ပွဲထွက်မရနိုင်ဘူးဆိုရင် မန်ယူက ထွက်ခွာချင်နေတဲ့ ဂိုးသမားဒင်းဟန်ဒါဆန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီဂီယာဆီက နံပါတ် ၁ နေရာကို မရနိုင်ဘူးဆိုရင် ဂိုးသမားဒင်းဟန်ဒါဆန်ဟာ မန်ယူက ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဟန်ဒါဆန်ဟာ လာမယ့်ဇန်နဝါရီမှာ သူအသင်းပြောင်းလို့ ရနိုင်ဖွယ်မရှိဘူးဆိုတာကို လက်ခံထားပါတယ်။

တင်ပါးဒဏ်ရာပြသနာကြောင့် ယူရို ၂၀၂၀ လူစာရင်းကနေ နုတ်ထွက်ခဲ့ရပြီးကတည်းက ဟန်ဒါဆန်ဟာ အင်္ဂလန်အသင်းမှာ ၃ ကြိမ်ဆက်အဖြစ် ရွေးချယ်ခြင်းမခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ရာသီမှာ ပွဲထွက်နေရာအတွက် ဟန်ဒါဆန်နဲ့အပြိုင်ဖြစ်ခဲ့ပေမယ့် ဒီဂီယာဟာ မန်ယူရဲ့နံပါတ် ၁ အဖြစ် ရှိနေဆဲပါပဲ။

ဗီလာကနေ ပြန်လာတဲ့ တွမ်ဟီတန်ကြောင့် အိုးလ်ထရက်ဖို့ဒ်က ဂိုးသမားအခြေအနေဟာ ပိုရှုပ်ထွေးသွားပြီး ပြိုင်ဆိုင်မှုလည်း ပိုကြီးမားလာပါတယ်။

ဟန်ဒါဆန်က ယူနိုက်တက်မှာ ဆက်နေချင်ပေမယ့် ဒီရာသီ တစ်ပွဲသာ ကစားခွင့်ရထားလို့ သူ့ကစားသမားဘ၀ ထိခိုက်မှာကို စိုးရိမ်နေတာပါ။

သူဟာ ပြီးခဲ့ဲတဲ့စက်တင်ဘာက ဝက်စ်ဟမ်းကိုရှုံးနိမ့်ခဲ့တဲ့ကာရာဘောင်းဖလားမှာ ကစားခွင့်ရခဲ့တာပါ။

ဟန်ဒါဆန်အနေနဲ့ မန်ယူမှာရော အင်္ဂလန်မှာပါ နံပါတ် ၁ ဖြစ်ချင်တဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားထားပြီး လာမယ့်နှစ်ကမ္ဘာ့ဖလားအတွက် ဆောက်ဂိတ်ရဲ့အသင်းမှာ ပါဝင်ချင်နေတာပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လကပဲ တစ်ပတ်ပေါင် ၁၂၀၀၀၀ တန်ကြေးရှိ စာချုပ်ချုပ်ခဲ့တဲ့ ဟန်ဒါဆန်ဟာ မန်ယူနဲ့ ၄ နှစ်ခွဲ စာချုပ်သက်တမ်းကျန်နေသေးတာပါ။

သူဟာ လာမယ့်ဇန်နဝါရီမှာ အသင်းပြောင်းဖို့ စဉ်းစားမှာဖြစ်ပြီး နယူးကာဆယ်ဟာ ရွေးချယ်စရာတွေထဲက တစ်ခုဖြစ်တယ်လို့ နားလည်ရပေမယ့် ယူနိုက်တက်ကတော့ ရာသီကြားကာလမှာ သူ့ကို ထွက်ခွာခွင့်ပြုဖွယ် မရှိပါဘူး။

မန်ယူမှာ ကွင်းလယ်လူဗန်ဒီဘိခ်နဲ့ နောက်ခံလူဖီးလ်ဂျုံးစ်တို့ဟာလည်း လာမယ့်ဇန်နဝါရီမှာ အသင်းပြောင်းဖို့အခွင့်အရေးရှာဖွယ်ရှိပါတယ်။

ယူနိုက်တက်ဟာ ပေါ့ဂ်ဘာနဲ့လင်ဂတ်တို့ရဲ့အနာဂါတ်ကိုလည်း ဖြေရှင်းလိုပေပမယ့် နှစ်ယောက်စလုံးက ရာသီကုန်တာနဲ့ အလွတ်ပြောင်းဖို့ များနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပြဲထြက္မရႏိုင္ဘူးဆိုရင္ မန္ယူက ထြက္ခြာခ်င္ေနတဲ့ ဂိုးသမားဒင္းဟန္ဒါဆန္

