ပွဲအပြီးမှာ ယာဂန်ကလော့ပ်နဲ့လက်ဆွဲနှုတ်ဆက်ဖို့ ထပ်မံငြင်းဆန်ခဲ့တဲ့ ဆီမြွန်နီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်သလက်တီကိုအသင်းနည်းပြဆီမြွန်နီဟာ လီဗာပူးလ်ကို(၂-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ချန်ပီယံလိဂ်ပွဲအပြီးမှာ ယာဂန်ကလော့ပ်ကို လက်ဆွဲနှုတ်ဆက်ဖို့ နောက်တစ်ကြိမ်ထပ်ပြီးပျက်ကွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက အိမ်ကွင်းမှာ လီဗာပူးလ်အသင်းကို(၃-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ဆီမြွန်နီက ဘယ်သူ့ကိုမှ မနှုတ်ဆက်ဘဲနဲ့

အဝတ်လဲခန်းထဲကို ပြေးဝင်သွားခဲ့သလို သူက ပွဲအပြီးနည်းပြအချင်းချင်းလက်ဆွဲနှုတ်ဆက်တာမျိုးကို မကြိုက်ဘူးလို့ပြောဆိုခဲ့ဖူးပါတယ်။

ဆီမြွန်နီက “ပွဲပြီးတဲ့အခါ နည်းပြအချင်းချင်းလက်ဆွဲနှုတ်ဆက်တာမျိုး ကျွန်တော်မကြိုက်ပါဘူး။

နိုင်တဲ့သူဘက်ကပဲဖြစ်ဖြစ်၊ ရှုံးတဲ့သူဘက်ပဲဖြစ်ဖြစ်ကြည့်ရင် ဒါက ဘာမှအကျိုးမရှိတဲ့အပြုအမူလို့ ကျွန်တော်မြင်ပါတယ်။

ဒါပေမဲ့ နောက်တစ်ခါ ကလော့ပ်နဲ့ဆုံရင်တော့ ကျွန်တော်လက်ဆွဲနှုတ်ဆက်ဖြစ်ပါလိမ့်မယ်”ဆိုပြီးပြောကြားခဲ့တာပါ။

ဒါပေမဲ့ ဆီမြွန်နီဟာ ဒုတိယအကျော့အဖြစ် အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်ကို(၂-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ယာဂန်ကလော့ပ်ကို လက်ဆွဲနှုတ်ဆက်တာမျိုးမလုပ်ခဲ့ဘဲ

ယာဂန်ကလော့ပ်က နိုင်ပွဲအတွက် သူ့ကစားသမားတွေကို ဂုဏ်ပြုနှုတ်ဆက်နေချိန်မှာ ဆီမြွန်နီကတော့ မျက်နှာတည်ကြီးနဲ့ကွင်းဘေးစည်းမှာ မတ်တပ်ရပ်နေပြီး မကြာခင်မှာပဲအဝတ်လဲခန်းထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ယာဂန်ကလော့ပ်ကတော့ ဒီတစ်ကြိမ်မှာ ဆီမြွန်နီရဲ့အပြုအမူကို အပြစ်မတင်တော့ဘဲ ဘာမှပြဿနာမရှိဘူးလို့ ပွဲအပြီးအင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။

ယာဂန်ကလော့ပ်က “မက်ဒရစ်မှာကစားခဲ့တဲ့ပထမပွဲတုန်းက ကျွန်တော့်ရဲ့အပြုအမူတချို့က သဘောကျစရာမကောင်းခဲ့ပါဘူး။

အမှားလုပ်တယ်ဆိုတာက ပြဿနာမဟုတ်ဘဲ အဲဒီအမှားကနေ သင်ခန်းစာယူရမှာဖြစ်ပါတယ်။

ကျွန်တော်ကတော့ ကိုယ့်အမှားအတွက် သင်ခန်းစာယူခဲ့ပြီး ဆီမြွန်နီ ကျွန်တော်နဲ့လက်ဆွဲမနှုတ်ဆက်ချင်လည်း ဒါကပြဿနာမရှိပါဘူး”လို့ဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပထမပိုင်းမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဒီယိုဂိုဂျိုတာ၊ မာနေးတို့သွင်းယူခဲ့တဲ့ဂိုးတွေနဲ့ အက်သလက်တီကိုအသင်းကို နှစ်ပွဲဆက်တိုက်အနိုင်ရခဲ့ပြီး

ပထမအကျော့တုန်းက ဂရစ်ဇ်မန်းတိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရသလို အခုပွဲမှာလည်း အက်သလက်တီကိုနောက်ခံလူဖိလစ်ပီဟာ မာနေးကို အသားလွတ်လူချခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရပြန်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ချန်ပီယံလိဂ်(၄)ပွဲကစား၊ (၄)ပွဲနိုင်နဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်ခွင့်ရရှိခဲ့ပြီဖြစ်ပေမယ့်

အက်သလက်တီကိုအသင်းကတော့ (၄)မှတ်သာရထားတဲ့အတွက် လက်ကျန်(၂)ပွဲမှာ ဆက်လက်ရုန်းကန်ရဦးမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပြဲအၿပီးမွာ ယာဂန္ကေလာ့ပ္နဲ႔လက္ဆြဲႏႈတ္ဆက္ဖို႔ ထပ္မံျငင္းဆန္ခဲ့တဲ့ ဆီႁမြန္နီ

