
photo-social media
photo-gettyimages
အက်သလက်တီကိုနဲ့ချန်ပီယံလိဂ်ပွဲက ဂျူဗင်တပ်တိုက်စစ်မှုးဒိုင်ဘာလာရဲ့တစ်လုံးသောအနိုင်ဂိုးကတော့ တကယ့်ကို လက်ဖျားခါစရာဖြစ်ခဲ့ပါတယ်။ အဲဒီပွဲရဲ့ပထမပိုင်းနာကျင်အချိန်ပိုမှာ ရတဲ့ဖရီးကစ်ကို ဒိုင်ဘာလာက ဂျူဗင်တပ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာပါ။ ဒါပေမဲ့ ရိုးရိုးဖရီးကစ်ဂိုးမဟုတ်ဘဲ အံ့အားသင့်ဖွယ်ရာဖရီးကစ်ဂိုးဖြစ်လို့ ဆိုရှယ်မီဒီယာထက်မှာတော့ ချီးကျူးလို့မဆုံးဖြစ်နေကြပါတယ်။
photo-gettyimages
ဘာကြောင့်လဲဆိုတော့ ဖရီးကစ်ကန်သွင်းရတဲ့နေရာက ထောင့်ဖြတ်ကြီးဖြစ်နေပါတယ်။ ပင်နယ်တီစည်းအပြင်ဘက်နားဆိုပေမယ့်လည်း ဂိုးလွန်စည်းနဲ့က သိပ်ကွာတာ မဟုတ်ပါဘူး။ အဲဒီဖရီးကစ်ကိုကာကွယ်တဲ့ အက်သလက်တီကိုဂိုးသမားအိုဘလက်ဆိုတာကလည်း တော်ရုံတန်ရုံမဟုတ်ဘဲ ကမ္ဘာ့အဆင့်တန်းဝင်သလို တာစတီဂန်နဲ့အပြိုင် လာလီဂါရဲ့အကောင်းဆုံးဂိုးသမားတစ်ယောက်ပါ။ ထောင့်ဖြတ်အနေအထားမှာ ဂိုးသမားရော တစ်ဖက်ကစားသမားတွေကပါ ပိတ်ဆို့ကာကွယ်ထားတာဆိုတော့ အတော်ကြီးကို တိကျသေချာတဲ့ကန်သွင်းချက်မျိုးနဲ့မှ ဂိုးဝင်နိုင်မှာပါ။ ဒါပေမဲ့ အဲဒါကို ဒိုင်ဘာလာလုပ်နိုင်ခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ပွဲကြည့်စင်ကနေရိုက်ထားတဲ့ ဗီဒီယိုဖိုင်ထွက်လာတော့ ပိုပြီးတော့တောင် မဖြစ်နိုင်ဘူး ထင်ရပါတယ်။
Dybala goal from stands.#JuveAtleti #ChampionsLeague #Dybala pic.twitter.com/z7KVIoQjKy
— O'Ney (@samirejaz1) November 26, 2019
ဒိုင်ဘာလာရဲ့ဘယ်ခြေကန်ချက်က ဘောလုံးကို ပြီးပြည့်စုံစွာနဲ့ ရုတ်ချည်းလျင်မြန်စွာရွေ့လျားစေပြီး အားလည်းပါကာ လိုချင်တဲ့နေရာကို ကွက်တိရောက်သွားတာကြောင့် အိုဘလက်လည်း ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်က သူ့ကိုလက်မလွှတ်တော့ဖို့ ဆုံးဖြတ်ခဲ့တာ မှန်သွားတယ်လို့ ဆိုရလောက်အောင် ဒိုင်ဘာလာဟာ ဒီရာသီမှာ ဂျူဗင်တပ်အတွက် အရေးပါတဲ့ဂိုးတွေကို သွင်းပေးနိုင်နေတာပါ။
