
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘောလုံးပွဲပြီးရင် နှစ်ဖက်ကစားသမားတွေ ကွင်းထဲမှာ ဂျာစီအကျီလာလေ့ရှိတာ ပွဲတွေမှာ မြင်တွေ့နေကျ မြင်ကွင်းမျိုးပါ။
ဒါပေမယ့် ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါ နောက်ဆုံးရာသီပိတ်ပွဲစဉ်မှာတော့ ထူးခြားမှုတစ်ခုဖြစ်သွားခဲ့ပါတယ်။
အဲ့ဒါကတော့ ဘောလုံးပွဲအပြီးမှာ ကစားသမားနဲ့ ဒိုင်လူကြီး အကျီ၈ျာစီချင်း လဲလှယ်ခဲ့တာပါပဲ။
ဂျာမန်နာမည်ကျော် ကွင်းလယ်ဒိုင်လူကြီး ဂရာဖီ ကတော့ သူ့ရဲ့ဒိုင်လူကြီးဘဝ နောက်ဆုံးပွဲစဉ်အဖြစ် မနေ့က ကစားခဲ့တဲ့ ဒေါ့မွန် နဲ့ လေဗာကူဆင် ပွဲစဉ်ကို ကိုင်တွယ်ခဲ့ပါတယ်။
ဒီပွဲမှာ ဒေါ့မွန် အသင်းက လေဗာကူဆင် အသင်းကို (၃ -၁)နဲ့ အနိုင်ရရှိခဲ့ပြီး ဒေါ့မွန် အသင်းအတွက် ဂိုးတွေကို ဟာလန်း က ၂ဂိုး၊ မာကိုရူးစ် က ၁ဂိုး သွင်းယူခဲ့သလို လေဗာကူဆင် အတွက် ချေပဂိုး၁ဂိုးကို ဘန်ဒါ က သွင်းယူခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ နှစ်ဖက်အသင်းသားတွေ အပြန်အလှန်နှုတ်ဆက်ခဲ့ကြနေတဲ့ အချိန်မှာ ကွင်းလယ်ဒိုင်လူကြီး ဂရာဖီက ဟာလန်း နဲ့ ဂျာစီချင်းလဲသွားခဲ့တာဖြစ်ပါတယ်။
ဂရာဖီ ဟာ သူ့ရဲ့နောက်ဆုံးပွဲစဉ်မှာ ဥရောပအသင်းကြီးတွေရဲ့ ခေါ်ယူဖို့ မျက်စိကျနေတဲ့ ဟာလန်းနဲ့ ဂျာစီချင်းလဲသွားခဲ့တာပါ။
ဟာလန်းဟာ ဂရာဖီ နဲ့ ဂျာစီချင်းလဲအပြီးမှာ သူ့ရဲ့ဒိုင်လူကြီး ဂျာစီဝတ်ဆင်ကာ ဂရာဖီတို့ ဒိုင်လူကြီး အဖွဲ့ဝင်တွေနဲ့ စုပေါင်းပြီး ဓါတ်ပုံတွဲရိုက်ခဲ့ပါတယ်။
ဒါ့အပြင် ဒေါ့မန်ကစားသမားတွေမှာ ဂရာဖီကို ဂုဏ်ပြုတဲ့အနေနဲ့ Guard of Honor ပုံစံ မတ်တပ်ရပ် လက်ခုပ်တီးပေးခဲ့ကြပါတယ်။
အသက် ၄၇နှစ် ရှိပြီဖြစ်တဲ့ ဂရာဖီ ဟာ ၁၉၉၉ က စတင်ပြီး ဂျာမန်ဘောလုံးအဖွဲ့ချုပ်မှာ ဒိုင်လူကြီးတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
၂၀၀၁ မှာတော့ ဘွန်ဒစ်လီဂါ ဒုတိယတန်းမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၄ မှာ ဘွန်ဒစ်လီဂါမှာ စတင်တာဝန်ယူကိုင်တွယ်ခဲ့တာပါ။
ဂရာဖီ ဟာ ဖီဖာမှာလည်း ၂၀၀၇ ကနေ ၂၀၁၈ ထိ တာဝန်ယူခဲ့တာဖြစ်ပါတယ်။
ဟာလန်းဟာ ဒီရာသီမှာ ဒေါ့မွန် အသင်းအတွက် ခြေစွမ်းပြသနေတာကြောင့် အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်ခဲ့ပြီး ဒေါ့မွန် အသင်းကတော့ သူ့ကို ဆက်ထိန်းသိမ်းနိုင်ဖို့ယုံကြည်နေဆဲပါ။
ဒီရာသီမှာ ဟာလန်းက ဒေါ့မွန် အသင်းအတွက် ပြိုင်ပွဲစုံ ၄၁ပွဲပါဝင်ကစားပြီး ၄၁ဂိုး သွင်းယူနိုင်ခဲ့တဲ့အတွက် ၁ပွဲ ၁ဂိုးနှုန်း ရှိပါတယ်။
ဟာလန်း ဟာ ဒေါ့မွန် အသင်းနဲ့အတူ ဒီရာသီမှာ ပိုကယ်ဖလား ရယူနိုင်ခဲ့ပြီး သူ့အတွက် ပထမဆုံး ဆုဖလားလည်း ဖြစ်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ပြဲအၿပီးမွာ ကြင္းလယ္ဒိုင္လူႀကီးနဲ႔ အက်ီဂ်ာစီခ်င္း လဲခဲ့တဲ့ ဟာလန္း
