ပွဲချိန်အတွင်း အိမ်သာသွားခဲ့လို့ ပရိသတ်တွေဒေါသထွက်နေတဲ့ အူဘာမီယန်အတွက် ယွန်းဘတ်ကာကွယ်

photo-the sun

photo-reuters

ဘရိုက်တန်ကို ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့အိမ်ကွင်းပွဲမှာ ပွဲချိန်အတွင်း အိမ်သာသွားခဲ့တဲ့ တိုက်စစ်မှုးအူဘာမီယန်နဲ့ပတ်သက်လို့ အာဆင်နယ်အသင်းယာယီနည်းပြဖရက်ဒီယွန်းဘတ်က ကာကွယ်ပြောကြားလိုက်ပါတယ်။ အဲဒီပွဲမှာ အာဆင်နယ်ဟာ ဘရိုက်တန်ရဲ့စတင်ဦးဆောင်ခြင်းခံခဲ့ရပြီး ဒုတိယပိုင်းအစမှာ ပြန်လည်ချေပနိုင်ခဲ့ပေမယ့် မိနစ် ၈၀ လောက်မှာ ဧည့်သည်အသင်းငယ်ရဲ့ထပ်မံဦးဆောင်ခြင်းကို ခံခဲ့ရတာပါ။

photo-gettyimages

၂-၁ နဲ့ရှုံးနေချိန်ဖြစ်ပြီး ချေပဂိုးအတွက် အချိန်သိပ်မရတော့တဲ့အချိန်မှာပဲ တိုက်စစ်မှုးလည်းဖြစ်၊ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ အူဘာမီယန်ဟာ ကွင်းထဲကနေ ဥမင်ထဲကို ရုတ်တရတ်ထွက်ခွာသွားပြီး မိနစ်အနည်းငယ်ကြာမှ ကွင်းထဲကိုပြန်ရောက်လာခဲ့တာပါ။ အသင်းအတွက် တကယ့်ကိုမိုးထဲရေထဲရောက်နေတဲ့အချိန်မှာ သူအခုလို လုပ်ရမလားဆိုပြီး အာဆင်နယ်ပရိသတ်တွေဟာ ဒေါသထွက်ခဲ့ကြပါတယ်။

photo-reuters

အဲဒါနဲ့ပတ်သက်လို့ ပွဲအပြီးမှာ မီဒီယာတွေက မေးမြန်းမှုလုပ်ကြတော့ ယာယီနည်းပြယွန်းဘတ်က”သူထွက်သွားတာကို ကျွန်တော် တကယ် သတိတောင်မထားမိလိုက်ပါဘူး။ ၂ မိနစ် ၃ မိနစ်အကြာမှာ သူပြန်လာတာကိုပဲ လှမ်းမြင်လိုက်ပါတယ်။ ရှင်းရမယ့်ကိစ္စရှိလာရင်တော့ သွားရမှာပေါ့ဗျာ”လို့ အူဘာမီယန်ဘက်ကနေ ကာကွယ်ပြောကြားခဲ့တာပါ။ အာဆင်နယ်ဟာ အဲဒီပွဲအရှုံးကြောင့် ပြိုင်ပွဲအရပ်ရပ် ၉ ပွဲဆက်နိုင်ပွဲပျောက်ထားပြီး ၄၃ နှစ်အတွင်း သူတို့ရဲ့အဆိုးရွားဆုံးဖြတ်သန်းမှုနဲ့ ကြုံတွေ့နေရတာပါ။ ဒါ့အပြင် ယွန်းဘတ်ကလည်း သူ့အသင်းသားတွေရဲ့ယုံကြည်မှုဟာ အောက်ဆုံးကိုရောက်ရှိနေတယ်လို့ ဝန်ခံထားပါတယ်။

[Zawgyi]

ပြဲခ်ိန္အတြင္း အိမ္သာသြားခဲ့လုိ႔ ပရိသတ္ေတြေဒါသထြက္ေနတဲ့ အူဘာမီယန္အတြက္ ယြန္းဘတ္ကာကြယ္

