
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်ကို အနိုင်ယူခဲ့ပြီး ချန်ပီယံလိ၈်ဝင်ခွင့်အတွက် အရေးကြီးတဲ့အောင်ပွဲတစ်ခုကို ရယူနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ လီဗာပူးနည်းပြ ကလော့ပ်တစ်ယောက် မာနေးရဲ့ လုပ်ရပ်တစ်ခုကြောင့် အရှက်ကွဲခဲ့ရပါတယ်။
မာနေးဟာ ပွဲပြီးလို့ ကွင်းထဲဝင်လာပြီး ၂ဖက်အသင်းသားတွေကို လိုက်နှုတ်ဆက်တဲ့ ကလော့ပ်ရဲ့ နှုတ်ဆက်မှုကို မသိကျိုးကျွံပြုသွားခဲ့တာပါ။
ဒီပွဲမှာ မာနေးဟာ ပွဲကစားချိန် ၇၄ မိနစ်မှာမှ ဂျိုတာရဲ့နေရာကို လူစားဝင်ရောက ်ကစားခဲ့ရတာဖြစ်ပြီး ပွဲချိန်၁၅ မိနစ်ခန့်သာ ကစားခဲ့ရတဲ့အပေါ် စိတ်ဆိုးမာန်ဆိုးဖြစ်နေတယ်လို့ ယူဆရပြီး နည်းပြဖြစ်သူကို မကျေနပ်မှုကို ပြသသွားတာပါ။
ပွဲအပြီးမှာ ကလော့ပ်က သူ့ရဲ့ကစားသမားတွေကို လက်ဆွဲနှုတ်ဆက်မှုတွေ လိုက်လံပြုလုပ်နေခဲ့ပြီး ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ ဂိုးသမားဟန်ဒါဆန်၊ မက်တော်မီနေးတို့နဲ့လည်း နှုတ်ဆက်ခဲ့ပါတယ်။
အဲ့ဒီ့နောက်မှာ မက်တော်မီနေးနဲ့ အတူတူလမ်းလျှောက်ပြီး ကွင်းပြင်ထွက်ခွာနေတဲ့ မာနေးကို လက်ဆွဲနှုတ်ဆက်ဖို့ ကလော့ပ်က လက်ကမ်းခဲ့ပေမယ့် မာနေးက ခေါင်းခါပြကာ ငြင်းဆန်ခဲ့တဲ့အတွက် ကလော့ပ်တစ်ယောက် အရှက်ရစရာဖြစ်ခဲ့တာပါ။
ရုပ်သံကင်မရာတွေက ဒီဖြစ်ရပ်ကို သေချာရိုက်ပြခဲ့ပြီး ကလော့ပ်ဟာ မာနေးကို တစ်စုံတစ်ခုလှမ်းပြောခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
အဲ့ဒီနောက် ကလော့ပ်ဟာ အခြားကစားသမားတွေကို နှုတ်ဆက်ဖို့အတွက် လှည့်ထွက်သွားခဲ့ပြီး မာနေးကတော့ ခပ်တည်တည်နဲ့ပဲ ကွင်းပြင်ကိုထွက်သွားခဲ့တာဖြစ်ပါတယ်။
ပွဲအပြီး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ကလော့ပ်က “ဒါက ဘာမှပြသနာမရှိပါဘူး၊ မနေ့က လေ့ကျင့်ရေးကွင်းမှာ ဂျိုတာကို ထည့်ကစားဖို့ ကျွန်တော်ဆုံးဖြတ်ထားခဲ့တာပါ၊
ဒီကစားသမားတွေကိုလည်း အသုံးပြုရပါလိမ့်မယ်၊ ပုံမှန်အားဖြင့်လည်း ဒါတွေကိုရှင်းပြဖို့ အချိန်မရှိပါဘူး၊ အားလုံးက အေးဆေးပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။
မာနေးဟာ လက်ရှိအချိန်မှဗာ ဂိုးသွင်းအားကျနေပြီး ဒီရာသီမှာ လီဗာပူးအတွက် ပရီးမီးယားလိဂ်ပွဲ ၃၁ ပွဲကစားပေးထားချိန်မှာ သွင်းဂိုး ၉ ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။
ပြိုင်ပွဲစုံအနေနဲ့ ၄၄ ပွဲကစားပေးထားပြီး ၁၄ ဂိုးသွင်းယူထားကာ သူ့နေရာမှာ ကလော့ပ်ထည့်သွင်းခဲ့တဲ့ ဂျိုတာကတော့ လိဂ်ပွဲ ၁၈ ပွဲမှာ ၉ ဂိုးသွင်းယူထားပြီး ပြိုင်ပွဲစုံ ၂၉ ပွဲမှာ ၁၃ ဂိုးအထိ ရရှိထားကာ မာနေးထက် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသနေခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်နဲပ့ွဲမှာလည်း ဂျိုတာက ၁ဂိုး သွင်းနိုင်ခဲ့တဲ့အတွက် ကလော့ပ်ရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ ဆိုရမှာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ပြဲထြက္ခြင့္ကိစၥမေက်နပ္တဲ့ မာေနးက နည္းျပကေလာ့ပ္နဲ႔ေတာင္ လက္ဆြဲမႏႈတ္ဆက္ေတာ့
