
Photo Credit
Photo Credit
ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့် မဲခွဲပွဲကို ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ စိတ်ဝင်စားဖွယ်ကောင်းတဲ့အတွဲအဖက်တွေနဲ့အတူ ပရိသတ်အားလုံးကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေအနက် စပါးအသင်းလောက်ပဲ နည်းနည်းပွဲချောင်နေပြီး ပရီးမီးယားလိဂ်ချန်ပီယံ စီးတီးနဲ့ လက်ရှိချန်ပီယံလိဂ်ချန်ပီယံ လီဗာပူးတို့က မက်ဒရစ်အခြေစိုက်အသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ ချဲလ်ဆီးကတော့ ၂၀၁၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲမကျေပွဲအဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
Photo Credit
ဒေါ့မွန်က ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ပီအက်စ်ဂျီအသင်းနည်းပြ တူချယ်လည်း အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပြီး အတ္တလန္တာက ဗလန်စီယာနဲ့ တွေ့ဆုံနေတာဖြစ်လို့ နှစ်သင်းစလုံး ကွာတားဖိုင်နယ်တက်ရောက်နိုင်ရေး မျှော်လင့်ချက်အပြည့်ရှိနေပါတယ်။
Photo Credit
၂၀၁၅ နောက်ပိုင်း ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ်ချန်ပီယံဖြစ်ဖို့ ရည်မှန်းနေတဲ့ ဘာစီလိုနာအသင်းက စီးရီးအေကလပ် နာပိုလီနဲ့ တွေ့ဆုံနေပြီး ရော်နယ်ဒိုဦးဆောင်တဲ့ ဂျူဗင်တပ်စ်ကတော့ လိုင်ယွန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ၁၆သင်းရှုံးထွက်အဆင့်ကို ဥရောပထိပ်တန်းလိဂ် ၅ခုက အသင်းတွေပဲ တက်ရောက်လာတာဖြစ်လို့ ပွဲကြီးပွဲကောင်းတွေက ၁၆သင်းအဆင့်မှာပဲ ထွက်ပေါ်လာပါတယ်။
Photo Credit
ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပ-အကျော့ပွဲတွေကို ဖေဖော်ဝါရီလ ၁၈/၁၉နဲ့ ၂၅/၂၆ ရက်တွေမှာ ကျင်းပမှာဖြစ်ပြီး ဒု-အကျော့ပွဲတွေကိုတော့ မတ်လ ၁၀/၁၁နဲ့ မတ်လ ၁၇/၁၈ ရက်တွေမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
Photo Credit
ချန်ပီယံလိဂ် ၁၆သင်းအဆင့်မဲခွဲမှု
ဒေါ့မွန် – ပီအက်စ်ဂျီ
ရီးရဲလ်မက်ဒရစ် – မန်စီးတီး
အတ္တလန္တာ – ဗလန်စီယာ
အက်သလက်တီကို – ဗလန်စီယာ
ချဲလ်ဆီး – ဘိုင်ယန်မြူးနစ်
လီယွန် – ဂျူဗင်တပ်စ်
စပါး – လိုက်ပ်ဇစ်
ဘာစီလိုနာ – နာပိုလီ
Photo Credit
Zawgyi
ပြဲႀကီးပြဲေကာင္းေတြ ပါ၀င္လာတဲ့ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ ပြဲစဥ္မ်ား ထြက္ေပၚလာ
ခ်န္ပီယံလိဂ္ ၁၆သင္း႐ံႈးထြက္အဆင့္ မဲခြဲပဲြကို ယေန႔ညေနပိုင္းက က်င္းပျပဳလုပ္ခဲ့ရာ စိတ္၀င္စားဖြယ္ေကာင္းတဲ့အတြဲအဖက္ေတြနဲ႔အတူ ပရိသတ္အားလုံးကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္အသင္းေတြအနက္ စပါးအသင္းေလာက္ပဲ နည္းနည္းပြဲေခ်ာင္ေနၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံ စီးတီးနဲ႔ လက္ရွိခ်န္ပီယံလိဂ္ခ်န္ပီယံ လီဗာပူးတုိ႔က မက္ဒရစ္အေျခစုိက္အသင္းေတြနဲ႔ ရင္ဆုိင္ရမွာျဖစ္ကာ ခ်ဲလ္ဆီးကေတာ့ ၂၀၁၂ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမေက်ပြဲအျဖစ္ ဘုိင္ယန္ျမဴးနစ္နဲ႔ ရင္ဆုိင္ရမွာျဖစ္ပါတယ္။
ေဒါ့မြန္က ပီအက္စ္ဂ်ီနဲ႔ ရင္ဆို္င္ရမွာျဖစ္လုိ႔ ပီအက္စ္ဂ်ီအသင္းနည္းျပ တူခ်ယ္လည္း အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆိုင္ရေတာ့မွာျဖစ္ၿပီး အတၱလႏၱာက ဗလန္စီယာနဲ႔ ေတြ႕ဆုံေနတာျဖစ္လုိ႔ ႏွစ္သင္းစလုံး ကြာတားဖိုင္နယ္တက္ေရာက္ႏိုင္ေရး ေမွ်ာ္လင့္ခ်က္အျပည့္ရွိေနပါတယ္။
၂၀၁၅ ေနာက္ပိုင္း ခ်န္ပီယံလိဂ္မွာ ပထမဆုံးအႀကိမ္ခ်န္ပီယံျဖစ္ဖို႔ ရည္မွန္းေနတဲ့ ဘာစီလုိနာအသင္းက စီးရီးေအကလပ္ နာပိုလီနဲ႔ ေတြ႕ဆုံေနၿပီး ေရာ္နယ္ဒိုဦးေဆာင္တဲ့ ဂ်ဴဗင္တပ္စ္ကေတာ့ လုိင္ယြန္နဲ႔ ရင္ဆုိင္ရမွာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ၁၆သင္း႐ံႈးထြက္အဆင့္ကို ဥေရာပထိပ္တန္းလိဂ္ ၅ခုက အသင္းေတြပဲ တက္ေရာက္လာတာျဖစ္လုိ႔ ပဲြႀကီးပဲြေကာင္းေတြက ၁၆သင္းအဆင့္မွာပဲ ထြက္ေပၚလာပါတယ္။
ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ ပ-အေက်ာ့ပြဲေတြကို ေဖေဖာ္၀ါရီလ ၁၈/၁၉နဲ႔ ၂၅/၂၆ ရက္ေတြမွာ က်င္းပမွာျဖစ္ၿပီး ဒု-အေက်ာ့ပြဲေတြကိုေတာ့ မတ္လ ၁၀/၁၁နဲ႔ မတ္လ ၁၇/၁၈ ရက္ေတြမွာ က်င္းပျပဳလုပ္မွာျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္မဲခြဲမႈ
ေဒါ့မြန္ – ပီအက္စ္ဂ်ီ
ရီးရဲလ္မက္ဒရစ္ – မန္စီးတီး
အတၱလႏၱာ – ဗလန္စီယာ
အက္သလက္တီကို – ဗလန္စီယာ
ခ်ဲလ္ဆီး – ဘုိင္ယန္ျမဴးနစ္
လီယြန္ – ဂ်ဴဗင္တပ္စ္
စပါး – လုိက္ပ္ဇစ္
ဘာစီလုိနာ – နာပိုလီ