ပွဲပေါင်း(၁၆၂)ပွဲအပြီးရလဒ်တွေမှာ ယာဂန်ကလော့ပ်ထက် စွမ်းဆောင်ရည်ပိုကောင်းနေတဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေနဲ့ဆက်တိုက်ရင်ဆိုင်နေရပြီး နည်းပြဆိုးလ်ရှားအပေါ် ဝေဖန်မှုတွေမြင့်တက်နေပေမယ့်

ပွဲပေါင်း(၁၆၂)ပွဲကိုင်တွယ်အပြီးရလဒ်တွေအရ ဆိုးလ်ရှားရဲ့စွမ်းဆောင်ရည်က လီဗာပူးလ်အသင်းနည်းပြယာဂန်ကလော့ပ်ထက်တောင် ပိုကောင်းနေပါသေးတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့(၅)ပွဲမှာ(၁)ပွဲသာအနိုင်ရခဲ့တာကြောင့် ပရိသတ်(၈၅%)က ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်သင့်တယ်လို့ ယူဆနေကြတာပါ။

ဒါပေမဲ့လည်း ဆိုးလ်ရှားဟာ ယူနိုက်တက်နည်းပြဘဝ(၁၆၂)ပွဲကိုင်တွယ်အပြီးရလဒ်က ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်နည်းပြဘဝ(၁၆၂)ပွဲအပြီးရလဒ်တွေနဲ့နှိုင်းယှဉ်ရင် ဆိုးလ်ရှားကတောင် နည်းနည်းသာလွန်နေတာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ ယူနိုက်တက်နည်းပြအဖြစ် (၁၆၂)ပွဲကိုင်တွယ်အပြီးမှာ (၈၉)ပွဲအနိုင်ရခဲ့ပြီး ယာဂန်ကလော့ပ်ထက် နိုင်ပွဲ(၁)ပွဲပိုများခဲ့သလို ယာဂန်ကလော့ပ်က (၄၄)ပွဲသရေ၊ ပွဲ(၃၀)ရှုံးနိမ့်ခဲ့ပေမယ့် ဆိုးလ်ရှားကတော့ (၃၆)ပွဲသရေ၊ (၃၇)ပွဲရှုံးနိမ့်ခဲ့ပါတယ်။

အနိုင်ရာခိုင်နှုန်းအနေနဲ့ ဆိုးလ်ရှားက (၅၄.၉%)ရှိခဲ့ပြီး ယာဂန်ကလော့ပ်ကတော့ (၅၄.၄%)သာရှိခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားနဲ့ ယာဂန်ကလော့ပ်တို့ဟာ လာမယ့်တနင်္ဂနွေကျရင် အိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် ရင်ဆိုင်ရမှာဖြစ်ပြီး ဆိုးလ်ရှားဟာ ယာဂန်ကလော့ပ်ကို ပရီးမီးယားလိဂ်မှာ တစ်ခါမှမနိုင်ဖူးသေးပါဘူး။

(၁၆၂)ပွဲကိုင်တွယ်အပြီးမှာ ရလဒ်အကောင်းဆုံးဖြစ်နေတာက မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာပဲဖြစ်ပြီး (၁၁၆)ပွဲနိုင်၊ (၂၂)ပွဲသရေ၊ (၂၄)ပွဲသာရှုံးနိမ့်ခဲ့သလို အနိုင်ရာခိုင်နှုန်းက (၇၁.၆%)အထိရှိခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့စွမ်းဆောင်ရည်က ယာဂန်ကလော့ပ်ထက် သာလွန်နေတယ်ဆိုပေမယ့် ယူနိုက်တက်ပရိသတ်တွေကတော့ ဆိုးလ်ရှားကို နည်းပြရာထူးကထုတ်ပယ်ဖို့တောင်းဆိုနေကြဆဲဖြစ်ပါတယ်။

ဗြိတိန်နာမည်ကျော် The Sun သတင်းစာက ‘ယူနိုက်တက်အသင်း ဆိုးလ်ရှားကို နည်းပြရာထူးကထုတ်ပယ်သင့်လား’ဆိုပြီးတော့ မဲဆန္ဒကောက်ခံခဲ့တာမှာ (၈၅%)က ထုတ်ပယ်သင့်တယ်လို့ ထောက်ခံခဲ့ပြီး

(၁၀%)က ဆိုးလ်ရှားကို အချိန်ပေးသင့်တယ်လို့ သုံးသပ်ခဲ့သလို ကျန်တဲ့(၅%)က တိတိကျကျမဆုံးဖြတ်ခဲ့ပါဘူး။

ယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့ကျရင် အတ္တလန်တာအသင်းနဲ့ချန်ပီယံလိဂ်ပွဲကစားရမှာဖြစ်ပြီး အဲဒါပြီးရင် လီဗာပူးလ်၊ စပါး၊ အတ္တလန်တာ၊ မန်စီးတီးတို့နဲ့ ပွဲကျပ်တွေ ဆက်တိုက်ကစားရမှာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပြဲေပါင္း(၁၆၂)ပြဲအၿပီးရလဒ္ေတြမွာ ယာဂန္ကေလာ့ပ္ထက္ စြမ္းေဆာင္ရည္ပိုေကာင္းေနတဲ့ ဆိုးလ္ရွား

