ပွဲပယ်ပြည့်ပြီးနောက် ခြေစွမ်းကောင်းပြန်ပြတဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းဟာ ယမန်နေ့ညက ကိုပါဒယ်ရေး ပွဲစဉ်မှာ ဆီဂန်ဒါက ဗယ်လက်ကာနိုကို အသည်းအသန်ကစားပြီးမှ နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။
ဒီဂျောင်၊ ရီကွီပုချ်နဲ့ မက်ဆီတို့ရဲ့ ကန်ချက်တွေက ဘား၃ကြိမ် ထိထွက်ခဲ့ပြီးနောက် ၆၃မိနစ်မှာ အိမ်ရှင် ဗယ်လက်ကာနိုက ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။

ပွဲပယ်ပြစ်ဒဏ်ပြည့်မြောက်သွားခဲ့ပြီဖြစ်တဲ့ ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီဟာ အဲဒီပွဲမှာ အသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားသွားခဲ့ပြီး ခြေစွမ်းပြကာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာအဲ ဒီပွဲမှာ ဗယ်လက်ကာနို အသင်းကို (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ် တက်ရောက်သွားတာဖြစ်ပါတယ်။

ဘီလ်ဘာအို နဲ့ ကစားခဲ့တဲ့ စပိန်စူပါဖလား ပွဲစဉ်မှာ အနီကတ်ထိခဲ့တဲ့ မက်ဆီ ဟာ အသင်းရဲ့ပွဲစဉ်(၂)ပွဲဖြစ်တဲ့ ကော်နယ်လာ နဲ့ ကိုပါဒယ်ရေးပွဲ၊ အယ်လ်ချီ နဲ့ လာလီဂါ ပွဲစဉ်တွေမှာ ပွဲပယ်ကြောင့် မပါဝင်နိုင်ခဲ့ဘဲ ဒီပွဲမှ ပြန်လည်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ခဲ့တဲ့ မက်ဆီဟာ အဲဒီသွင်းဂိုးရရှိခဲ့တာကြောင့် သူ့ရဲ့ကစားသမားဘဝ နောက်ဆုံး၁၅ ရာသီဆက်တိုက်မှာ သွင်းဂိုး ၁၅ ဂိုးနဲ့အထက် သွင်းယူနိုင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီလည်းဖြစ်ပါတယ်။

အသင်းပြောင်းရွှေ့နိုင်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေတဲ့ မက်ဆီဟာ နူးကမ့်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ သွင်းဂိုးအများစုအတွက် မက်ဆီကိုမှီခိုနေရဆဲဖြစ်ပါတယ်။

တစ်ဖက်မှာတော့ အသက် ၃၂နှစ်အရွယ် အာဂျင်တီးနားသားဟာ ပြင်သစ်စကားလေ့လာသင်ယူမှုတွေပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။အဲ ဒါကြောင့် မက်ဆီတစ်ယောက် ပြင်သစ်ကလပ်ပီအက်စ်ဂျီမှာ သွားရောက်ကစားဖို့ ပြင်ဆင်နေတာဖြစ်နိုင်တယ်ဆိုတဲ့ ထင်မြင်မှုတွေလည်းရှိလာပါတယ်။

အကြွေးတွေများနေတဲ့ ဘာစီလိုနာ အသင်းဟာ စပိန်လာလီဂါမှာတော့ အဆင့်(၃)နေရာထိ ပြန်လည်တက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ ဒီတစ်ပတ်မှာတော့ လာလီဂါပွဲစဉ်အဖြစ် ဘီလ်ဘာအို အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပြဲပယ္ျပည့္ၿပီးေနာက္ ေျခစြမ္းေကာင္းျပန္ျပတဲ့ မက္ဆီ

