ပွဲပယ်ပြစ်ဒဏ်ကြောင့် လူမစုံပေမယ့် ပအကျော့ ၂ဂိုးပြတ်အနိုင်ကို ထိန်းကစားမယ့် မန်ယူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပထမအကျော့ စပိန်မြေမှာ ဝ-၂နဲ့ အနိုင်ရထားခဲ့တဲ့အတွက် ဒုတိယအကျော့ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ထိန်းကစားပြီး ဆီမီးဖိုင်နယ်တက်ဖို့ အစီအစဉ်ဆွဲမှာဖြစ်တဲ့ မန်ယူမှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယား၊ လုခ်ရှောနဲ့ တွန်မီနေးလ်တို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ပထမအကျော့မှာတုန်းက မန်ယူဖက်က မက်ဂွိုင်းယား၊ လုခ်ရှော၊ မာတစ်၊ ဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာတို့ (၅)ဦးအထိ အဝါကဒ် အပြခံရတာကြောင့် ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအရ အသင်းတစ်သင်းမှာ ကစားသမား ၅ဦးနဲ့အထက် အဝါကဒ်အပြခံရရင် ဒဏ်ကြေး ပေါင် ၆၀၀၀ ပေးဆောင်ခဲ့ရပါသေးတယ်။

နည်းပြဆိုးလ်ရှားကတော့ အခုလို ပြစ်ဒဏ်ကျူးလွန်မှုတွေ လုပ်ခဲ့ကြတဲ့ဖြစ်ရပ်အပေါ် ကာကွယ်ပြောကြားထားခဲ့ပြီး ဒီညကစားမယ့် ပွဲစဉ်အပေါ် ” ကျွန်တော်တို့အနေအထားက ခိုင်နေပါပြီ။

ဒါပေမယ့် ထပ်ပြီးအနိုင်ရဖို့အတွက် ကြိုးစားသွားမှာပါ။ ဒါဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်ပြီး ဂရန်နာဒါကလည်း ဖောင်ဖျက်တိုက်မှာပါပဲ။ သူတို့အတွက် သွင်းဂိုးလိုပါတယ်။ လာလီဂါမှာ ဘာစီလိုနာ၊ ရီးရဲလ် အသင်းတွေနဲ့ပွဲတွေမှာ သူတို့ ဘယ်လို ဒုက္ခပေးခဲ့လဲဆိုတာ ကျွန်တော်တို့ ကြည့်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ပွဲကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားပြီး သူတို့ကို အခွင့်အရေး ပေးသွားမှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားပါတယ်။

မန်ယူအသင်းအနေနဲ့ အဓိကကစားသမားတစ်ချို့မပါဝင်နိုင်တဲ့အတွက် ပွဲထွက်လူစာရင်းမှာ အပြောင်းအလဲတွေ ရှိလာနိုင်ပြီး တိုက်စစ်ပိုင်းမှာ ကာဗာနီဦးဆောင်ပါဝင်လာဖို့ များနေပါတယ်။


တောင်ပံတိုက်စစ်အတွက် လူငယ်ကစားသမားတွေဖြစ်တဲ့ ဒီအာလို၊ ဒယ်နီရယ်ဂျိန်းတို့ပါလာဖို့များနေပြီး ကွင်းလယ်မှာ တွန်မီနေးလ်အစား ဖရက်နဲ့ ပေါ့ဂ်ဘာအပြင် အရန်ခုံမှာ ထိုင်နေရတာများတဲ့ ဗန်ဒီဘိခ်လည်း ကစားခွင့်ရလာနိုင်ပါတယ်။ နောက်တန်းမှာ အားထားရတဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ လုခ်ရှောတို့ ၂ယောက်စလုံးမပါနိုင်တာကြာင့် တန်ဇွန်ဘီ၊ တဲလ်လက်စ်၊ တို့ပါဝင်လာဖို့ များနေပါတယ်။

ဆိုးလ်ရှားအနေနဲ့ ပြီးခဲ့တဲ့နှစ် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်နဲ့ ကျေနပ်ခဲ့ရတဲ့အတွက် ဒီဘောလုံးရာသီမှာ ချန်ပီယံဖြစ်အောင် သေချာပြင်ဆင်နေပြီး ဒီညကစားမယ့် အိုးလ်ထရက်ဖို့ဒ်ကွင်းမှာလည်း ကွင်းဘေးပတ်လည်နဲ့ ပရိသတ်ထိုင်ခုံတွေမှာ ဖုံးအုပ်ထားတဲ့ အနီရောင် အဝတ်စတွေကို မန်ယူဘောလုံးသမားတွေနဲ့ အိမ်ကွင်းအကျီအရောင်ကြောင့် မျက်စိအမြင်မမှားအောင် ဖယ်ရှားအစားထိုးဖို့ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ လူမစုံေပမယ့္ ပအေက်ာ့ ၂ဂိုးျပတ္အႏိုင္ကို ထိန္းကစားမယ့္ မန္ယူ

