ပွဲထွက်စာရင်းမှာ ၁၀ နေရာအထိ အပြောင်းအလဲလုပ်ခဲ့တဲ့ မန်ယူအသင်း လက်စတာကို ရှုံးနိမ့်ခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နည်းပြဆိုးလ်ရှား ကြိုပြောထားတဲ့အတိုင်း ယူနိုက်တက်ဟာ ပွဲဆက်တွေများနေတဲ့ ဒီကာလမှာ လက်စတာနဲ့ပွဲအတွက် လူငယ်ကစားသမားတွေနဲ့ အရန်တွေကိုပဲ အသုံးပြုသွားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ဒီရှုံးပွဲကြောင့် မန်စီးတီးဟာ ဘောလုံးရာသီပြီးဆုံးဖို့ ၃ပွဲအလိုမှာပဲ ပရီးမီးယားလိ၈် ချန်ပီယံဖြစ်သွားခဲ့ပါပြီ။

ယူနိုက်တက်ဟာ ဒီပွဲရဲ့ ပွဲထွက်လူစာရင်းမှာ ဂရင်းဝုဒ်တစ်ယောက်ကလွဲပြီး တစ်သင်းလုံးကို အပြောင်းအလဲလုပ်ထားခဲ့တာပါ။

ဂိုးပေါက်မှာ ဒီဂီယာပွဲထွက်လာပြီး နောက်တန်းမှာ ဘိုင်လီ၊ ဝီလျံ၊ တန်ဇွန်ဘီ၊ တယ်လက်စ်တို့ကိုထားပြီး ကွင်းလယ်မှာ အဖိုးကြီးအတွဲ လို့ပြောနိုင်တဲ့

မာတာ-မာတစ်အတွဲကို ဗန်ဒီဘိခ်နဲ့ တွဲပေးခဲ့တာပါ။

တိုက်စစ်ပိုင်းမှာ ချာတိတ် ၃ယောက်ဖြစ်တဲ့ ဂရင်းဝုဒ်၊ ဒီအာလိုနဲ့ အီလန်ဂါတို့ကို ပွဲထုတ်ခဲ့ပါတယ်။

လက်စတာကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးတာကြောင့် ဗာဒီ၊ အီယန်နာချို၊ အေဘရိုက်တန်၊ အန်ဒီဒီ၊ တယ်လီမန်းတို့နဲ့ ယှဉ်ပြိုင်သွားတာပါ။

ခပ်သွက်သွက်နဲ့ပွဲကိုစဖွင့်ခဲ့ပြီး ၁၀မိနစ်မှာကတည်းက လက်စတာက သောမက်စ်က ဦးဆောင်ဂိုးစသွင်းနိုင်ခဲ့တာပါ။

ဒါပေမယ့် ခြေစွမ်းပြနေတဲ့ ဂရင်းဝုဒ်က ယူနိုက်တက်အတွက် ချေပဂိုးကို ၅မိနစ်အကြာမှပဲ ချက်ချင်း ပြန်သွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒုတိယပိုင်း ၆၆ မိနစ်မှာတော့ အေဘရိုက်တန်ရဲ့ ဒေါင့်ကန်ဘောကို နောက်ခံလူ ဆိုရန်ကူက ခေါင်းတိုက်ပြီး အနိုင်ဂိုးသွင်းသွားခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီး နောက်ပိုင်းမှာ ဆိုးလ်ရှားဟာ ရက်ရှ်ဖို့ဒ်၊ ကာဗာနီနဲ့ ဖာနန်ဒက်စ်တို့ကို အပြသဘောထည့်ကစားခဲ့ြ့ပီး ကစားသမားတွေကလည်း ဒဏ်ရာမရအောင် ရှောင်ကစားသွားခဲ့ကြတာတွေ့၇ပါတယ်။

ယူနိုက်တက်က ဒီပွဲရှုံးသွားတဲ့အတွက် မန်စီးတီးက ၃ပွဲကျန်မှာ ၁၀မှတ်အသာနဲ့ ဗိုလ်စွဲသွားခဲ့ပြီး နောက်ဆုံး ၄နှစ်အတွင်းမှာ ၃ကြိမ် ချန်ပီယံဖြစ်တာလည်း ဖြစ်သွားခဲ့ပါတယ်။

လက်စတာအနိုင်ရသွားတဲ့အတွက် ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲ ၂နေရာစာအတွက် ပိုပြီးအကြိတ်အနယ်ရှိလာပြီး

လက်စတာ၊ ချဲလ်ဆီး၊ ဝက်စ်ဟမ်းနဲ့ လီဗာပူး အသင်းတို့ထဲ့က ၂သင်းသာ ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပြဲထြက္စာရင္းမွာ ၁၀ေနရာအထိ အေျပာင္းအလဲလုပ္ခဲ့တဲ့ မန္ယူအသင္း လက္စတာကို ရႈံးနိမ့္ခဲ့