ဘာစီလိုနာအသင္းဟာ ယမန္ေန႔ညက ကိုပါဒယ္ေရး ပြဲစဥ္မွာ ဆီဂန္ဒါက ဗယ္လက္ကာႏိုကို အသည္းအသန္ကစားၿပီးမွ ေနာက္က်ဂိုးေတြနဲ႔ အႏိုင္ရခဲ့ပါတယ္။
ဒီေဂ်ာင္၊ ရီကြီပုခ်္နဲ႔ မက္ဆီတို႔ရဲ႕ ကန္ခ်က္ေတြက ဘား၃ႀကိမ္ ထိထြက္ခဲ့ၿပီးေနာက္ ၆၃မိနစ္မွာ အိမ္ရွင္ ဗယ္လက္ကာႏိုက ဦးေဆာင္ဂိုး သြင္းယူခဲ့ပါတယ္။ ပြဲပယ္ျပစ္ဒဏ္ျပည့္ေျမာက္သြားခဲ့ၿပီျဖစ္တဲ့ ဘာစီလိုနာ အသင္းေခါင္းေဆာင္ မက္ဆီဟာ အဲဒီပြဲမွာ အသင္းအတြက္ ပြဲခ်ိန္ျပည့္ပါဝင္ကစားသြားခဲ့ၿပီး ေျခစြမ္းျပကာ တစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဘာစီလိုနာ အသင္းဟာအဲ ဒီပြဲမွာ ဗယ္လက္ကာႏို အသင္းကို (၂)ဂိုး-(၁)ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး ကြာတားဖိုင္နယ္ တက္ေရာက္သြားတာျဖစ္ပါတယ္။

ဘီလ္ဘာအို နဲ႔ ကစားခဲ့တဲ့ စပိန္စူပါဖလား ပြဲစဥ္မွာ အနီကတ္ထိခဲ့တဲ့ မက္ဆီ ဟာ အသင္းရဲ႕ပြဲစဥ္(၂)ပြဲျဖစ္တဲ့ ေကာ္နယ္လာ နဲ႔ ကိုပါဒယ္ေရးပြဲ၊ အယ္လ္ခ်ီ နဲ႔ လာလီဂါ ပြဲစဥ္ေတြမွာ ပြဲပယ္ေၾကာင့္ မပါဝင္ႏိုင္ခဲ့ဘဲ ဒီပြဲမွ ျပန္လည္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။အသင္းအတြက္ ျပန္လည္ကစားေပးႏိုင္ခဲ့တဲ့ မက္ဆီဟာအဲ ဒီသြင္းဂိုးရရွိခဲ့တာေၾကာင့္ သူ႔ရဲ႕ကစားသမားဘဝ ေနာက္ဆုံး၁၅ ရာသီဆက္တိုက္မွာ သြင္းဂိုး ၁၅ ဂိုးနဲ႔အထက္ သြင္းယူႏိုင္မႈအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီလည္းျဖစ္ပါတယ္။

အသင္းေျပာင္းေ႐ႊ႕ႏိုင္ဖြယ္ရွိတယ္လို႔ သတင္းေတြထြက္ေနတဲ့ မက္ဆီဟာ ႏူးကမ့္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ရပ္တည္ေနဆဲျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ သြင္းဂိုးအမ်ားစုအတြက္ မက္ဆီကိုမွီခိုေနရဆဲျဖစ္ပါတယ္။ တစ္ဖက္မွာ​ေတာ့ အသက္ ၃၂ႏွစ္အ႐ြယ္ အာဂ်င္တီးနားသားဟာ ျပင္သစ္စကားေလ့လာသင္ယူမႈေတြျပဳလုပ္ေနတယ္လို႔ သတင္းေတြထြက္ေပၚထားပါတယ္။အဲ ဒါ​ေၾကာင့္ မက္ဆီတစ္​ေယာက္ ျပင္သစ္ကလပ္ပီအက္စ္ဂ်ီမွာ သြားေရာက္ကစားဖို႔ ျပင္ဆင္ေနတာျဖစ္ႏိုင္တယ္ဆိုတဲ့ ထင္ျမင္မႈ​ေတြလည္းရွိလာပါတယ္။

​​အေႂကြး​ေတြမ်ား​ေနတဲ့ ဘာစီလိုနာ အသင္းဟာ စပိန္လာလီဂါမွာ​ေတာ့ အဆင့္(၃)ေနရာထိ ျပန္လည္တက္လွမ္းလာခဲ့တာျဖစ္ပါတယ္။ဘာစီလိုနာ အသင္းဟာ ဒီတစ္ပတ္မွာေတာ့ လာလီဂါပြဲစဥ္အျဖစ္ ဘီလ္ဘာအို အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။