ဘရိုက္တန္ကို ၂-၁ ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့အိမ္ကြင္းပြဲမွာ ပြဲခ်ိန္အတြင္း အိမ္သာသြားခဲ့တဲ့ တုိက္စစ္မႈးအူဘာမီယန္နဲ႔ပတ္သက္လုိ႔ အာဆင္နယ္အသင္းယာယီနည္းျပဖရက္ဒီယြန္းဘတ္က ကာကြယ္ေျပာၾကားလိုက္ပါတယ္။ အဲဒီပြဲမွာ အာဆင္နယ္ဟာ ဘရိုက္တန္ရဲ႕စတင္ဦးေဆာင္ျခင္းခံခဲ့ရၿပီး ဒုတိယပိုင္းအစမွာ ျပန္လည္ေခ်ပႏိုင္ခဲ့ေပမယ့္ မိနစ္ ၈၀ ေလာက္မွာ ဧည့္သည္အသင္းငယ္ရဲ႕ထပ္မံဦးေဆာင္ျခငး္ကို ခံခဲ့ရတာပါ။

၂-၁ နဲ႔ရႈံးေနခ်ိန္ျဖစ္ၿပီး ေခ်ပဂိုးအတြက္ အခ်ိန္သိပ္မရေတာ့တဲ့အခ်ိန္မွာပဲ တုိက္စစ္မႈးလည္းျဖစ္၊ အသင္းေခါင္းေဆာင္လည္းျဖစ္တဲ့ အူဘာမီယန္ဟာ ကြင္းထဲကေန ဥမင္ထဲကို ရုတ္တရတ္ထြက္ခြာသြားၿပီး မိနစ္အနည္းငယ္ၾကာမွ ကြင္းထဲကိုျပန္ေရာက္လာခဲ့တာပါ။ အသင္းအတြက္ တကယ့္ကိုမိုးထဲေရထဲေရာက္ေနတဲ့အခ်ိန္မွာ သူအခုလုိ လုပ္ရမလားဆုိၿပီး အာဆင္နယ္ပရိသတ္ေတြဟာ ေဒါသထြက္ခဲ့ၾကပါတယ္။

အဲဒါနဲ႔ပတ္သက္လုိ႔ ပြဲအၿပီးမွာ မီဒီယာေတြက ေမးျမန္းမႈလုပ္ၾကေတာ့ ယာယီနည္းျပယြန္းဘတ္က”သူထြက္သြားတာကို ကၽြန္ေတာ္ တကယ္ သတိေတာင္မထားမိလိုက္ပါဘူး။ ၂ မိနစ္ ၃ မိနစ္အၾကာမွာ သူျပန္လာတာကိုပဲ လွမ္းျမင္လိုက္ပါတယ္။ ရွင္းရမယ့္ကိစၥရွိလာရင္ေတာ့ သြားရမွာေပါ့ဗ်ာ”လို႔ အူဘာမီယန္ဘက္ကေန ကာကြယ္ေျပာၾကားခဲ့တာပါ။ အာဆင္နယ္ဟာ အဲဒီပြဲအရႈံးေၾကာင့္ ၿပိဳင္ပြဲအရပ္ရပ္ ၉ ပြဲဆက္ႏိုင္ပြဲေပ်ာက္ထားၿပီး ၄၃ ႏွစ္အတြင္း သူတုိ႔ရဲ႕အဆုိးရြားဆုံးျဖတ္သန္းမႈနဲ႔ ႀကဳံေတြ႕ေနရတာပါ။ ဒါ့အျပင္ ယြန္းဘတ္ကလည္း သူ႔အသင္းသားေတြရဲ႕ယုံၾကည္မႈဟာ ေအာက္ဆုံးကိုေရာက္ရွိေနတယ္လို႔ ၀န္ခံထားပါတယ္။