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရလဒ္ဆိုးေတြနဲ႔ဆက္တိုက္ရင္ဆိုင္ေနရၿပီး နည္းျပဆိုးလ္ရွားအေပၚ ေဝဖန္မႈေတြျမင့္တက္ေနေပမယ့္ ပြဲေပါင္း(၁၆၂)ပြဲကိုင္တြယ္အၿပီးရလဒ္ေတြအရ ဆိုးလ္ရွားရဲ႕စြမ္းေဆာင္ရည္က လီဗာပူးလ္အသင္းနည္းျပယာဂန္ကေလာ့ပ္ထက္ေတာင္ ပိုေကာင္းေနပါေသးတယ္။ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့(၅)ပြဲမွာ(၁)ပြဲသာအႏိုင္ရခဲ့တာေၾကာင့္ ပရိသတ္(၈၅%)က ဆိုးလ္ရွားကို ရာထူးကထုတ္ပယ္သင့္တယ္လို႔ ယူဆေနၾကတာပါ။

ဒါေပမဲ့လည္း ဆိုးလ္ရွားဟာ ယူႏိုက္တက္နည္းျပဘဝ(၁၆၂)ပြဲကိုင္တြယ္အၿပီးရလဒ္က ယာဂန္ကေလာ့ပ္ရဲ႕ လီဗာပူးလ္နည္းျပဘဝ(၁၆၂)ပြဲအၿပီးရလဒ္ေတြနဲ႔ႏႈိင္းယွဥ္ရင္ ဆိုးလ္ရွားကေတာင္ နည္းနည္းသာလြန္ေနတာျဖစ္ပါတယ္။

ဆိုးလ္ရွားဟာ ယူႏိုက္တက္နည္းျပအျဖစ္ (၁၆၂)ပြဲကိုင္တြယ္အၿပီးမွာ (၈၉)ပြဲအႏိုင္ရခဲ့ၿပီး ယာဂန္ကေလာ့ပ္ထက္ ႏိုင္ပြဲ(၁)ပြဲပိုမ်ားခဲ့သလို ယာဂန္ကေလာ့ပ္က (၄၄)ပြဲသေရ၊ ပြဲ(၃၀)ရႈံးနိမ့္ခဲ့ေပမယ့္ ဆိုးလ္ရွားကေတာ့ (၃၆)ပြဲသေရ၊ (၃၇)ပြဲရႈံးနိမ့္ခဲ့ပါတယ္။ အႏိုင္ရာခိုင္ႏႈန္းအေနနဲ႔ ဆိုးလ္ရွားက (၅၄.၉%)ရွိခဲ့ၿပီး ယာဂန္ကေလာ့ပ္ကေတာ့ (၅၄.၄%)သာရွိခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွားနဲ႔ ယာဂန္ကေလာ့ပ္တို႔ဟာ လာမယ့္တနဂၤေႏြက်ရင္ အိုးလ္ထရက္ဖို႔ဒ္မွာ ပရီးမီးယားလိဂ္ပြဲႀကီးပြဲေကာင္းအျဖစ္ ရင္ဆိုင္ရမွာျဖစ္ၿပီး ဆိုးလ္ရွားဟာ ယာဂန္ကေလာ့ပ္ကို ပရီးမီးယားလိဂ္မွာ တစ္ခါမွမႏိုင္ဖူးေသးပါဘူး။ (၁၆၂)ပြဲကိုင္တြယ္အၿပီးမွာ ရလဒ္အေကာင္းဆုံးျဖစ္ေနတာက မန္စီးတီးအသင္းနည္းျပဂြါဒီယိုလာပဲျဖစ္ၿပီး (၁၁၆)ပြဲႏိုင္၊ (၂၂)ပြဲသေရ၊ (၂၄)ပြဲသာရႈံးနိမ့္ခဲ့သလို အႏိုင္ရာခိုင္ႏႈန္းက (၇၁.၆%)အထိရွိခဲ့ပါတယ္။

ဆိုးလ္ရွားရဲ႕စြမ္းေဆာင္ရည္က ယာဂန္ကေလာ့ပ္ထက္ သာလြန္ေနတယ္ဆိုေပမယ့္ ယူႏိုက္တက္ပရိသတ္ေတြကေတာ့ ဆိုးလ္ရွားကို နည္းျပရာထူးကထုတ္ပယ္ဖို႔ေတာင္းဆိုေနၾကဆဲျဖစ္ပါတယ္။ ၿဗိတိန္နာမည္ေက်ာ္ The Sun သတင္းစာက ‘ယူႏိုက္တက္အသင္း ဆိုးလ္ရွားကို နည္းျပရာထူးကထုတ္ပယ္သင့္လား’ဆိုၿပီးေတာ့ မဲဆႏၵေကာက္ခံခဲ့တာမွာ (၈၅%)က ထုတ္ပယ္သင့္တယ္လို႔ ေထာက္ခံခဲ့ၿပီး (၁၀%)က ဆိုးလ္ရွားကို အခ်ိန္ေပးသင့္တယ္လို႔ သုံးသပ္ခဲ့သလို က်န္တဲ့(၅%)က တိတိက်က်မဆုံးျဖတ္ခဲ့ပါဘူး။

ယူႏိုက္တက္အသင္းဟာ ဗုဒၶဟူးေန႔က်ရင္ အတၱလန္တာအသင္းနဲ႔ခ်န္ပီယံလိဂ္ပြဲကစားရမွာျဖစ္ၿပီး အဲဒါၿပီးရင္ လီဗာပူးလ္၊ စပါး၊ အတၱလန္တာ၊ မန္စီးတီးတို႔နဲ႔ ပြဲက်ပ္ေတြ ဆက္တိုက္ကစားရမွာလည္းျဖစ္ပါတယ္။