ပွဲအပြီးမှာ ယာဂန်ကလော့ပ်နဲ့ လက်ဆွဲနှုတ်မဆက်ခဲ့ရတဲ့အကြောင်းရင်းကို ဆီမြွန်နီရှင်းလင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်သလက်တီကိုအသင်းနည်းပြဆီမြွန်နီက လီဗာပူးလ်နဲ့ပွဲအပြီးမှာ နည်းပြယာဂန်ကလော့ပ်နဲ့လက်ဆွဲနှုတ်မဆက်ဘဲ

အဝတ်လဲခန်းထဲဝင်သွားတာက ယာဂန်ကလော့ပ်ကို စော်ကားလိုတဲ့သဘောမျိုးမဟုတ်ဘူးလို့ရှင်းလင်းပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်နဲ့ပွဲမှာ အက်သလက်တီကိုအသင်းဟာ ဦးဆောင်ဂိုးတွေပေးခဲ့ရပြီးမှ ချေပဂိုးတွေပြန်သွင်းယူခဲ့တာကြောင့် (၂-၂)ဂိုးစီသရေကျခဲ့ပေမယ့်

ဆာလာရဲ့ပယ်နယ်တီဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ပွဲအပြီးမှာ ဆီမြွန်နီဟာ ယာဂန်ကလော့ပ်ကို လက်ဆွဲနှုတ်ဆက်တာမျိုးမလုပ်ဘဲ အဝတ်လဲခန်းထဲပြေးဝင်သွားတာဖြစ်ပါတယ်။

ဆီမြွန်နီရဲ့လုပ်ရပ်ကြောင့် ယာဂန်ကလော့ပ်တစ်ယောက်မကျေမနပ်ဖြစ်ခဲ့ပြီး ပွဲအပြီးအင်တာဗျူးမှာ ဆီမြွန်နီရဲ့အပြုအမူအပေါ့်ဝေဖန်ပြောဆိုခဲ့ပါတယ်။

သတင်းတချို့ကတော့ ဆီမြွန်နီဟာ ဂရစ်ဇ်မန်းကို ဒိုင်လူကြီးက အနီကတ်နဲ့ထုတ်ပယ်ခဲ့တာနဲ့ သူတို့အသင်းရသင့်တဲ့ပယ်နယ်တီကို မပေးခဲ့တာကြောင့်

ဒေါသပေါက်ကွဲပြီး ပွဲပြီးပြီးချင်းမှာ အဝတ်လဲခန်းထဲဝင်သွားတာဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

ဒါပေမဲ့ ဆီမြွန်နီက ယာဂန်ကလော့ပ်ကို နှုတ်မဆက်ခဲ့တာက ပုဂ္ဂိုလ်ရေးခံစားချက်ကြောင့်မဟုတ်ဘဲ သူက ပွဲအပြီးမှာ ဘယ်သူနဲ့မှလက်ဆွဲနှုတ်ဆက်လေ့မရှိဘူးဆိုပြီးတော့ ဖြေရှင်းခဲ့ပါတယ်။

ဆီမြွန်နီက “ကျွန်တော်က ပွဲတစ်ပွဲပြီးသွားရင် ပြိုင်ဘက်နည်းပြနဲ့လက်ဆွဲနှုတ်ဆက်တာမျိုး ဘယ်တော့မှမလုပ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီအပြုအမူကို ကျွန်တော်သဘောမကျလို့ပါ။

နိုင်တဲ့ဘက်ကပဲဖြစ်ဖြစ်၊ ရှုံးတဲ့ဘက်ကပဲဖြစ်ဖြစ် ပွဲအပြီးလက်ဆွဲနှုတ်ဆက်တာက ဘယ်သူ့အတွက်မှအကျိုးမရှိဘူးလို့ ကျွန်တော်ယူဆပါတယ်။

ဒါပေမဲ့ နောက်တစ်ခါ ယာဂန်ကလော့ပ်နဲ့ပြန်ဆုံရင်တော့ ဘာမှပြဿနာမရှိဘဲ သူနဲ့လက်ဆွဲနှုတ်ဆက်ဖြစ်ပါလိမ့်မယ်”လို့ပြောကြားခဲ့ပါတယ်။

အက်သလက်တီကိုအသင်းဟာ အခုပွဲမတိုင်ခင် လီဗာပူးလ်အသင်းနဲ့ဆုံတွေ့ခဲ့တဲ့ အိမ်ကွင်း(၃)ပွဲမှာ တစ်ပွဲမှမရှုံးခဲ့ဘဲ (၂)ပွဲနိုင်၊ (၁)ပွဲသရေကျခဲ့ပြီး အခုပွဲမှပထမဆုံးအကြိမ်အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပြဲအၿပီးမွာ ယာဂန္ကေလာ့ပ္နဲ႔ လက္ဆြဲႏႈတ္မဆက္ခဲ့ရတဲ့အေၾကာင္းရင္းကို ဆီႁမြန္နီရွင္းလင္း

