ပွဲထွက်ကစားခွင့်အတွက် ရော်နယ်ဒိုကို အပြိုင်ဖိုက်ဖို့ ဆုံးဖြတ်ထားတဲ့ ကာဗာနီ

1xbet မှာ အကောင့်ဖွင့်ပြီး ကစားမယ့်ဆိုရင် ဒီ viber link ကိုနှိပ်ပါ…

ဥရုဂွေးအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီကတော့ ယူနိုက်တက်အသင်းဆီ စီ ရော်နယ်ဒို ပြန်လည် ရောက်ရှိလာခြင်းကြောင့် သူ့ရဲ့တွေးခေါ်ပုံနဲ့ အပြုအမူတွေကို ပြောင်းလဲစေမှာမဟုတ်ဘူးလို့ ဆိုခဲ့ပြီး နေရာလုပွဲအတွက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

ရော်နယ်ဒိုဟာ အိုးထရက်ဖို့ဒ်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် အထောင်တိုက်စစ်မှူးနေရာမှာသာ ကစားနေပြီး ကာဗာနီနဲ့ မာရှယ်တို့ရဲ့ ပွဲထွက်ခွင့်ကို အတော်လေး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ကာဗာနီဟာ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာမှ ပရီးမီးယားလိဂ်ကို စတင်ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပြီး ပွဲချိန် (၅၀)ကျော်ရောက်တော့ ရော်နယ်ဒိုနဲ့ လူစားလဲခံခဲ့ရပါတယ်။

ကာဗာနီက “အရေးကြီးဆုံးအရာကတော့ ခင်ဗျားကစားရမယ့် အလှည့်ရောက်ရင် အသင့်ဖြစ်နေဖို့ပါ။

ကျွန်တော်က အမြဲတမ်းပွဲတွေကစားလိုနေမှာပဲ။

ဒါပေမယ့် ရော်နယ်ဒို ကလည်း အမြဲတမ်း အသင်းအတွက် ရှိချင်နေမှာပါ။

ဒါပေမယ့် အဲလိုဖြစ်နေလို့လည်း ကျွန်တော့်ရဲ့တွေးခေါ်ပုံနဲ့အပြုအမူကိုပြောင်းလဲစေမှာမဟုတ်ပါဘူး။”

“ကျွန်တော်ဟာ ယူနိုက်တက်ရဲ့အစိတ်အပိုင်းတစ်ခုပါ။ ဘောလုံးမှာက အမြဲတမ်း အသင့်ဖြစ်နေဖို့လိုပါတယ်။

ဒီလိုအသင့်ဖြစ်နေခြင်းက ခင်ဗျား ထိပ်တန်းအဆင့်ကိုရောက်စေဖို့ သော့ချက်တစ်ခုဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ ပွဲတွေအများကြီးကစားရသလို တစ်ခါတလေတော့ နည်းပါလိမ့်မယ်။

ဒါဟာ မန်နေဂျာရဲ့ဆုံးဖြတ်ချက်ပေါ့။ ဒါပေမယ့် နေရာပြိုင်ဆိုင်မှုအတွက် အလုပ်ကြိုးစားမှုကို ရပ်တန့်ပစ်လို့မရပါဘူး။”

“လိဂ်က စနေပြီ ဖြစ်သလို ကျွန်တော့်အတွက်ကလည်း ပွဲချိန်တွေလိုအပ်ပါတယ်။

ဒီရာသီက မနှစ်ကလိုတော့ မဟုတ်လောက်ပါဘူး။

ဒါပေမယ့်ပြောခဲ့သလိုပဲ ကျွန်တော်ဟာ ယူနိုက်တက်အစိတ်အပိုင်းတစ်ခုအဖြစ် ဒီနေရာမှာ ရှိနေသေးပါတယ်။ ” လို့ ဆိုသွားခဲ့ပါတယ်။

