ပွဲစဉ် ၈အပြီး ပရီးမီးယားလိဂ်အကောင်းဆုံးနဲ့ အဆိုးဆုံးအသင်း

Photo Credit

Photo Credit

အချက်အလက်တွေနဲ့ ဖော်ပြလေ့ရှိတဲ့ နာမည်ကြီး Whoscored က ပရီးမီးယားလိဂ်ပွဲစဉ် ၈အပြီး ကစားသမားတွေရဲ့အချက်အလက်တွေကို Rating အဖြစ် သတ်မှတ်ပေးလေ့ရှိပြီး အဲဒီ Rating အပေါ် မူတည်ကာ ပရီးမီးယားလိဂ်ပွဲစဥ ၈အပြီး အကောင်းဆုံးအသင်းနဲ့ အဆိုးရွားဆုံးအသင်းတို့ကို ရွေးထုတ်ခဲ့ပါတယ်။

Photo Credit

အကောင်းဆုံးအသင်းမှာ ဘန်လေအသင်းဂိုးသမား နစ်ပုပ်က Rating ၆.၉ နဲ့အတူ ဂိုးသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး ညာနောက်ခံလူအဖြစ် လက်စတာကစားသမား ပါရဲရား(၇.၅)၊ ဗဟိုခံစစ်အတွဲအဖြစ် လီဗာပူးရဲမာတစ်( ၇.၆)နဲ့ ဝုဗ်ရဲ့ ဝီလီဘိုလီ(၇.၅)တို့ အသီးသီးရွေးချယ်ခြင်းခံခဲ့ရပါတယ်။

Photo Credit

ဘယ်နောက်ခံလူအဖြစ် ဘုန်းမောက်ကစားသမား ဒီကလန်ရီကိုက Rating ၇.၃ နဲ့ ရွေးချယ်ခံခဲ့ရပါတယ်။ ကွင်းလယ် ၄ယောက်တန်းမှာတော့ စီးတီးကစားသမားအများစု လွှမ်းမိုးထားပြီး ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာ အထူးခြေစွမ်းပြနေတဲ့ အက်စ်တွန်ဗီလာကစားသမား မက်ဂင်းတစ်ဦးတည်း စီးတီးမဟုတ်တဲ့ကစားသမားအဖြစ် ကွင်းလယ်မှာ ရွေးချယ်ခံခဲ့ရပါတယ်။

Photo Credit

ညာတောင်ပံကစားသမားအဖြစ် မာရက်ဇ်က Rating ၇.၇၊ ဗဟိုကွင်းလယ်မှာ ဒီဘရိုင်းက ၈.၁ နဲ့ ပါဝင်လာသလို ဘယ်တောင်ပံမှာလည်း စတာလင်းက ၇.၈ နဲ့ ပါဝင်လာပါတယ်။ ဒီဘရိုင်းကတော့ ပွဲစဉ် ၈အပြီး Rating အများဆုံးကစားသမားအဖြစ်ပါ ရပ်တည်နိုင်ခဲ့ပါတယ်။

Photo Credit

တိုက်စစ်မှာတော့ အဂွဲရိုးက ၄ဦးမြောက်စီးတီးကစားသမားအဖြစ် Rating ၇.၇နဲ့ ပါဝင်လာပြီး လီဗာပူးတိုက်စစ်မှူး ဖာမီနိုကလည်း ၇.၇နဲ့ပဲ တွဲဘက်တိုက်စစ်မှူးအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

Photo Credit

အဆိုးရွားဆုံးအသင်းအတွက် ရွေးချယ်ရာမှာတော့ အနည်းဆုံးမိနစ် ၃၀၀ ကစားထားသူတွေထဲကနေ ရွေးချယ်ထားတာဖြစ်ပြီး ဝက်ဖို့ဒ်ဂိုးသမား ဘင်ဖော်စတာက Rating ၆.၀၇ နဲ့ ဂိုးသမားနေရာမှာ ပါဝင်လာပါတယ်။

Photo Credit

ခံစစ်တန်းမှာ နယူးကာဆယ်ရဲ့ အီမေးလ်ခရက်ဖ်(၆.၁၅)၊ ဝက်ဖို့ဒ်ရဲ့ခရိတ်ဒေါ်ဆင်(၆.၃၉)၊ ဆောက်သမ်တန်ကစားသမားတွေဖြစ်တဲ့ ယိုရှီဒါ(၆.၄)နဲ့ ဘာထရန်(၆.၂၇)တို့ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

Photo Credit

ကွင်းလယ်မှာတော့ ဝက်စ်ဟမ်းကစားသမားသစ် ဖော်နယ်(၆.၂၆)၊ အဲဗာတန်ရဲ့ရှနိုက်ဒါလင် (၆.၀၇)၊ နယူးကာဆယ်ရဲ့အယ်လ်မီရွန်(၆.၂၃)၊ ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ မာတာ(၆.၁၇)နဲ့ လင်ဂတ်(၆.၂၆)တို့ ပါဝင်လာပါတယ်။ အထောင်တိုက်စစ်မှူးအဖြစ် ၇ပွဲကစားအပြီး တစ်ဂိုးမှမသွင်းနိုင်သေးတဲ့ဘရိုက်တန်တိုက်စစ်မှူး ဂလင်းမာရေးက Rating ၆.၁၆နဲ့ ရွေးချယ်ခံခဲ့ရပါတယ်။