အက္သလက္တီကိုအသင္းနည္းျပဆီႁမြန္နီဟာ လီဗာပူးလ္ကို(၂-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲအၿပီးမွာ ယာဂန္ကေလာ့ပ္ကို လက္ဆြဲႏႈတ္ဆက္ဖို႔ ေနာက္တစ္ႀကိမ္ထပ္ၿပီးပ်က္ကြက္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းက အိမ္ကြင္းမွာ လီဗာပူးလ္အသင္းကို(၃-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီး ဆီႁမြန္နီက ဘယ္သူ႔ကိုမွ မႏႈတ္ဆက္ဘဲနဲ႔ အဝတ္လဲခန္းထဲကို ေျပးဝင္သြားခဲ့သလို သူက ပြဲအၿပီးနည္းျပအခ်င္းခ်င္းလက္ဆြဲႏႈတ္ဆက္တာမ်ိဳးကို မႀကိဳက္ဘူးလို႔ေျပာဆိုခဲ့ဖူးပါတယ္။

ဆီႁမြန္နီက “ပြဲၿပီးတဲ့အခါ နည္းျပအခ်င္းခ်င္းလက္ဆြဲႏႈတ္ဆက္တာမ်ိဳး ကြၽန္ေတာ္မႀကိဳက္ပါဘူး။ ႏိုင္တဲ့သူဘက္ကပဲျဖစ္ျဖစ္၊ ရႈံးတဲ့သူဘက္ပဲျဖစ္ျဖစ္ၾကည့္ရင္ ဒါက ဘာမွအက်ိဳးမရွိတဲ့အျပဳအမူလို႔ ကြၽန္ေတာ္ျမင္ပါတယ္။ ဒါေပမဲ့ ေနာက္တစ္ခါ ကေလာ့ပ္နဲ႔ဆုံရင္ေတာ့ ကြၽန္ေတာ္လက္ဆြဲႏႈတ္ဆက္ျဖစ္ပါလိမ့္မယ္”ဆိုၿပီးေျပာၾကားခဲ့တာပါ။

ဒါေပမဲ့ ဆီႁမြန္နီဟာ ဒုတိယအေက်ာ့အျဖစ္ အန္ဖီးလ္ကြင္းမွာ လီဗာပူးလ္ကို(၂-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ ယာဂန္ကေလာ့ပ္ကို လက္ဆြဲႏႈတ္ဆက္တာမ်ိဳးမလုပ္ခဲ့ဘဲ ယာဂန္ကေလာ့ပ္က ႏိုင္ပြဲအတြက္ သူ႔ကစားသမားေတြကို ဂုဏ္ျပဳႏႈတ္ဆက္ေနခ်ိန္မွာ ဆီႁမြန္နီကေတာ့ မ်က္ႏွာတည္ႀကီးနဲ႔ကြင္းေဘးစည္းမွာ မတ္တပ္ရပ္ေနၿပီး မၾကာခင္မွာပဲအဝတ္လဲခန္းထဲကို ဝင္သြားခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ ယာဂန္ကေလာ့ပ္ကေတာ့ ဒီတစ္ႀကိမ္မွာ ဆီႁမြန္နီရဲ႕အျပဳအမူကို အျပစ္မတင္ေတာ့ဘဲ ဘာမွျပႆနာမရွိဘူးလို႔ ပြဲအၿပီးအင္တာဗ်ဴးမွာေျဖၾကားခဲ့ပါတယ္။ ယာဂန္ကေလာ့ပ္က “မက္ဒရစ္မွာကစားခဲ့တဲ့ပထမပြဲတုန္းက ကြၽန္ေတာ့္ရဲ႕အျပဳအမူတခ်ိဳ႕က သေဘာက်စရာမေကာင္းခဲ့ပါဘူး။ အမွားလုပ္တယ္ဆိုတာက ျပႆနာမဟုတ္ဘဲ အဲဒီအမွားကေန သင္ခန္းစာယူရမွာျဖစ္ပါတယ္။

ကြၽန္ေတာ္ကေတာ့ ကိုယ့္အမွားအတြက္ သင္ခန္းစာယူခဲ့ၿပီး ဆီႁမြန္နီ ကြၽန္ေတာ္နဲ႔လက္ဆြဲမႏႈတ္ဆက္ခ်င္လည္း ဒါကျပႆနာမရွိပါဘူး”လို႔ဆိုခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ ပထမပိုင္းမွာ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ဒီယိုဂိုဂ်ိဳတာ၊ မာေနးတို႔သြင္းယူခဲ့တဲ့ဂိုးေတြနဲ႔ အက္သလက္တီကိုအသင္းကို ႏွစ္ပြဲဆက္တိုက္အႏိုင္ရခဲ့ၿပီး ပထမအေက်ာ့တုန္းက ဂရစ္ဇ္မန္းတိုက္႐ိုက္အနီကတ္နဲ႔အထုတ္ခံခဲ့ရသလို အခုပြဲမွာလည္း အက္သလက္တီကိုေနာက္ခံလူဖိလစ္ပီဟာ မာေနးကို အသားလြတ္လူခ်ခဲ့တာေၾကာင့္ တိုက္႐ိုက္အနီကတ္နဲ႔အထုတ္ခံခဲ့ရျပန္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္(၄)ပြဲကစား၊ (၄)ပြဲႏိုင္နဲ႔ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ခြင့္ရရွိခဲ့ၿပီျဖစ္ေပမယ့္ အက္သလက္တီကိုအသင္းကေတာ့ (၄)မွတ္သာရထားတဲ့အတြက္ လက္က်န္(၂)ပြဲမွာ ဆက္လက္႐ုန္းကန္ရဦးမွာျဖစ္ပါတယ္။