ပွဲပန်းနေတယ်ဆိုတဲ့ ဆင်ခြေမပေးဖို့ ကစားသမားတွေကို ဆိုးလ်ရှား သတိပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက အသင်းက လစာငွေအများကြီးရနေတဲ့ ကစားသမားတွေအနေနဲ့ ပွဲတွေဆက်တိုက်ကစားနေရလို့ ပွဲပန်းနေပြီဆိုတဲ့ ဆင်ခြေပေးတာမျိုး လက်မခံနိုင်ဘူးလို့ သတိပေးစကားဆိုခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ အခုလောလောဆယ် FA ဖလား ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီဖြစ်သလို၊ ယူရိုပါလိဂ်မှာလည်း ရှုံးထွက်(၁၆)သင်းအဆင့်တက်ရောက်ဖို့ အခြေအနေကောင်းနေပါပြီ။

ဒီရာသီမှာ ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံပွဲပေါင်း(၄၀)အထိ ကစားခဲ့ပြီးဖြစ်တဲ့အပြင် အခုနောက်ပိုင်း ရက်ပိုင်းအတွင်းမှာပဲ ပွဲတွေဆက်တိုက်ကစားနေရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှားကတော့ အဓိက ကစားသမားတွေအနေနဲ့ သူတို့နဲ့ထိုက်တန်တဲ့ လစာငွေကို ရရှိနေတာကြောင့် ပွဲတွေဆက်တိုက်ကစားရလို့ ပင်ပန်းနေပြီဆိုတဲ့အကြောင်းပြချက်မျိုးကို လက်မခံဘူးလို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားက “ကျွန်တော်တို့အသင်းဟာ ပွဲတွေ ဆက်တိုက်ကစားနေတယ်ဆိုပေမယ့် ပွဲတိုင်းမှာ အကောင်းဆုံးကစားဖို့၊ နိုင်ပွဲရယူနိုင်ဖို့လိုပါတယ်။ အသင်းက ကစားသမားတွေဟာ ပြိုင်ဘက်တွေထက် ပိုပြေးနိုင်ရမယ်၊ ပိုပြီးလည်းနိုင်လိုစိတ်ပြင်းရမယ်၊ ပိုပြီးအကြမ်းခံနိုင်ဖို့လိုတဲ့အပြင် ပိုပြီးတော့လည်း တာဝန်ယူစိတ်ရှိရပါမယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲတိုင်းက အကြိတ်အနယ်ကစားရတာဖြစ်ပြီး အသင်းက ကစားသမားတွေကို နည်းပြတောင်းဆိုတဲ့အတိုင်း ကစားဖို့အတွက် ထိုက်တန်တဲ့လစာငွေ ပေးထားတာဖြစ်ပါတယ်။ အဲဒါကြောင့် ပွဲတိုင်းမှာ မဆုတ်မနှစ်တဲ့ ဇွဲ၊ အရည်အသွေးမျိုးပြသဖို့ ကျွန်တော် သတိပေးလိုက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းရဲ့ လစာငွေအများဆုံးကစားသမားက ဂိုးသမားဒီဂီယာဖြစ်ပြီး တစ်ပတ်ကို ပေါင်(၃၇၅၀၀၀)ရရှိနေသလို (၁)နှစ်လစာငွေအဖြစ် ပေါင်(၁၉.၅)သန်းအထိရရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတွေထဲမှာ တစ်ပတ်ကို ပေါင်(၁)သိန်းနဲ့အထက်ရရှိနေတာက စုစုပေါင်း(၁၄)ဦးအထိရှိပြီး အဲဒီထဲမှာ ဒီဂီယာအပြင် ပေ့ါဘာ (ပေါင်၂၉၀၀၀၀)၊ မာစီယဲလ် (ပေါင် ၂၅၀၀၀၀)၊ ကာဗာနီ (ပေါင် ၂၁၀၀၀၀)၊ ရပ်ရှ်ဖို့ဒ် (ပေါင် ၂၀၀၀၀၀)တို့လည်း ပါဝင်နေပါတယ်။

ယူနိုက်တက်အသင်းဟာ အခုတစ်ပတ်မှာ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး (၂၅)ရက်ကျရင် ဆိုစီဒက်နဲ့ ယူရိုပါလိဂ်ဒုတိယအကျော့၊ အဲဒီနောက် (၂၈)ရက်မှာ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွေ ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပြဲပန္းေနတယ္ဆိုတဲ့ ဆင္ေျခမေပးဖို႔ ကစားသမားေတြကို ဆိုးလ္ရွား သတိေပး

