ပွဲကြည့်ပရိသတ်တွေကို မျက်လုံးမွဲအောင်လုပ်တဲ့ ကိုယ်ပျောက်ဘောလုံးသမားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လမိုက်ညမှာမည်းမှောင်နေတဲ့ပတ်ဝန်းကျင်ရှိတဲ့ ကတ္တရာလမ်းပေါ် အနက်ရောင်ဝမ်းဆက်ဝတ်ပြီး လမ်းလျှောက်ဆိုတဲ့ စကားကိုသာကြားခဲ့ဖူးပါတယ်။ ခုကတော့ နှင်းဖွေးဖွေးကျနေတဲ့အချိန် အဖြူရောင်ဝမ်းဆက်နဲ့ ကိုယ်ပျောက်တဲ့ ဘောလုံးသမားတွေကိုပါမြင်ဖူးပါပြီ။

မျက်စိအားနည်းတဲ့ ပရိသတ်ဆိုရင် အဲဒီပွဲပုံရိပ်တွေကို အမှတ်တမဲ့ ကြည့်ရင် တစ်သင်းတည်းကန်တာလားဆိုပြီး ခဏလောက်တော့တွေးထင်နိုင်ပါတယ်။

မနေ့က ကစားခဲ့တဲ့ အစ္စတန်ဘူလ်ဘာဆက်ဆီဟာ နဲ့ ဆီဗာစပေါ် တို့ ကစားခဲ့တဲ့ တူရကီစူပါလိဂ်ပွဲစဉ်မှာ ဆီဗာစပေါ်ကစားသမားတွေဟာ ဆီးနှင်းတွေဖုံးလွှမ်းနေတဲ့ ကွင်းပြင်ထဲမှာ မမြင်ရလောက်အောင်ကိုဖြစ်နေခဲ့ပါတယ်။ မယုံရင် ဓါတ်ပုံတွေကို ကြည့်ပါ။

အဲဒီပွဲစဉ်ရဲ့ပွဲချိန်မိနစ်(၂၀)လောက်မှာ ဆီးနှင်းတွေစတင်ကျလာခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ကွင်းတစ်ကွင်းလုံးဟာ အဖြူရောင်ကွင်းပြင်ကြီးလိုကို ဖြစ်သွားတာပါ။ဆီဗာစပေါ် အသင်းဟာ အဲဒီပွဲမှာ အိမ်ကွင်းဂျာစီဖြစ်တဲ့ အဖြူရောင်ဂျာစီကို ဝတ်ဆင်ခဲ့ပါတယ်။

အဖြူပေါ်မှာ အဖြူဆင့်တာကြောင့် အသင်းတစ်သင်းပျောက်နေသလိုဖြစ်ခဲ့ပါတယ်။ ပုံတွေထဲမှာ ကစားသမားတွေသာမက ကန်တဲ့လိမ္မော်ရောင်ဘောလုံးပါ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ကိုယ်ပျောက်ဘောလုံးသမားတွေအကြောင်းက ထုံးစံအတိုင်း လူမှုကွန်ရက်မှာ လူပြောများပါတယ်။

“အစ္စတန်ဘူလ်နဲ့ ဆီဗာစပေါ်တို့ ပွဲကစားနေချိန်အတွင်း အစ္စတန်ဘူလ် မှာနှင်းတွေကျနေခဲ့ပါတယ်။ ဆီဗာစပေါ် က အဖြူရောင်ဂျာစီဝတ်ဆင်တာက ကောင်းတဲ့ စိတ်ကူးလို့ပြောလို့ရပါတယ်။”ဆိုတဲ့ ပို့စ်ကို တွေ့ရသလို၊ “အဖြူရောင်ဝတ်ထားတဲ့ အသင်းက ကစားသမား အရေအတွက် အတိအကျကို ဘယ်နှစက္ကန့်အတွင်းပြောပြပါ”ဆိုတဲ့ ပို့စ်တွေလည်း တွေ့ရပါတယ်။

ဒီပွဲမှာ (၂)သင်းလုံးဟာ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ တစ်ဖက်တစ်ဂိုးစီသရေ ကျခဲ့ပါတယ်။သရေရလဒ်ထွက်ခဲ့တာကြောင့် ဆီဗာစပေါ်အသင်းနဲ့ အစ္စတန်ဘူလ် အသင်းတို့ ဟာ လိဂ်ပြိုင်ပွဲမှာ ရမှတ်(၂၃) မှတ်ချင်းတူညီနေပြီး အဆင့်(၁၀)နဲ့ (၁၁)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပြဲၾကည့္ပရိသတ္ေတြကို မ်က္လုံးမြဲေအာင္လုပ္တဲ့ ကိုယ္ေပ်ာက္ေဘာလုံးသမားမ်ား