Photo Credit ; Getty Images

Zawgyi

ပြဲစဥ္ ၈အၿပီး ပရီးမီးယားလိဂ္အေကာင္းဆုံးနဲ႔ အဆုိးဆုံးအသင္း

အခ်က္အလက္ေတြနဲ႔ ေဖာ္ျပေလ့ရွိတ့ဲ နာမည္ႀကီး Whocscored က ပရီးမီးယားလိဂ္ပြဲစဥ္ ၈အၿပီး ကစားသမားေတြရဲ႕အခ်က္အလက္ေတြကို Rating အျဖစ္ သတ္မွတ္ေပးေလ့ရွိၿပီး အဲဒီ Rating အေပၚ မူတည္ကာ ပရီးမီးယားလိဂ္ပြဲစဥ ၈အၿပီး အေကာင္းဆုံးအသင္းနဲ႔ အဆုိးရြားဆုံးအသင္းတို႔ကို ေရြးထုတ္ခဲ့ပါတယ္။
အေကာင္းဆုံးအသင္းမွာ ဘန္ေလအသင္းဂိုးသမား နစ္ပုပ္က Rating ၆.၉ နဲ႔အတူ ဂိုးသမားအျဖစ္ ေရြးခ်ယ္ခံခဲ့ရၿပီး ညာေနာက္ခံလူအျဖစ္ လက္စတာကစားသမား ပါရဲရား(၇.၅)၊ ဗဟိုခံစစ္အတြဲအျဖစ္ လီဗာပူးရဲမာတစ္( ၇.၆)နဲ႔ ၀ုဗ္ရဲ႕ ၀ီလီဘုိလီ(၇.၅)တို႔ အသီးသီးေရြးခ်ယ္ျခင္းခံခဲ့ရပါတယ္။
ဘယ္ေနာက္ခံလူအျဖစ္ ဘုန္းေမာက္ကစားသမား ဒီကလန္ရီကိုက Rating ၇.၃ နဲ႔ ေရြးခ်ယ္ခံခဲ့ရပါတယ္။ ကြင္းလယ္ ၄ေယာက္တန္းမွာေတာ့ စီးတီးကစားသမားအမ်ားစု လႊမ္းမိုးထားၿပီး ပရီးမီးယားလိဂ္ပြဲဦးထြက္ရာသီမွာ အထူးေျခစြမ္းျပေနတဲ့ အက္စ္တြန္ဗီလာကစားသမား မက္ဂင္းတစ္ဦးတည္း စီးတီးမဟုတ္တဲ့ကစားသမားအျဖစ္ ကြင္းလယ္မွာ ေရြးခ်ယ္ခံခဲ့ရပါတယ္။
ညာေတာင္ပံကစားသမားအျဖစ္ မာရက္ဇ္က Rating ၇.၇၊ ဗဟိုကြင္းလယ္မွာ ဒီဘ႐ိုင္းက ၈.၁ နဲ႔ ပါ၀င္လာသလို ဘယ္ေတာင္ပံမွာလည္း စတာလင္းက ၇.၈ နဲ႔ ပါ၀င္လာပါတယ္။ ဒီဘ႐ိုင္းကေတာ့ ပြဲစဥ္ ၈အၿပီး Rating အမ်ားဆုံးကစားသမားအျဖစ္ပါ ရပ္တည္ႏိုင္ခဲ့ပါတယ္။
တုိက္စစ္မွာေတာ့ အဂြဲ႐ိုးက ၄ဦးေျမာက္စီးတီးကစားသမားအျဖစ္ Rating ၇.၇နဲ႔ ပါ၀င္လာၿပီး လီဗာပူးတိုက္စစ္မွဴး ဖာမီႏိုကလည္း ၇.၇နဲ႔ပဲ တြဲဘက္တုိက္စစ္မွဴးအျဖစ္ ေရြးခ်ယ္ခံခဲ့ရပါတယ္။
အဆုိးရြားဆုံးအသင္းအတြက္ ေရြးခ်ယ္ရာမွာေတာ့ အနည္းဆုံးမိနစ္ ၃၀၀ ကစားထားသူေတြထဲကေန ေရြးခ်ယ္ထားတာျဖစ္ၿပီး ၀က္ဖုိ႔ဒ္ဂိုးသမား ဘင္ေဖာ္စတာက Rating ၆.၀၇ နဲ႔ ဂိုးသမားေနရာမွာ ပါ၀င္လာပါတယ္။
ခံစစ္တန္းမွာ နယူးကာဆယ္ရဲ႕ အီေမးလ္ခရက္ဖ္(၆.၁၅)၊ ၀က္ဖုိ႔ဒ္ရဲ႕ခရိတ္ေဒၚဆင္(၆.၃၉)၊ ေဆာက္သမ္တန္ကစားသမားေတြျဖစ္တဲ့ ယိုရွီဒါ(၆.၄)နဲ႔ ဘာထရန္(၆.၂၇)တို႔ ေရြးခ်ယ္ျခင္းခံခဲ့ရပါတယ္။
ကြင္းလယ္မွာေတာ့ ၀က္စ္ဟမ္းကစားသမားသစ္ ေဖာ္နယ္(၆.၂၆)၊ အဲဗာတန္ရဲ႕ရွႏိုက္ဒါလင္ (၆.၀၇)၊ နယူးကာဆယ္ရဲ႕အယ္လ္မီရြန္(၆.၂၃)၊ ယူႏိုက္တက္ကစားသမားေတြျဖစ္တဲ့ မာတာ(၆.၁၇)နဲ႔ လင္ဂတ္(၆.၂၆)တုိ႔ ပါ၀င္လာပါတယ္။ အေထာင္တုိက္စစ္မွဴးအျဖစ္ ၇ပြဲကစားအၿပီး တစ္ဂိုးမွမသြင္းႏိုင္ေသးတဲ့ဘ႐ိုက္တန္တုိက္စစ္မွဴး ဂလင္းမာေရးက Rating ၆.၁၆နဲ႔ ေရြးခ်ယ္ခံခဲ့ရပါတယ္။