မန္ခ်က္စတာယူႏိုက္တက္နည္းျပဆိုးလ္ရွားက အသင္းက လစာေငြအမ်ားႀကီးရေနတဲ့ ကစားသမားေတြအေနနဲ႔ ပြဲေတြဆက္တိုက္ကစားေနရလို႔ ပြဲပန္းေနၿပီဆိုတဲ့ ဆင္ေျခေပးတာမ်ိဳး လက္မခံႏိုင္ဘူးလို႔ သတိေပးစကားဆိုခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ အခုေလာေလာဆယ္ FA ဖလား ကြာတားဖိုင္နယ္အဆင့္ကို ေရာက္ရွိေနၿပီျဖစ္သလို၊ ယူ႐ိုပါလိဂ္မွာလည္း ရႈံးထြက္(၁၆)သင္းအဆင့္တက္ေရာက္ဖို႔ အေျခအေနေကာင္းေနပါၿပီ။ ဒီရာသီမွာ ယူႏိုက္တက္အသင္းဟာ ၿပိဳင္ပြဲစုံပြဲေပါင္း(၄၀)အထိ ကစားခဲ့ၿပီးျဖစ္တဲ့အျပင္ အခုေနာက္ပိုင္း ရက္ပိုင္းအတြင္းမွာပဲ ပြဲေတြဆက္တိုက္ကစားေနရတာျဖစ္ပါတယ္။ ဒါေပမဲ့ ဆိုးလ္ရွားကေတာ့ အဓိက ကစားသမားေတြအေနနဲ႔ သူတို႔နဲ႔ထိုက္တန္တဲ့ လစာေငြကို ရရွိေနတာေၾကာင့္ ပြဲေတြဆက္တိုက္ကစားရလို႔ ပင္ပန္းေနၿပီဆိုတဲ့အေၾကာင္းျပခ်က္မ်ိဳးကို လက္မခံဘူးလို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွားက “ကြၽန္ေတာ္တို႔အသင္းဟာ ပြဲေတြ ဆက္တိုက္ကစားေနတယ္ဆိုေပမယ့္ ပြဲတိုင္းမွာ အေကာင္းဆုံးကစားဖို႔၊ ႏိုင္ပြဲရယူႏိုင္ဖို႔လိုပါတယ္။ အသင္းက ကစားသမားေတြဟာ ၿပိဳင္ဘက္ေတြထက္ ပိုေျပးႏိုင္ရမယ္၊ ပိုၿပီးလည္းႏိုင္လိုစိတ္ျပင္းရမယ္၊ ပိုၿပီးအၾကမ္းခံႏိုင္ဖို႔လိုတဲ့အျပင္ ပိုၿပီးေတာ့လည္း တာဝန္ယူစိတ္ရွိရပါမယ္။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ပြဲတိုင္းက အႀကိတ္အနယ္ကစားရတာျဖစ္ၿပီး အသင္းက ကစားသမားေတြကို နည္းျပေတာင္းဆိုတဲ့အတိုင္း ကစားဖို႔အတြက္ ထိုက္တန္တဲ့လစာေငြ ေပးထားတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ပြဲတိုင္းမွာ မဆုတ္မႏွစ္တဲ့ ဇြဲ၊ အရည္အေသြးမ်ိဳးျပသဖို႔ ကြၽန္ေတာ္ သတိေပးလိုက္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ယူႏိုက္တက္အသင္းရဲ႕ လစာေငြအမ်ားဆုံးကစားသမားက ဂိုးသမားဒီဂီယာျဖစ္ၿပီး တစ္ပတ္ကို ေပါင္(၃၇၅၀၀၀)ရရွိေနသလို (၁)ႏွစ္လစာေငြအျဖစ္ ေပါင္(၁၉.၅)သန္းအထိရရွိေနတာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ အဓိက ကစားသမားေတြထဲမွာ တစ္ပတ္ကို ေပါင္(၁)သိန္းနဲ႔အထက္ရရွိေနတာက စုစုေပါင္း(၁၄)ဦးအထိရွိၿပီး အဲဒီထဲမွာ ဒီဂီယာအျပင္ ေပ့ါဘာ (ေပါင္၂၉၀၀၀၀)၊ မာစီယဲလ္ (ေပါင္ ၂၅၀၀၀၀)၊ ကာဗာနီ (ေပါင္ ၂၁၀၀၀၀)၊ ရပ္ရွ္ဖို႔ဒ္ (ေပါင္ ၂၀၀၀၀၀)တို႔လည္း ပါဝင္ေနပါတယ္။ ယူႏိုက္တက္အသင္းဟာ အခုတစ္ပတ္မွာ နယူးကာဆယ္နဲ႔ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲစဥ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး (၂၅)ရက္က်ရင္ ဆိုစီဒက္နဲ႔ ယူ႐ိုပါလိဂ္ဒုတိယအေက်ာ့၊ အဲဒီေနာက္ (၂၈)ရက္မွာ ခ်ယ္လ္ဆီးနဲ႔ ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္ေတြ ဆက္တိုက္ကစားရမွာျဖစ္ပါတယ္။