ပွဲထွက်ဂိုးနေရာအတွက် အယ်လစ်ဆန်ကို သတိပေးလိုက်တဲ့ အက်ဒရီယန်

photo-daily mail

photo-gettyimages

သူဟာ စိတ်ချရတဲ့အရန်ဂိုးသမားတစ်ယောက်ဆိုတာကို သက်သေပြနိုင်ခဲ့ပြီးနောက်မှာတော့ အက်ဒရီယန်ဟာ အဲဒါနဲ့တင် ကျေနပ်မနေတော့ဘဲ လီဗာပူးက ပထမဂိုးသမားနေရာအတွက် ယှဉ်ပြိုင်ဖို့ အဆင်ဆင့်ပဲလို့ လက်ရှိပွဲထွက်ဂိုးသမားအယ်လစ်ဆန်ကို သတိပေးလိုက်ပါတယ်။ အဲဒီစပိန်သားဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက ဝက်စ်ဟမ်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်လာခဲ့တာဖြစ်ပြီး ရောက်လာပြီး ၄ ရက်အကြာမှာပဲ လီဗာပူးအတွက် စတင်ကစားပေးခွင့်ရခဲ့ပါတယ်။ နော်ဝစ်ချ်ကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်မှာဖြစ်ပြီး ၃၉ မိနစ်မှာ အယ်လစ်ဆန်ဒဏ်ရာရသွားပြီးတဲ့နောက် လူစားဝင်ကစားခဲ့တာပါ။

photo-gettyimages

အဲဒီကတည်းက အက်ဒရီယန်ဟာ အခွင့်အရေးရရင်သလို နည်းပြကလော့ပ်က စိတ်ချစွာနဲ့ တာဝန်ပေးခြင်းခံခဲ့ရပြီး ရာသီတစ်လျှောက် နောက်ထပ် ၁၄ ပွဲ ဆက်လက်ကစားခွင့်ရခဲ့ပါတယ်။ သူဟာ အယ်လစ်ဆန်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိသလို အန်ဖီးလ်ကဘဝမှာ ပျော်ရွှင်နေပေမယ့်လည်း ဒုတိယအကောင်းဆုံးအနေနဲ့သာ ပြင်ထားတာမဟုတ်ကြောင်း ၃၃ နှစ်အရွယ် အက်ဒရီယန်က ပြောကြားခဲ့ပါတယ်။

photo-gettyimages

”အယ်လစ်ဆန်ဟာ အေးအေးဆေးဆေးနဲ့နှိမ့်နှိမ့်ချချရှိပြီး သူရရှိအောင်မြင်ခဲ့တာတွေအားလုံးနဲ့ ထိုက်တန်ပါတယ်။ ကျွန်တေ်ာတို့ အတူတကွ အချိန်များစွာကုန်ဆုံးခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ယှဉ်ပြိုင်ဖို့အတွက် ဒီနေရာကိုရောက်နေတာပါ။ အရန်ခုံမှာပဲ ထိုင်ပြီးစောင့်နေမှာတော့ မဟုတ်ပါဘူး။ မနှစ်က ချန်ပီယံလိဂ်နဲ့ကိုပါအမေရိကတု့ိမှာ သူဗိုလ်စွဲခဲ့ပြီး ကမ္ဘာပေါ်မှာ လက်ရှိအကောင်းဆုံးဂိုးသမားလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အနားမှာ ကျွန်တော်ရှိနေလို့ သူအေးအေးဆေးဆေးမနိုင်ပါဘူး။ အဲဒါကို ကျွန်တော်သက်သေပြထားပါတယ်”လို့ အက်ဒရီယန်က ပြောခဲ့တာပါ။

[Zawgyi]

ပြဲထြက္ဂိုးေနရာအတြက္ အယ္လစ္ဆန္ကို သတိေပးလိုက္တဲ့ အက္ဒရီယန္

သူဟာ စိတ္ခ်ရတဲ့အရန္ဂိုးသမားတစ္ေယာက္ဆိုတာကို သက္ေသျပႏိုင္ခဲ့ၿပီးေနာက္မွာေတာ့ အက္ဒရီယန္ဟာ အဲဒါနဲ႔တင္ ေက်နပ္မေနေတာ့ဘဲ လီဗာပူးက ပထမဂိုးသမားေနရာအတြက္ ယွဥ္ၿပိဳင္ဖို႔ အဆင္ဆင့္ပဲလုိ႔ လက္ရွိပြဲထြက္ဂိုးသမားအယ္လစ္ဆန္ကို သတိေပးလိုက္ပါတယ္။ အဲဒီစပိန္သားဟာ ၿပီးခ့ဲတဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ၀က္စ္ဟမ္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ေရာက္လာခဲ့တာျဖစ္ၿပီး ေရာက္လာၿပီး ၄ ရက္အၾကာမွာပဲ လီဗာပူးအတြက္ စတင္ကစားေပးခြင့္ရခဲ့ပါတယ္။ ေနာ္၀စ္ခ်္ကို ၄-၁ နဲ႔အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ရာသီအဖြင့္မွာျဖစ္ၿပီး ၃၉ မိနစ္မွာ အယ္လစ္ဆန္ဒဏ္ရာရသြားၿပီးတဲ့ေနာက္ လူစား၀င္ကစားခဲ့တာပါ။

အဲဒီကတည္းက အက္ဒရီယန္ဟာ အခြင့္အေရးရရင္သလို နည္းျပကေလာ့ပ္က စိတ္ခ်စြာနဲ႔ တာ၀န္ေပးျခင္းခံခဲ့ရၿပီး ရာသီတစ္ေလွ်ာက္ ေနာက္ထပ္ ၁၄ ပြဲ ဆက္လက္ကစားခြင့္ရခဲ့ပါတယ္။ သူဟာ အယ္လစ္ဆန္နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိသလို အန္ဖီးလ္ကဘ၀မွာ ေပ်ာ္ရႊင္ေနေပမယ့္လည္း ဒုတိယအေကာင္းဆုံးအေနနဲ႔သာ ျပင္ထားတာမဟုတ္ေၾကာင္း ၃၃ ႏွစ္အရြယ္ အက္ဒရီယန္က ေျပာၾကားခဲ့ပါတယ္။

”အယ္လစ္ဆန္ဟာ ေအးေအးေဆးေဆးနဲ႔ႏွိမ့္ႏွိမ့္ခ်ခ်ရွိၿပီး သူရရွိေအာင္ျမင္ခဲ့တာေတြအားလုံးနဲ႔ ထိုက္တန္ပါတယ္။ ကၽြန္ေတ္ာတို႔ အတူတကြ အခ်ိန္မ်ားစြာကုန္ဆုံးခဲ့ၾကပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ဟာ ယွဥ္ၿပိဳင္ဖို႔အတြက္ ဒီေနရာကိုေရာက္ေနတာပါ။ အရန္ခုံမွာပဲ ထိုင္ၿပီးေစာင့္ေနမွာေတာ့ မဟုတ္ပါဘူး။ မႏွစ္က ခ်န္ပီယံလိဂ္နဲ႔ကုိပါအေမရိကတု႔ိမွာ သူဗုိလ္စြဲခဲ့ၿပီး ကမာၻေပၚမွာ လက္ရွိအေကာင္းဆုံးဂုိးသမားလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ အနားမွာ ကၽြန္ေတာ္ရွိေနလုိ႔ သူေအးေအးေဆးေဆးမႏိုင္ပါဘူး။ အဲဒါကို ကၽြန္ေတာ္သက္ေသျပထားပါတယ္”လို႔ အက္ဒရီယန္က ေျပာခဲ့တာပါ။