီ နာမည္ေက်ာ္ကစားသမား ေရာ္နယ္ဒို စတင္လိုက္တဲ့ ကိုကာကိုလာ အခ်ိဳရည္ကိစၥနဲ႔ ေပါ့ဘာစတင္ခဲ့တဲ့ Heineken ဘီယာ ကိစၥတို႔ဟာ ၿပိဳင္ပြဲၿပီးဆုံးခဲ့တဲ့အခ်ိန္မွာလည္း ဘိုႏူခ်ီ ေၾကာင့္ တဖန္ျပန္လည္ၿပီး လူေျပာမ်ားလာခဲ့ပါၿပီ။

အရင္တေခါက္က ကိုလာကိုလာ ကုမၸဏီ က ဘီလ်ံနဲ႔ခ်ီၿပီး အရႈံးေပၚခဲ့ေပမဲ့ Heineken ကေတာ့ အျမတ္ထြက္ခဲ့ဖူးပါတယ္။ ဒီတေခါက္မွာေတာ့ ဘိုႏူခ်ီ ေၾကာင့္ ကုမၸဏီ ၂ ခုလုံးက အျမတ္ထြက္ဖို႔ပဲ ရွိတယ္လို႔ဆိုႏိုင္ပါတယ္။

ဒါ့အျပင္ ပင္နယ္တီ အဆုံးအျဖတ္မွာ အီတလီအသင္း အႏိုင္ရသြားခဲ့ခ်ိန္ ႐ုပ္သံကင္မရာကို ကို ကိုင္ၿပီး အဂၤလန္ ပရိသတ္ေတြကို ေလွာင္ေျပာင္တဲ့အေနနဲ႔ “ It’s coming Rome “ လို႔ ေႂကြးေၾကာ္ခဲ့တဲ့ ဘိုႏူခ်ီ ရဲ႕ လုပ္ရပ္ဟာလည္း ပရိသတ္ေတြၾကားမွာ ေရပန္းစားကာ လူေျပာမ်ားေနခဲ့ပါတယ္။