ပွဲထွက်ခွင့် နည်းတဲ့ ဘန်ဒီဘိခ်ကို ဥထားအုံးမယ့် ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းကို စရောက်ချိန်က စပြီး နာမည်ကြီး ထမင်းငတ်ဖြစ်နေသူကတော့ ဘန်ဒီဘိခ်ပါ။

ပွဲမထွက်ရလို့ ဘန်ဒီဘိခ်တစ်ယောက် အသင်းပြောင်းတော့မယ်ဆိုပြီး အသံတွေထွက်နေပေမယ့် ယူနိုက်တက်ဖက်ကတော့ လာမယ့်နွေရာသီအပြောင်း အရွှေ့မှာနယ်သာလန်ကွင်းလယ်ကစားသမားလေးနဲ့ ပတ်သက်တဲ့ ဘယ်ကမ်းလှမ်းမှုကို မဆို ပယ်ချမယ်လို့ ဆိုထားပါတယ်။

ဘန်ဒီဘိခ်ကိုအသင်းဟောင်းဖြစ်တဲ့ အိုင်းယက်စ်ကအငှါးနဲ့ပြန်လည်ခေါ်ယူလိုပေမယ့်ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ သူ့ရဲ့ကွင်းလယ်ကစားသမားအတွက်အစီအစဉ်တွေရှိကြောင်းပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့လက နယ်သာလန်ကွင်းလယ်ကစားသမား ဘန်ဒီဘိခ်ကို ခေါ်ယူဖို့ဂျူဗင်တပ်စ်အသင်းက ကမ်းလှမ်းခဲ့ဖူးသလို ရိုးမားအသင်းကလည်း ခေါ်ယူဖို့ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ဘန်ဒီဘိခ်ရဲ့ယူနိုက်တက်ပထမဆုံးရာသီဟာအထင်နဲ့အမြင် လွဲပြီး၊ ပရီးမီးယားလိဂ်မှာစုစုပေါင်း၃၂၆မိနစ်သာပါဝင်ကစားပေးထားတာကိုတွေ့ရပါတယ်။

ပွဲထွက်ခွင့်နည်းတဲ့ ဘန်ဒီဘိခ်ဟာ ခြေစွမ်းပြဖို့ အခွင့်အရေးမရတာကြောင့် နိုဝင်ဘာလက ယှဉ်ပြိုင်ခဲ့တဲ့ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာသာပွဲချိန်ပြည့်ပါဝင်ကစားခဲ့ရပြီးသွင်းဂိုးတစ်ဂိုးသွင်းယူထားကာဂိုးဖန်တီးမှု၂ကြိမ်သာပြုလုပ်ထားခဲ့တာကိုတွေ့ရပါတယ်။

ဘန်ဒီဘိခ်ဟာ ပေါ့ဘာ၊ဖာနန်ဒက်စ်တို့ကြောင့် နေရာရဖို့ မလွယ်တဲ့ အနေအထားမျိုးမှာ နောက်တစ်ရာသီသာဆက်ရှိမယ်ဆိုရင် သံချေးတက်တဲ့ အင်ဂျင်တစ်လုံးလို ဖြစ်သွားမှာလည်း စိုးရိမ်ရပါတယ်။

ယူနိုက်တက်က ခေါင်းကြီးရဲ့အစီအစဉ်တွေကို ဆက်စောင့်ကြည့်ရမှာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပြဲထြက္ခြင့္ နည္းတဲ့ ဘန္ဒီဘိခ္ကို ဥထားအုံးမယ့္ ဆိုးလ္ရွား

ယူႏိုက္တက္အသင္းကို စေရာက္ခ်ိန္က စၿပီး နာမည္ႀကီး ထမင္းငတ္ျဖစ္ေနသူကေတာ့ ဘန္ဒီဘိခ္ပါ။ ပြဲမထြက္ရလို႔ ဘန္ဒီဘိခ္တစ္ေယာက္ အသင္းေျပာင္းေတာ့မယ္ဆိုၿပီး အသံေတြထြက္ေနေပမယ့္ ယူႏိုက္တက္ဖက္ကေတာ့ လာမယ့္ေႏြရာသီအေျပာင္း အေ႐ႊ႕မွာနယ္သာလန္ကြင္းလယ္ကစားသမားေလးနဲ႔ ပတ္သက္တဲ့ ဘယ္ကမ္းလွမ္းမႈကို မဆို ပယ္ခ်မယ္လို႔ ဆိုထားပါတယ္။

ဘန္ဒီဘိခ္ကိုအသင္းေဟာင္းျဖစ္တဲ့အိုင္းယက္စ္ကအငွါးနဲ႔ျပန္လည္ေခၚယူလိုေပမယ့္ယူႏိုက္တက္နည္းျပဆိုးလ္ရွားကေတာ့ သူ႔ရဲ႕ကြင္းလယ္ကစားသမားအတြက္အစီအစဥ္ေတြရွိေၾကာင္းေျပာဆိုထားပါတယ္။

ၿပီးခဲ့တဲ့လကနယ္သာလန္ကြင္းလယ္ကစားသမားဘန္ဒီဘိခ္ကိုေခၚယူဖို႔ဂ်ဴဗင္တပ္စ္အသင္းကကမ္းလွမ္းခဲ့ဖူးသလို႐ိုးမားအသင္းကလည္း ေခၚယူဖို႔ခ်ိတ္ဆက္ခဲ့တာျဖစ္ပါတယ္။

ဘန္ဒီဘိခ္ရဲ႕ယူႏိုက္တက္ပထမဆုံးရာသီဟာအထင္နဲ႔အျမင္ လြဲၿပီး၊ ပရီးမီးယားလိဂ္မွာစုစုေပါင္း၃၂၆မိနစ္သာပါဝင္ကစားေပးထားတာကိုေတြ႕ရပါတယ္။

ပြဲထြက္ခြင့္နည္းတဲ့ ဘန္ဒီဘိခ္ဟာ ေျခစြမ္းျပဖို႔ အခြင့္အေရးမရတာေၾကာင့္ ႏိုဝင္ဘာလက ယွဥ္ၿပိဳင္ခဲ့တဲ့ေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္မွာသာပြဲခ်ိန္ျပည့္ပါဝင္ကစားခဲ့ရၿပီးသြင္းဂိုးတစ္ဂိုးသြင္းယူထားကာဂိုးဖန္တီးမႈ၂ႀကိမ္သာျပဳလုပ္ထားခဲ့တာကိုေတြ႕ရပါတယ္။

ဘန္ဒီဘိခ္ဟာ ေပါ့ဘာ၊ဖာနန္ဒက္စ္တို႔ေၾကာင့္ ေနရာရဖို႔ မလြယ္တဲ့ အေနအထားမ်ဳိးမွာ ေနာက္တစ္ရာသီသာဆက္ရိွမယ္ဆိုရင္ သံေခ်းတက္တဲ့ အင္ဂ်င္တစ္လုံးလို ျဖစ္သြားမွာလည္း စိုးရိမ္ရပါတယ္။ ယူႏိုက္တက္ ကေခါင္းႀကီးရဲ႕အစီအစဥ္ေတြကို ဆက္ေစာင့္ၾကည့္ရမွာပါပဲ။