လမိုက္ညမွာမည္း​ေမွာင္​ေနတဲ့ပတ္၀န္းက်င္ရွိတဲ့ကတၱရာလမ္း​ေပၚ အနက္​ေရာင္၀မ္းဆက္၀တ္ၿပီး လမ္း​​ေလွ်ာက္ဆိုတဲ့ စကားကိုသာၾကားခဲ့ဖူး​ပါတယ္။ ခုက​ေတာ့ ႏွင္း​ေဖြး​ေဖြးက်​ေနတဲ့အခ်ိန္ အျဖဴ​ေရာင္​၀မ္းဆက္နဲ႔ ကိုယ္​ေပ်ာက္တဲ့ ​ေဘာလုံးသမား​ေတြကိုပါျမင္ဖူးပါၿပီ။ မ်က္စိအားနည္းတဲ့ ပရိသတ္ဆိုရင္ အဲဒီပြဲပုံရိပ္​ေတြကို အမွတ္တမဲ့ ၾကည့္ရင္ တစ္သင္းတည္းကန္တာလားဆိုၿပီး ခဏ​ေလာက္​ေတာ့​ေတြးထင္ႏိုင္ပါတယ္။

မေန႔က ကစားခဲ့တဲ့ အစၥတန္ဘူလ္ဘာဆက္ဆီဟာ နဲ႔ ဆီဗာစေပၚ တို႔ ကစားခဲ့တဲ့ တူရကီစူပါလိဂ္ပြဲစဥ္မွာ ဆီဗာစေပၚကစားသမားေတြဟာ ဆီးႏွင္းေတြဖုံးလႊမ္းေနတဲ့ ကြင္းျပင္ထဲမွာ မျမင္ရ​ေလာက္ေအာင္ကိုျဖစ္ေနခဲ့ပါတယ္။ မယုံရင္ ဓါတ္ပုံ​ေတြကို ၾကည့္ပါ။ အဲဒီပြဲစဥ္ရဲ႕ပြဲခ်ိန္မိနစ္(၂၀)​ေလာက္မွာ ဆီးႏွင္းေတြစတင္က်လာခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ ကြင္းတစ္ကြင္းလုံးဟာ အျဖဴေရာင္ကြင္းျပင္ႀကီးလိုကို ျဖစ္သြားတာပါ။ဆီဗာစေပၚ အသင္းဟာ အဲဒီပြဲမွာ အိမ္ကြင္းဂ်ာစီျဖစ္တဲ့ အျဖဴေရာင္ဂ်ာစီကို ဝတ္ဆင္ခဲ့ပါတယ္။ အျဖဴ​ေပၚမွာ အျဖဴဆင့္တာ​ေၾကာင့္ အသင္းတစ္သင္း​ေပ်ာက္​ေနသလိုျဖစ္ခဲ့ပါတယ္။ ပုံ​ေတြထဲမွာ ကစားသမား​ေတြသာမက ကန္တဲ့လိေမၼာ္ေရာင္ေဘာလုံးပါ ေပ်ာက္ဆုံးေနခဲ့တာျဖစ္ပါတယ္။ကိုယ္​ေပ်ာက္​ေဘာလုံးသမား​ေတြအ​ေၾကာင္းက ထုံးစံအတိုင္း လူမႈကြန္ရက္မွာ လူ​ေျပာမ်ားပါတယ္။

“အစၥတန္ဘူလ္နဲ႔ ဆီဗာစေပၚတို႔ ပြဲကစားေနခ်ိန္အတြင္း အစၥတန္ဘူလ္ မွာႏွင္းေတြက်ေနခဲ့ပါတယ္။ ဆီဗာစေပၚ က အျဖဴေရာင္ဂ်ာစီဝတ္ဆင္တာက ေကာင္းတဲ့ စိတ္ကူးလို႔​ေျပာလို႔ရပါတယ္။”ဆိုတဲ့ ပို႔စ္ကို ​ေတြ႕ရသလို၊ “အျဖဴ​ေရာင္၀တ္ထားတဲ့ အသင္းက ကစားသမား အ​ေရအတြက္ အတိအက်ကို ဘယ္ႏွစကၠန္႔အတြင္း​ေျပာျပပါ”ဆိုတဲ့ ပို႔စ္​ေတြလည္း ​ေတြ႕ရပါတယ္။ ဒီပြဲမွာ (၂)သင္းလုံးဟာ ပထမပိုင္းမွာ သြင္းယူခဲ့တဲ့ ဂိုးေတြနဲ႔ တစ္ဖက္တစ္ဂိုးစီသေရ က်ခဲ့ပါတယ္။သေရရလဒ္ထြက္ခဲ့တာေၾကာင့္ ဆီဗာစေပၚအသင္းနဲ႔ အစၥတန္ဘူလ္ အသင္းတို႔ ဟာ လိဂ္ၿပိဳင္ပြဲမွာ ရမွတ္(၂၃) မွတ္ခ်င္းတူညီေနၿပီး အဆင့္(၁၀)နဲ႔ (၁၁)ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။