1xbet မှာ အကောင့်ဖွင့်ပြီး ကစားမယ့်ဆိုရင် ဒီ viber link ကိုနှိပ်ပါ…

zawgyi

ပြဲထြက္ကစားခြင့္အတြက္ ​ေရာ္နယ္ဒိုကို အၿပိဳင္ဖိုက္ဖို႔ ဆုံးျဖတ္ထားတဲ့ ကာဗာနီ

ဥ႐ုေဂြးအသင္းရဲ႕ ဝါရင့္တိုက္စစ္မႉး ကာဗာနီကေတာ့ ယူႏိုက္တက္အသင္းဆီ စီ ေရာ္နယ္ဒို ျပန္လည္ ေရာက္ရွိလာျခင္းေၾကာင့္ သူ႔ရဲ႕ေတြးေခၚပုံနဲ႔ အျပဳအမူေတြကို ေျပာင္းလဲေစမွာမဟုတ္ဘူးလို႔ ဆိုခဲ့ၿပီး ေနရာလုပြဲအတြက္ တိုက္ပြဲဝင္သြားမယ္လို႔ ဆိုပါတယ္ ။ ေရာ္နယ္ဒိုဟာ အိုးထရက္ဖို႔ဒ္သို႔ ျပန္လည္ေရာက္ရွိလာၿပီးေနာက္ အေထာင္တိုက္စစ္မႉးေနရာမွာသာ ကစားေနၿပီး ကာဗာနီနဲ႔ မာရွယ္တို႔ရဲ႕ ပြဲထြက္ခြင့္ကို အေတာ္ေလး ၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။

ကာဗာနီဟာ ၿပီးခဲ့တဲ့ အဲဗာတန္နဲ႔ပြဲမွာမွ ပရီးမီးယားလိဂ္ကို စတင္ပြဲထြက္ခြင့္ရခဲ့တာ ျဖစ္ၿပီး ပြဲခ်ိန္ (၅၀)ေက်ာ္ေရာက္ေတာ့ ေရာ္နယ္ဒိုနဲ႔ လူစားလဲခံခဲ့ရပါတယ္။ ကာဗာနီက “အေရးႀကီးဆုံးအရာကေတာ့ ခင္ဗ်ားကစားရမယ့္ အလွည့္ေရာက္ရင္ အသင့္ျဖစ္ေနဖို႔ပါ။ ကြၽန္​ေတာ္က အၿမဲတမ္းပြဲေတြကစားလိုေနမွာပဲ။ဒါေပမယ့္ ေရာ္နယ္ဒို ကလည္း အၿမဲတမ္း အသင္းအတြက္ ရွိခ်င္ေနမွာပါ။ ဒါေပမယ့္ အဲလိုျဖစ္ေနလို႔လည္း ကြၽန္​ေတာ့္ရဲ႕ေတြးေခၚပုံနဲ႔အျပဳအမူကိုေျပာင္းလဲေစမွာမဟုတ္ပါဘူး။”

“ကြၽန္​ေတာ္ဟာ ယူႏိုက္တက္ရဲ႕အစိတ္အပိုင္းတစ္ခုပါ။ ေဘာလုံးမွာက အၿမဲတမ္း အသင့္ျဖစ္ေနဖို႔လိုပါတယ္။ ဒီလိုအသင့္ျဖစ္ေနျခင္းက ခင္ဗ်ား ထိပ္တန္းအဆင့္ကိုေရာက္ေစဖို႔ ေသာ့ခ်က္တစ္ခုျဖစ္ပါတယ္။ တစ္ခါတစ္ရံမွာ ပြဲေတြအမ်ားႀကီးကစားရသလို တစ္ခါတေလေတာ့ နည္းပါလိမ့္မယ္။ဒါဟာ မန္ေနဂ်ာရဲ႕ဆုံးျဖတ္ခ်က္ေပါ့။ ဒါေပမယ့္ ေနရာၿပိဳင္ဆိုင္မႈအတြက္ အလုပ္ႀကိဳးစားမႈကို ရပ္တန႔္ပစ္လို႔မရပါဘူး။”

“လိဂ္က စ​ေနၿပီ ျဖစ္သလို ကြၽန္​ေတာ့္အတြက္ကလည္း ပြဲခ်ိန္ေတြလိုအပ္ပါတယ္။ ဒီရာသီက မႏွစ္ကလိုေတာ့ မဟုတ္ေလာက္ပါဘူး။ ဒါေပမယ့္​ေျပာခဲ့သလိုပဲ ကြၽန္​ေတာ္ဟာ ယူႏိုက္တက္အစိတ္အပိုင္းတစ္ခုအျဖစ္ ဒီေနရာမွာ ရွိေနေသးပါတယ္။ ” လို႔ ဆိုသြားခဲ့ပါတယ္။