အက္သလက္တီကိုအသင္းနည္းျပဆီႁမြန္နီက လီဗာပူးလ္နဲ႔ပြဲအၿပီးမွာ နည္းျပယာဂန္ကေလာ့ပ္နဲ႔လက္ဆြဲႏႈတ္မဆက္ဘဲ အဝတ္လဲခန္းထဲဝင္သြားတာက ယာဂန္ကေလာ့ပ္ကို ေစာ္ကားလိုတဲ့သေဘာမ်ိဳးမဟုတ္ဘူးလို႔ရွင္းလင္းေျပာဆိုလိုက္ပါတယ္။

လီဗာပူးလ္နဲ႔ပြဲမွာ အက္သလက္တီကိုအသင္းဟာ ဦးေဆာင္ဂိုးေတြေပးခဲ့ရၿပီးမွ ေခ်ပဂိုးေတြျပန္သြင္းယူခဲ့တာေၾကာင့္ (၂-၂)ဂိုးစီသေရက်ခဲ့ေပမယ့္ ဆာလာရဲ႕ပယ္နယ္တီဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ပြဲအၿပီးမွာ ဆီႁမြန္နီဟာ ယာဂန္ကေလာ့ပ္ကို လက္ဆြဲႏႈတ္ဆက္တာမ်ိဳးမလုပ္ဘဲ အဝတ္လဲခန္းထဲေျပးဝင္သြားတာျဖစ္ပါတယ္။

ဆီႁမြန္နီရဲ႕လုပ္ရပ္ေၾကာင့္ ယာဂန္ကေလာ့ပ္တစ္ေယာက္မေက်မနပ္ျဖစ္ခဲ့ၿပီး ပြဲအၿပီးအင္တာဗ်ဴးမွာ ဆီႁမြန္နီရဲ႕အျပဳအမူအေပါ့္ေဝဖန္ေျပာဆိုခဲ့ပါတယ္။ သတင္းတခ်ိဳ႕ကေတာ့ ဆီႁမြန္နီဟာ ဂရစ္ဇ္မန္းကို ဒိုင္လူႀကီးက အနီကတ္နဲ႔ထုတ္ပယ္ခဲ့တာနဲ႔ သူတို႔အသင္းရသင့္တဲ့ပယ္နယ္တီကို မေပးခဲ့တာေၾကာင့္ ေဒါသေပါက္ကြဲၿပီး ပြဲၿပီးၿပီးခ်င္းမွာ အဝတ္လဲခန္းထဲဝင္သြားတာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ၾကပါတယ္။

ဒါေပမဲ့ ဆီႁမြန္နီက ယာဂန္ကေလာ့ပ္ကို ႏႈတ္မဆက္ခဲ့တာက ပုဂၢိဳလ္ေရးခံစားခ်က္ေၾကာင့္မဟုတ္ဘဲ သူက ပြဲအၿပီးမွာ ဘယ္သူနဲ႔မွလက္ဆြဲႏႈတ္ဆက္ေလ့မရွိဘူးဆိုၿပီးေတာ့ ေျဖရွင္းခဲ့ပါတယ္။ ဆီႁမြန္နီက “ကြၽန္ေတာ္က ပြဲတစ္ပြဲၿပီးသြားရင္ ၿပိဳင္ဘက္နည္းျပနဲ႔လက္ဆြဲႏႈတ္ဆက္တာမ်ိဳး ဘယ္ေတာ့မွမလုပ္ပါဘူး။

ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီအျပဳအမူကို ကြၽန္ေတာ္သေဘာမက်လို႔ပါ။ ႏိုင္တဲ့ဘက္ကပဲျဖစ္ျဖစ္၊ ရႈံးတဲ့ဘက္ကပဲျဖစ္ျဖစ္ ပြဲအၿပီးလက္ဆြဲႏႈတ္ဆက္တာက ဘယ္သူ႔အတြက္မွအက်ိဳးမရွိဘူးလို႔ ကြၽန္ေတာ္ယူဆပါတယ္။ ဒါေပမဲ့ ေနာက္တစ္ခါ ယာဂန္ကေလာ့ပ္နဲ႔ျပန္ဆုံရင္ေတာ့ ဘာမွျပႆနာမရွိဘဲ သူနဲ႔လက္ဆြဲႏႈတ္ဆက္ျဖစ္ပါလိမ့္မယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အက္သလက္တီကိုအသင္းဟာ အခုပြဲမတိုင္ခင္ လီဗာပူးလ္အသင္းနဲ႔ဆုံေတြ႕ခဲ့တဲ့ အိမ္ကြင္း(၃)ပြဲမွာ တစ္ပြဲမွမရႈံးခဲ့ဘဲ (၂)ပြဲႏိုင္၊ (၁)ပြဲသေရက်ခဲ့ၿပီး အခုပြဲမွပထမဆုံးအႀကိမ္အရႈံးေပးခဲ့ရတာျဖစ္ပါတယ္။