ပွဲကြီးတွေမှာ ပျောက်ဆုံးနေတဲ့ မက်ဆီ

photo-gettyimages

photo-gettyimages

ဘာစီလိုနာစူပါစတားမက်ဆီဟာ ပြီးခဲ့တဲ့အပတ် ရီးရဲလ်နဲ့အယ်ကလက်စီကိုပွဲစဉ်က သူ့ရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ ဝေဖန်ခံနေရပါတယ်။ သူနဲ့တစ်နိုင်ငံတည်းသားဖြစ်တဲ့ ကစားသမားဟောင်းတစ်ယောက်ကဆိုရင် အဲဒီ ၆ ထပ်ကွမ်း Ballon d’Or ဆုရှင်ဟာ ပွဲကြီးတွေမှာ ပျောက်ဆုံးနေတယ်လို့ မညှာမတာပြောကြားလိုက်ပါတယ်။

photo-gettyimages

တကယ်လည်း ၃၂ နှစ်အရွယ် မက်ဆီဟာ ၂-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ ဘာနေဗျူးက အယ်ကလက်စီကိုပွဲစဉ်မှာ သူ့အသင်းကို အောင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီပွဲစဉ်တစ်လျှောက်လုံးမှာ သူ့ပုံစံဟာ စိတ်ဓာတ်ကျနေပုံပေါက်နေကာ ယေဘုယျအားဖြင့် ပျော်ရွှင်တဲ့ပုံလည်း မပေါ်ပါဘူး။ အဲဒီပွဲပြီးတော့ သူ့ကိုဝေဖန်လေ့ရှိတဲ့ အာဂျင်တီးနားဂိုးသမားဟောင်းဟူဂိုဂတ်တီက”ဒါကို ပြောရတာ ကျွန်တော်နာကျင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ အာဂျင်တီးနားသားဖြစ်ပြီး သူ့ကိုလည်း ကြိုက်လို့ပါ။ မက်ဆီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမား ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အသင်းက အလိုအပ်ဆုံးအချိန်မှာ သူပျောက်ဆုံးနေပါတယ်။ အဆုံးအဖြတ်ပွဲတွေမှာ သူ့ကို မတွေ့ရတော့ပါဘူး”လို့ ပြောသွားခဲ့တာပါ။

photo-gettyimages

မက်ဆီဟာ ဒီရာသီဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ် ပွဲ ၃၀ မှာ ၂၃ ဂိုးသွင်းပြီး ၁၆ ဂိုးဖန်တီးပေးထားပါတယ်။ ဒါပေမဲ့ သူဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အယ်ကလက်စီကိုပွဲတွေမှာလည်း ဂိုးပေါက်ပျောက်နေတာ ၅ ပွဲဆက်ရှိနေပါပြီ။ ဥရောပက ဝါရင့်ကလောင်ရှင်တစ်ယောက်ကတော့ မက်ဆီရဲ့အကျပိုင်းကိုမြင်နေရပြီလို့ သုံးသပ်ထားပါတယ်။

[Zawgyi]

ပြဲႀကီးေတြမွာ ေပ်ာက္ဆုံးေနတဲ့ မက္ဆီ

ဘာစီလိုနာစူပါစတားမက္ဆီဟာ ၿပီးခဲ့တဲ့အပတ္ ရီးရဲလ္နဲ႔အယ္ကလက္စီကိုပြဲစဥ္က သူ႔ရဲ႕ေျခစြမ္းနဲ႔ပတ္သက္လို႔ ေ၀ဖန္ခံေနရပါတယ္။ သူနဲ႔တစ္ႏိုင္ငံတည္းသားျဖစ္တဲ့ ကစားသမားေဟာင္းတစ္ေယာက္ကဆိုရင္ အဲဒီ ၆ ထပ္ကြမ္း Ballon d’Or ဆုရွင္ဟာ ပြဲႀကီးေတြမွာ ေပ်ာက္ဆုံးေနတယ္လို႔ မညွာမတာေျပာၾကားလိုက္ပါတယ္။

တကယ္လည္း ၃၂ ႏွစ္အရြယ္ မက္ဆီဟာ ၂-၀ ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ ဘာေနဗ်ဴးက အယ္ကလက္စီကိုပြဲစဥ္မွာ သူ႔အသင္းကို ေအာင္ပြဲရေအာင္ စြမ္းေဆာင္ေပးႏုိင္ျခင္း မရွိခဲ့ပါဘူး။ အဲဒီပြဲစဥ္တစ္ေလွ်ာက္လုံးမွာ သူ႔ပုံစံဟာ စိတ္ဓာတ္က်ေနပုံေပါက္ေနကာ ေယဘုယ်အားျဖင့္ ေပ်ာ္ရႊင္တဲ့ပုံလည္း မေပၚပါဘူး။ အဲဒီပြဲၿပီးေတာ့ သူ႔ကိုေ၀ဖန္ေလ့ရွိတဲ့ အာဂ်င္တီးနားဂိုးသမားေဟာင္းဟူဂိုဂတ္တီက”ဒါကို ေျပာရတာ ကၽြန္ေတာ္နာက်င္ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္ဟာ အာဂ်င္တီးနားသားျဖစ္ၿပီး သူ႔ကိုလည္း ႀကိဳက္လို႔ပါ။ မက္ဆီဟာ ကမာၻေပၚမွာ အေကာင္းဆုံးကစားသမား ျဖစ္ပါတယ္။ ဒါေပမဲ့ သူ႔အသင္းက အလုိအပ္ဆုံးအခ်ိန္မွာ သူေပ်ာက္ဆုံးေနပါတယ္။ အဆုံးအျဖတ္ပြဲေတြမွာ သူ႔ကို မေတြ႕ရေတာ့ပါဘူး”လို႔ ေျပာသြားခဲ့တာပါ။

မက္ဆီဟာ ဒီရာသီဘာစီလိုနာအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ပြဲ ၃၀ မွာ ၂၃ ဂိုးသြင္းၿပီး ၁၆ ဂိုးဖန္တီးေပးထားပါတယ္။ ဒါေပမဲ့ သူဟာ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၇ ပြဲမွာ ၁ ပြဲသာ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ အယ္ကလက္စီကိုပြဲေတြမွာလည္း ဂိုးေပါက္ေပ်ာက္ေနတာ ၅ ပြဲဆက္ရွိေနပါၿပီ။ ဥေရာပက ၀ါရင့္ကေလာင္ရွင္တစ္ေယာက္ကေတာ့ မက္ဆီရဲ႕အက်ပိုင္းကိုျမင္ေနရၿပီလုိ႔ သုံးသပ္ထားပါတယ္။