ဒီဂီယာဆီက နံပါတ္ ၁ ေနရာကို မရႏိုင္ဘူးဆိုရင္ ဂိုးသမားဒင္းဟန္ဒါဆန္ဟာ မန္ယူက ထြက္ခြာခ်င္ေနတယ္လို႔ သိရပါတယ္။

ဒါေပမဲ့ ဟန္ဒါဆန္ဟာ လာမယ့္ဇန္နဝါရီမွာ သူအသင္းေျပာင္းလို႔ ရႏိုင္ဖြယ္မရွိဘူးဆိုတာကို လက္ခံထားပါတယ္။

တင္ပါးဒဏ္ရာျပသနာေၾကာင့္ ယူ႐ို ၂၀၂၀ လူစာရင္းကေန ႏုတ္ထြက္ခဲ့ရၿပီးကတည္းက ဟန္ဒါဆန္ဟာ အဂၤလန္အသင္းမွာ ၃ ႀကိမ္ဆက္အျဖစ္ ေ႐ြးခ်ယ္ျခင္းမခံခဲ့ရတာပါ။

ၿပီးခဲ့တဲ့ရာသီမွာ ပြဲထြက္ေနရာအတြက္ ဟန္ဒါဆန္နဲ႔အၿပိဳင္ျဖစ္ခဲ့ေပမယ့္ ဒီဂီယာဟာ မန္ယူရဲ႕နံပါတ္ ၁ အျဖစ္ ရွိေနဆဲပါပဲ။

ဗီလာကေန ျပန္လာတဲ့ တြမ္ဟီတန္ေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္က ဂိုးသမားအေျခအေနဟာ ပိုရႈပ္ေထြးသြားၿပီး ၿပိဳင္ဆိုင္မႈလည္း ပိုႀကီးမားလာပါတယ္။

ဟန္ဒါဆန္က ယူႏိုက္တက္မွာ ဆက္ေနခ်င္ေပမယ့္ ဒီရာသီ တစ္ပြဲသာ ကစားခြင့္ရထားလို႔ သူ႔ကစားသမားဘ၀ ထိခိုက္မွာကို စိုးရိမ္ေနတာပါ။

သူဟာ ၿပီးခဲ့ဲတဲ့စက္တင္ဘာက ဝက္စ္ဟမ္းကိုရႈံးနိမ့္ခဲ့တဲ့ကာရာေဘာင္းဖလားမွာ ကစားခြင့္ရခဲ့တာပါ။ ဟန္ဒါဆန္အေနနဲ႔ မန္ယူမွာေရာ အဂၤလန္မွာပါ နံပါတ္ ၁ ျဖစ္ခ်င္တဲ့ဆႏၵကို ထုတ္ေဖာ္ေျပာၾကားထားၿပီး လာမယ့္ႏွစ္ကမာၻ႔ဖလားအတြက္ ေဆာက္ဂိတ္ရဲ႕အသင္းမွာ ပါဝင္ခ်င္ေနတာပါ။

ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လကပဲ တစ္ပတ္ေပါင္ ၁၂၀၀၀၀ တန္ေၾကးရွိ စာခ်ဳပ္ခ်ဳပ္ခဲ့တဲ့ ဟန္ဒါဆန္ဟာ မန္ယူနဲ႔ ၄ ႏွစ္ခြဲ စာခ်ဳပ္သက္တမ္းက်န္ေနေသးတာပါ။

သူဟာ လာမယ့္ဇန္နဝါရီမွာ အသင္းေျပာင္းဖို႔ စဥ္းစားမွာျဖစ္ၿပီး နယူးကာဆယ္ဟာ ေ႐ြးခ်ယ္စရာေတြထဲက တစ္ခုျဖစ္တယ္လို႔ နားလည္ရေပမယ့္ ယူႏိုက္တက္ကေတာ့ ရာသီၾကားကာလမွာ သူ႔ကို ထြက္ခြာခြင့္ျပဳဖြယ္ မရွိပါဘူး။

မန္ယူမွာ ကြင္းလယ္လူဗန္ဒီဘိခ္နဲ႔ ေနာက္ခံလူဖီးလ္ဂ်ဳံးစ္တို႔ဟာလည္း လာမယ့္ဇန္နဝါရီမွာ အသင္းေျပာင္းဖို႔အခြင့္အေရးရွာဖြယ္ရွိပါတယ္။ ယူႏိုက္တက္ဟာ ေပါ့ဂ္ဘာနဲ႔လင္ဂတ္တို႔ရဲ႕အနာဂါတ္ကိုလည္း ေျဖရွင္းလိုေပပမယ့္ ႏွစ္ေယာက္စလုံးက ရာသီကုန္တာနဲ႔ အလြတ္ေျပာင္းဖို႔ မ်ားေနပါတယ္။