နည္းျပဆိုးလ္ရွား ႀကိဳေျပာထားတဲ့အတိုင္း ယူႏိုက္တက္ဟာ ပြဲဆက္ေတြမ်ားေနတဲ့ ဒီကာလမွာ လက္စတာနဲ႔ပြဲအတြက္ လူငယ္ကစားသမားေတြနဲ႔ အရန္ေတြကိုပဲ အသုံးျပဳသြားခဲ့ပါတယ္။

ယူႏိုက္တက္ရဲ႕ ဒီရႈံးပြဲေၾကာင့္ မန္စီးတီးဟာ ေဘာလုံးရာသီၿပီးဆုံးဖို႔ ၃ပြဲအလိုမွာပဲ ပရီးမီးယားလိ၈္ ခ်န္ပီယံျဖစ္သြားခဲ့ပါၿပီ။

ယူႏိုက္တက္ဟာ ဒီပြဲရဲ႕ ပြဲထြက္လူစာရင္းမွာ ဂရင္းဝုဒ္တစ္ေယာက္ကလြဲၿပီး တစ္သင္းလုံးကို အေျပာင္းအလဲလုပ္ထားခဲ့တာပါ။

ဂိုးေပါက္မွာ ဒီဂီယာပြဲထြက္လာၿပီး ေနာက္တန္းမွာ ဘိုင္လီ၊ ဝီလ်ံ၊ တန္ဇြန္ဘီ၊ တယ္လက္စ္တို႔ကိုထားၿပီး ကြင္းလယ္မွာ အဖိုးႀကီးအတြဲ လို႔ေျပာႏိုင္တဲ့ မာတာ-မာတစ္အတြဲကို ဗန္ဒီဘိခ္နဲ႔ တြဲေပးခဲ့တာပါ။ တိုက္စစ္ပိုင္းမွာ ခ်ာတိတ္ ၃ေယာက္ျဖစ္တဲ့ ဂရင္းဝုဒ္၊ ဒီအာလိုနဲ႔ အီလန္ဂါတို႔ကို ပြဲထုတ္ခဲ့ပါတယ္။

လက္စတာကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အေရးႀကီးတာေၾကာင့္ ဗာဒီ၊ အီယန္နာခ်ိဳ၊ ေအဘ႐ိုက္တန္၊ အန္ဒီဒီ၊ တယ္လီမန္းတို႔နဲ႔ ယွဥ္ၿပိဳင္သြားတာပါ။ ခပ္သြက္သြက္နဲ႔ပြဲကိုစဖြင့္ခဲ့ၿပီး ၁၀မိနစ္မွာကတည္းက လက္စတာက ေသာမက္စ္က ဦးေဆာင္ဂိုးစသြင္းႏိုင္ခဲ့တာပါ။

ဒါေပမယ့္ ေျခစြမ္းျပေနတဲ့ ဂရင္းဝုဒ္က ယူႏိုက္တက္အတြက္ ေခ်ပဂိုးကို ၅မိနစ္အၾကာမွပဲ ခ်က္ခ်င္း ျပန္သြင္းႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒုတိယပိုင္း ၆၆မိနစ္မွာေတာ့ ေအဘ႐ိုက္တန္ရဲ႕ ေဒါင့္ကန္ေဘာကို ေနာက္ခံလူ ဆိုရန္ကူက ေခါင္းတိုက္ၿပီး အႏိုင္ဂိုးသြင္းသြားခဲ့ပါတယ္။

ဂိုးေပးလိုက္ရၿပီး ေနာက္ပိုင္းမွာ ဆိုးလ္ရွားဟာ ရက္ရွ္ဖို႔ဒ္၊ ကာဗာနီနဲ႔ ဖာနန္ဒက္စ္တို႔ကို အျပသေဘာထည့္ကစားခဲ့ျ့ပီး ကစားသမားေတြကလည္း ဒဏ္ရာမရေအာင္ ေရွာင္ကစားသြားခဲ့ၾကတာေတြ႕၇ပါတယ္။

ယူႏိုက္တက္က ဒီပြဲရႈံးသြားတဲ့အတြက္ မန္စီးတီးက ၃ပြဲက်န္မွာ ၁၀မွတ္အသာနဲ႔ ဗိုလ္စြဲသြားခဲ့ၿပီး ေနာက္ဆုံး ၄ႏွစ္အတြင္းမွာ ၃ႀကိမ္ ခ်န္ပီယံျဖစ္တာလည္း ျဖစ္သြားခဲ့ပါတယ္။ လက္စတာအႏိုင္ရသြားတဲ့အတြက္ ပရီးမီးယားလိဂ္ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္တိုက္ပြဲ ၂ေနရာစာအတြက္ ပိုၿပီးအႀကိတ္အနယ္ရွိလာၿပီး လက္စတာ၊ ခ်ဲလ္ဆီး၊ ဝက္စ္ဟမ္းနဲ႔ လီဗာပူး အသင္းတို႔ထဲ့က ၂သင္းသာ ဝင္ခြင့္ရရွိမွာျဖစ္ပါတယ္။