ပထမအေက်ာ့ စပိန္ေျမမွာ ဝ-၂နဲ႔ အႏိုင္ရထားခဲ့တဲ့အတြက္ ဒုတိယအေက်ာ့ အိမ္ကြင္းအိုးလ္ထရက္ဖို႔ဒ္မွာ ထိန္းကစားၿပီး ဆီမီးဖိုင္နယ္တက္ဖို႔ အစီအစဥ္ဆြဲမွာျဖစ္တဲ့ မန္ယူမွာ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယား၊ လုခ္ေရွာနဲ႔ တြန္မီေနးလ္တို႔ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္ႏိုင္မွာ မဟုတ္ပါဘူး။ ပထမအေက်ာ့မွာတုန္းက မန္ယူဖက္က မက္ဂြိဳင္းယား၊ လုခ္ေရွာ၊ မာတစ္၊ ဖာနန္ဒက္စ္၊ ေပါ့ဂ္ဘာတို႔ (၅)ဦးအထိ အဝါကဒ္ အျပခံရတာေၾကာင့္ ယူအီးအက္ဖ္ေအရဲ႕ စည္းမ်ဥ္းအရ အသင္းတစ္သင္းမွာ ကစားသမား ၅ဦးနဲ႔အထက္ အဝါကဒ္အျပခံရရင္ ဒဏ္ေၾကး ေပါင္ ၆၀၀၀ ေပးေဆာင္ခဲ့ရပါေသးတယ္။

နည္းျပဆိုးလ္ရွားကေတာ့ အခုလို ျပစ္ဒဏ္က်ဴးလြန္မႈေတြ လုပ္ခဲ့ၾကတဲ့ျဖစ္ရပ္အေပၚ ကာကြယ္ေျပာၾကားထားခဲ့ၿပီး ဒီညကစားမယ့္ ပြဲစဥ္အေပၚ ” ကြၽန္ေတာ္တို႔အေနအထားက ခိုင္ေနပါၿပီ။
ဒါေပမယ့္ ထပ္ၿပီးအႏိုင္ရဖို႔အတြက္ ႀကိဳးစားသြားမွာပါ။ ဒါဟာ ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္ပြဲစဥ္ျဖစ္ၿပီး ဂရန္နာဒါကလည္း ေဖာင္ဖ်က္တိုက္မွာပါပဲ။ သူတို႔အတြက္ သြင္းဂိုးလိုပါတယ္။ လာလီဂါမွာ ဘာစီလိုနာ၊ ရီးရဲလ္ အသင္းေတြနဲ႔ပြဲေတြမွာ သူတို႔ ဘယ္လို ဒုကၡေပးခဲ့လဲဆိုတာ ကြၽန္ေတာ္တို႔ ၾကည့္ထားပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ပြဲကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားၿပီး သူတို႔ကို အခြင့္အေရး ေပးသြားမွာ မဟုတ္ပါဘူး” လို႔ ေျပာၾကားသြားပါတယ္။

မန္ယူအသင္းအေနနဲ႔ အဓိကကစားသမားတစ္ခ်ိဳ႕မပါဝင္ႏိုင္တဲ့အတြက္ ပြဲထြက္လူစာရင္းမွာ အေျပာင္းအလဲေတြ ရွိလာႏိုင္ၿပီး တိုက္စစ္ပိုင္းမွာ ကာဗာနီဦးေဆာင္ပါဝင္လာဖို႔ မ်ားေနပါတယ္။
ေတာင္ပံတိုက္စစ္အတြက္ လူငယ္ကစားသမားေတြျဖစ္တဲ့ ဒီအာလို၊ ဒယ္နီရယ္ဂ်ိန္းတို႔ပါလာဖို႔မ်ားေနၿပီး ကြင္းလယ္မွာ တြန္မီေနးလ္အစား ဖရက္နဲ႔ ေပါ့ဂ္ဘာအျပင္ အရန္ခုံမွာ ထိုင္ေနရတာမ်ားတဲ့ ဗန္ဒီဘိခ္လည္း ကစားခြင့္ရလာႏိုင္ပါတယ္။ ေနာက္တန္းမွာ အားထားရတဲ့ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားနဲ႔ လုခ္ေရွာတို႔ ၂ေယာက္စလုံးမပါႏိုင္တာၾကာင့္ တန္ဇြန္ဘီ၊ တဲလ္လက္စ္၊ တို႔ပါဝင္လာဖို႔ မ်ားေနပါတယ္။

ဆိုးလ္ရွားအေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္နဲ႔ ေက်နပ္ခဲ့ရတဲ့အတြက္ ဒီေဘာလုံးရာသီမွာ ခ်န္ပီယံျဖစ္ေအာင္ ေသခ်ာျပင္ဆင္ေနၿပီး ဒီညကစားမယ့္ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာလည္း ကြင္းေဘးပတ္လည္နဲ႔ ပရိသတ္ထိုင္ခုံေတြမွာ ဖုံးအုပ္ထားတဲ့ အနီေရာင္ အဝတ္စေတြကို မန္ယူေဘာလုံးသမားေတြနဲ႔ အိမ္ကြင္းအက်ီအေရာင္ေၾကာင့္ မ်က္စိအျမင္မမွားေအာင္ ဖယ္ရွားအစားထိုးဖို႔ရွိေနပါတယ္။