
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အချက်အလက်နဲ့ စွမ်းဆောင်နိုင်မှုအပေါ်ကို အခြေခံပြီးတွက်ချက်လေ့ရှိတဲ့ စူပါကွန်ပျူတာကတော့ လာမယ့်ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ခန့်မှန်းခဲ့ရာမှာလက်ရှိချန်ပီယံဖြစ်တဲ့ မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ရှိနေတယ်လို့ အဖြေထွက်ထားပါတယ်။
မန်စီးတီးအသင်းဟာပြီးခဲ့တဲ့မေလတုန်းကမြို့ခံပြိုင်ဘက်ယူနိုက်တက်အားရမှတ်၁၂မှတ်အထိဖြတ်ကာပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပါတယ်။
ပက်ဂွါဒီယိုလာရဲ့အသင်းဟာလာမယ့်၂၀၂၁-၂၂ဘောလုံးရာသီအားဩဂုတ်လ၁၅ရက်နေ့မှာစပါးအသင်းနှင့်ရင်ဆိုင်ကစားကာစတင်ရမှာဖြစ်ပါတယ်။
စူပါကွန်ပျူတာက လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ဦးစားပေးလာနိုင်တဲ့ ချယ်လ်ဆီးအသင်းကိုတော့ ဒုတိယရေပန်းအစားဆုံးအဖြစ် သတ်မှတ်ထားသလို လီဗာပူးအသင်းကို တတိယနေရာမှာ ထားပြီး ယူနိုက်တက်ကိုတော့ စတုတ္ထနေရာမှာ ရှိနေစေတာ ဖြစ်ပါတယ်။
၂၆ နှစ်အတွင်း ဥရောပပြိုင်ပွဲနဲ့ လွှဲချော်ခဲ့ရတဲ့အာဆင်နယ်အနေနဲ့ အဆင့်-၇ နေရာနဲ့ ဥရောပပြိုင်ပွဲကစားခွင့်ကို ပြန်လည်ရရှိမှာဖြစ်တယ်လို့ ခန့်မှန်းထားပြီး စပါးနဲ့ လက်စတာတို့ကတော့အာဆင်နယ်ရဲ့ အထက်မှာ ရှိနေတယ်လို့ တွက်ချက်ထားပါတယ်။
စူပါကွန်ပျူတာရဲ့ အခြားတွက်ချက်မှုအရတော့ လာမယ့်နှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိခဲ့တဲ့ နော်ဝစ်ချ်၊ဘရန်ဖို့ဒ်နဲ့ ဝက်ဖို့ဒ် အသင်းတွေကတော့ ရာသီအကုန်မှာ ချန်ပီယံရှစ်ကို ပြန်လည်ရောက်ရှိသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မန်စီးတီးဟာယခုနွေရာသီအဓိကပစ်မှတ်အဖြစ်ဟယ်ရီကိန်းနှင့်ဂျက်ဂရဲလ်လစ်ရှ်တို့အားခေါ်ယူရန်ကြိုးပမ်းနေပါတယ်။
ဟယ်ရီကိန်းဟာမနေ့တုန်းကစပါးအသင်းလေ့ကျင့်ရေးကွင်းသို့သွားရောက်ဖို့ပျက်ကွက်တာကြောင့် ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ပွဲတွေတောင်မကန်ရသေးဘဲ မန်စီးတီး ဖလားကာကွယ်နိုင်မယ်လို့ စူပါကွန်ပျူတာ ခန့်မှန်း
စူပါကွန်ပျူတာရဲ့ အခြားတွက်ချက်မှုအရတော့ လာမယ့်နှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိခဲ့တဲ့ နော်ဝစ်ခ်ျ၊ဘရန်ဖို့ဒ်နဲ့ ဝက်ဖို့ဒ် အသင်းတွေကတော့ ရာသီအကုန်မှာ ချန်ပီယံရှစ်ကို ပြန်လည်ရောက်ရှိသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။