ေဘာလုံးပြဲၿပီးရင္ ႏွစ္ဖက္ကစားသမားေတြ ကြင္းထဲမွာ ဂ်ာစီအက်ီလာေလ့ရွိတာ ပြဲေတြမွာ ျမင္ေတြ႕ေနက် ျမင္ကြင္းမ်ိဳးပါ။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ဘြန္ဒက္စ္လီဂါ ေနာက္ဆုံးရာသီပိတ္ပြဲစဥ္မွာေတာ့ ထူးျခားမႈတစ္ခုျဖစ္သြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ ေဘာလုံးပြဲအၿပီးမွာ ကစားသမားနဲ႔ ဒိုင္လူႀကီး အက်ီ၈်ာစီခ်င္း လဲလွယ္ခဲ့တာပါပဲ။
ဂ်ာမန္နာမည္ေက်ာ္ ကြင္းလယ္ဒိုင္လူႀကီး ဂရာဖီ ကေတာ့ သူ႔ရဲ႕ဒိုင္လူႀကီးဘဝ ေနာက္ဆုံးပြဲစဥ္အျဖစ္ မေန႔က ကစားခဲ့တဲ့ ေဒါ့မြန္ နဲ႔ ေလဗာကူဆင္ ပြဲစဥ္ကို ကိုင္တြယ္ခဲ့ပါတယ္။ ဒီပြဲမွာ ေဒါ့မြန္ အသင္းက ေလဗာကူဆင္ အသင္းကို (၃ -၁)နဲ႔ အႏိုင္ရရွိခဲ့ၿပီး ေဒါ့မြန္ အသင္းအတြက္ ဂိုးေတြကို ဟာလန္း က ၂ဂိုး၊ မာကို႐ူးစ္ က
၁ဂိုး သြင္းယူခဲ့သလို ေလဗာကူဆင္ အတြက္ ေခ်ပဂိုး၁ဂိုးကို ဘန္ဒါ က သြင္းယူခဲ့တာျဖစ္ပါတယ္။
ပြဲအၿပီးမွာ ႏွစ္ဖက္အသင္းသားေတြ အျပန္အလွန္ႏႈတ္ဆက္ခဲ့ၾကေနတဲ့ အခ်ိန္မွာ ကြင္းလယ္ဒိုင္လူႀကီး ဂရာဖီက ဟာလန္း နဲ႔ ဂ်ာစီခ်င္းလဲသြားခဲ့တာျဖစ္ပါတယ္။ ဂရာဖီ ဟာ သူ႔ရဲ႕ေနာက္ဆုံးပြဲစဥ္မွာ ဥေရာပအသင္းႀကီးေတြရဲ႕ ေခၚယူဖို႔ မ်က္စိက်ေနတဲ့ ဟာလန္းနဲ႔ ဂ်ာစီခ်င္းလဲသြားခဲ့တာပါ။ ဟာလန္းဟာ ဂရာဖီ နဲ႔ ဂ်ာစီခ်င္းလဲအၿပီးမွာ သူ႔ရဲ႕ဒိုင္လူႀကီး ဂ်ာစီဝတ္ဆင္ကာ ဂရာဖီတို႔ ဒိုင္လူႀကီး အဖြဲ႕ဝင္ေတြနဲ႔ စုေပါင္းၿပီး ဓါတ္ပုံတြဲ႐ိုက္ခဲ့ပါတယ္။ ဒါ့အျပင္ ေဒါ့မန္ကစားသမားေတြမွာ ဂရာဖီကို ဂုဏ္ျပဳတဲ့အေနနဲ႔ Guard of Honor ပုံစံ မတ္တပ္ရပ္ လက္ခုပ္တီးေပးခဲ့ၾကပါတယ္။
အသက္ ၄၇ႏွစ္ ရွိၿပီျဖစ္တဲ့ ဂရာဖီ ဟာ ၁၉၉၉ က စတင္ၿပီး ဂ်ာမန္ေဘာလုံးအဖြဲ႕ခ်ဳပ္မွာ ဒိုင္လူႀကီးတာဝန္ထမ္းေဆာင္ခဲ့တာျဖစ္ပါတယ္။ ၂၀၀၁ မွာေတာ့ ဘြန္ဒစ္လီဂါ ဒုတိယတန္းမွာ စတင္တာဝန္ထမ္းေဆာင္ခဲ့ၿပီး ၂၀၀၄ မွာ ဘြန္ဒစ္လီဂါမွာ စတင္တာဝန္ယူကိုင္တြယ္ခဲ့တာပါ။ ဂရာဖီ ဟာ ဖီဖာမွာလည္း ၂၀၀၇ ကေန ၂၀၁၈ ထိ
တာဝန္ယူခဲ့တာျဖစ္ပါတယ္။
ဟာလန္းဟာ ဒီရာသီမွာ ေဒါ့မြန္ အသင္းအတြက္ ေျခစြမ္းျပသေနတာေၾကာင့္ အသင္းႀကီးေတြရဲ႕ပစ္မွတ္ျဖစ္ခဲ့ၿပီး ေဒါ့မြန္ အသင္းကေတာ့ သူ႔ကို ဆက္ထိန္းသိမ္းႏိုင္ဖို႔ယုံၾကည္ေနဆဲပါ။ ဒီရာသီမွာ ဟာလန္းက ေဒါ့မြန္ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၄၁ပြဲပါဝင္ကစားၿပီး ၄၁ဂိုး သြင္းယူႏိုင္ခဲ့တဲ့အတြက္ ၁ပြဲ ၁ဂိုးႏႈန္း ရွိပါတယ္။ ဟာလန္း ဟာ ေဒါ့မြန္ အသင္းနဲ႔အတူ ဒီရာသီမွာ ပိုကယ္ဖလား ရယူႏိုင္ခဲ့ၿပီး သူ႔အတြက္ ပထမဆုံး ဆုဖလားလည္း ျဖစ္ခဲ့ပါတယ္။