ယူႏိုက္တက္ကို အႏိုင္ယူခဲ့ၿပီး ခ်န္ပီယံလိ၈္ဝင္ခြင့္အတြက္ အေရးႀကီးတဲ့ေအာင္ပြဲတစ္ခုကို ရယူႏိုင္ခဲ့ေပမယ့္ ပြဲအၿပီးမွာ လီဗာပူးနည္းျပ ကေလာ့ပ္တစ္ေယာက္ မာေနးရဲ႕ လုပ္ရပ္တစ္ခုေၾကာင့္ အရွက္ကြဲခဲ့ရပါတယ္။ မာေနးဟာ ပြဲၿပီးလို႔ ကြင္းထဲဝင္လာၿပီး ၂ဖက္အသင္းသားေတြကို လိုက္ႏႈတ္ဆက္တဲ့ ကေလာ့ပ္ရဲ႕ ႏႈတ္ဆက္မႈကို မသိက်ိဳးကြၽံျပဳသြားခဲ့တာပါ။
ဒီပြဲမွာ မာေနးဟာ ပြဲကစားခ်ိန္ ၇၄ မိနစ္မွာမွ ဂ်ိဳတာရဲ႕ေနရာကို လူစားဝင္ေရာက ္ကစားခဲ့ရတာျဖစ္ၿပီး ပြဲခ်ိန္၁၅ မိနစ္ခန႔္သာ ကစားခဲ့ရတဲ့အေပၚ စိတ္ဆိုးမာန္ဆိုးျဖစ္ေနတယ္လို႔ ယူဆရၿပီး နည္းျပျဖစ္သူကို မေက်နပ္မႈကို ျပသသြားတာပါ။ ပြဲအၿပီးမွာ ကေလာ့ပ္က သူ႔ရဲ႕ကစားသမားေတြကို လက္ဆြဲႏႈတ္ဆက္မႈေတြ လိုက္လံျပဳလုပ္ေနခဲ့ၿပီး ယူႏိုက္တက္ကစားသမားေတြျဖစ္တဲ့ ဂိုးသမားဟန္ဒါဆန္၊ မက္ေတာ္မီေနးတို႔နဲ႔လည္း ႏႈတ္ဆက္ခဲ့ပါတယ္။ အဲ့ဒီ့ေနာက္မွာ မက္ေတာ္မီေနးနဲ႔ အတူတူလမ္းေလွ်ာက္ၿပီး ကြင္းျပင္ထြက္ခြာေနတဲ့ မာေနးကို လက္ဆြဲႏႈတ္ဆက္ဖို႔ ကေလာ့ပ္က လက္ကမ္းခဲ့ေပမယ့္ မာေနးက ေခါင္းခါျပကာ ျငင္းဆန္ခဲ့တဲ့အတြက္ ကေလာ့ပ္တစ္ေယာက္ အရွက္ရစရာျဖစ္ခဲ့တာပါ။
႐ုပ္သံကင္မရာေတြက ဒီျဖစ္ရပ္ကို ေသခ်ာ႐ိုက္ျပခဲ့ၿပီး ကေလာ့ပ္ဟာ မာေနးကို တစ္စုံတစ္ခုလွမ္းေျပာခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီေနာက္ ကေလာ့ပ္ဟာ အျခားကစားသမားေတြကို ႏႈတ္ဆက္ဖို႔အတြက္ လွည့္ထြက္သြားခဲ့ၿပီး မာေနးကေတာ့ ခပ္တည္တည္နဲ႔ပဲ ကြင္းျပင္ကိုထြက္သြားခဲ့တာျဖစ္ပါတယ္။
ပြဲအၿပီး ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ ကေလာ့ပ္က “ဒါက ဘာမွျပသနာမရွိပါဘူး၊ မေန႔က ေလ့က်င့္ေရးကြင္းမွာ ဂ်ိဳတာကို ထည့္ကစားဖို႔ ကြၽန္ေတာ္ဆုံးျဖတ္ထားခဲ့တာပါ၊ ဒီကစားသမားေတြကိုလည္း အသုံးျပဳရပါလိမ့္မယ္၊ ပုံမွန္အားျဖင့္လည္း ဒါေတြကိုရွင္းျပဖို႔ အခ်ိန္မရွိပါဘူး၊ အားလုံးက ေအးေဆးပါ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။
မာေနးဟာ လက္ရွိအခ်ိန္မွဗာ ဂိုးသြင္းအားက်ေနၿပီး ဒီရာသီမွာ လီဗာပူးအတြက္ ပရီးမီးယားလိဂ္ပြဲ ၃၁ ပြဲကစားေပးထားခ်ိန္မွာ သြင္းဂိုး ၉ ဂိုးသာ သြင္းယူေပးထားႏိုင္ခဲ့ပါတယ္။ ၿပိဳင္ပြဲစုံအေနနဲ႔ ၄၄ ပြဲကစားေပးထားၿပီး ၁၄ ဂိုးသြင္းယူထားကာ သူ႔ေနရာမွာ ကေလာ့ပ္ထည့္သြင္းခဲ့တဲ့ ဂ်ိဳတာကေတာ့ လိဂ္ပြဲ ၁၈ ပြဲမွာ ၉ ဂိုးသြင္းယူထားၿပီး ၿပိဳင္ပြဲစုံ ၂၉ ပြဲမွာ ၁၃ ဂိုးအထိ ရရွိထားကာ မာေနးထက္ ပိုမိုေကာင္းမြန္တဲ့ ေျခစြမ္းေတြကို ျပသေနခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္နဲပ့ြဲမွာလည္း ဂ်ိဳတာက ၁ဂိုး သြင္းႏိုင္ခဲ့တဲ့အတြက္ ကေလာ့ပ္ရဲ႕ ဆုံးျဖတ္ခ်က္ မွန္ကန္တယ္လို႔ ဆိုရမွာပါ။