[Zawgyi]
ပြဲၾကည့္စင္ကေနၾကည့္ရင္ ပိုၿပီးေတာ့ေတာင္မျဖစ္ႏိုင္ဘူးထင္ရတဲ့ တီကိုနဲ႔ပြဲက ဒိုင္ဘာလာရဲ႕ဖရီးကစ္ဂိုး
အက္သလက္တီကိုနဲ႔ခ်န္ပီယံလိဂ္ပြဲက ဂ်ဴဗင္တပ္တုိက္စစ္္မႈးဒုိင္ဘာလာရဲ႕တစ္လုံးေသာအႏိုင္ဂိုးကေတာ့ တကယ့္ကို လက္ဖ်ားခါစရာျဖစ္ခဲ့ပါတယ္။ အဲဒီပြဲရဲ႕ပထမပိုင္းနာက်င္အခ်ိန္ပိုမွာ ရတဲ့ဖရီးကစ္ကို ဒိုင္ဘာလာက ဂ်ဴဗင္တပ္အတြက္ တစ္လုံးတည္းေသာအႏုိင္ဂိုးအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့တာပါ။ ဒါေပမဲ့ ရိုးရိုးဖရီးကစ္ဂိုးမဟုတ္ဘဲ အံ့အားသင့္ဖြယ္ရာဖရီးကစ္ဂိုးျဖစ္လုိ႔ ဆုိရွယ္မီဒီယာထက္မွာေတာ့ ခ်ီးက်ဴးလို႔မဆုံးျဖစ္ေနၾကပါတယ္။
ဘာေၾကာင့္လဲဆုိေတာ့ ဖရီးကစ္ကန္သြင္းရတဲ့ေနရာက ေထာင့္ျဖတ္ႀကီးျဖစ္ေနပါတယ္။ ပင္နယ္တီစည္းအျပင္ဘက္နားဆိုေပမယ့္လည္း ဂိုးလြန္စည္းနဲ႔က သိပ္ကြာတာ မဟုတ္ပါဘူး။ အဲဒီဖရီးကစ္ကိုကာကြယ္တဲ့ အက္သလက္တီကိုဂိုးသမားအိုဘလက္ဆိုတာကလည္း ေတာ္ရုံတန္ရုံမဟုတ္ဘဲ ကမာၻ႔အဆင့္တန္း၀င္သလို တာစတီဂန္နဲ႔အၿပိဳင္ လာလီဂါရဲ႕အေကာင္းဆုံးဂိုးသမားတစ္ေယာက္ပါ။ ေထာင့္ျဖတ္အေနအထားမွာ ဂိုးသမားေရာ တစ္ဖက္ကစားသမားေတြကပါ ပိတ္ဆုိ႔ကာကြယ္ထားတာဆုိေတာ့ အေတာ္ႀကီးကို တိက်ေသခ်ာတဲ့ကန္သြင္းခ်က္မ်ိဳးနဲ႔မွ ဂိုး၀င္ႏုိင္မွာပါ။ ဒါေပမဲ့ အဲဒါကို ဒိုင္ဘာလာလုပ္ႏိုင္ခဲ့ပါတယ္။ အဲဒါနဲ႔ပတ္သက္လုိ႔ ဆုိရွယ္မီဒီယာေပၚမွာ ပြဲၾကည့္စင္ကေနရိုက္ထားတဲ့ ဗီဒီယိုဖိုင္ထြက္လာေတာ့ ပိုၿပီးေတာ့ေတာင္ မျဖစ္ႏိုင္ဘူး ထင္ရပါတယ္။
ဒိုင္ဘာလာရဲ႕ဘယ္ေျခကန္ခ်က္က ေဘာလုံးကို ၿပီးျပည့္စုံစြာနဲ႔ ရုတ္ခ်ည္းလ်င္ျမန္စြာေရြ႕လ်ားေစၿပီး အားလည္းပါကာ လိုခ်င္တဲ့ေနရာကို ကြက္တိေရာက္သြားတာေၾကာင့္ အုိဘလက္လည္း ဘယ္လုိမွ မတတ္ႏိုင္ခဲ့ပါဘူး။ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ဂ်ဴဗင္တပ္က သူ႔ကိုလက္မလႊတ္ေတာ့ဖို႔ ဆုံးျဖတ္ခဲ့တာ မွန္သြားတယ္လို႔ ဆိုရေလာက္ေအာင္ ဒိုင္ဘာလာဟာ ဒီရာသီမွာ ဂ်ဴဗင္တပ္အတြက္ အေရးပါတဲ့ဂိုးေတြကို သြင္းေပးႏိုင္ေနတာပါ။