ပွဲကစားခွင့်မပေးတဲ့ ဆိုးလ်ရှားကို မျက်နှာချင်းဆိုင်စိန်ခေါ်ခဲ့တဲ့ ဘိုင်လီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နောက်ခံလူတစ်ဦးဖြစ်တဲ့ အဲရစ်ဘိုင်လီဟာ နည်းပြဆိုးလ်ရှားကို မျက်နှာချင်းဆိုင်စိန်ခေါ်မှုတွေပြုလုပ်ခဲ့တယ်လို့ The Telegraph က ဖော်ပြပါတယ်။

လက်စတာကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပေမယ့် အသင်းနဲ့အတူ တစ်ကြိမ်တည်းသာ လေ့ကျင့်ရသေးတဲ့

မက်ဂွိုင်းယားကို ဆိုးလ်ရှားက ဝင်ရောက်ကစားစေဖို့ ဆုံးဖြတ်မှုနဲ့ပတ်သက်ပြီး ဘိုင်လီက တုံ့ပြန်ခဲ့တာလို့ သိရပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင်ဟာ ယူနိုက်တက်လူစာရင်းမှာ ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရသူတစ်ဦးပဲဖြစ်ပါတယ်။

လက်စတာကို ၄-၂ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပါဝင်ခွင့်မရတာနဲ့ ပတ်သက်ပြီး “အသင်းအတွက် ကစားဖို့ အသင့်မဖြစ်သေးတဲ့ မက်ဂွိုင်းယားကို

ဘာလို့ရွေးချယ်ခဲ့တာလဲ” လို့ ဘိုင်လီက ဆိုးလ်ရှားကို မျက်နှာချင်းဆိုင်မေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။

လင်ဒီလော့ဖ်၊ မက်ဂွိုင်းယားနဲ့ ဗာရန်းတို့ကိုသာ ဆိုးလ်ရှားက လှည့်ပတ်အသုံးပြုနေခဲ့ပြီး အိုင်ဗရီကို့စ်နောက်ခံလူဟာ အရန်ခုံမှာသာ အချိန်ကုန်နေခဲ့ရပြီး

အခွင့်အရေးရချိန်မှာလည်း မကစားခဲ့ရလို့ ဆိုးလ်ရှားကို မျက်နှာချင်းဆိုင်မေးခွန်းထုတ်ခဲ့ကာ စိန်ခေါ်ခဲ့ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

သတင်းတွေအရယူနိုက်တက်ကစားသမား တစ်ချို့ကလည်း ဆိုးလ်ရှားရဲ့ မျက်နှာသာပေးမှုအပေါ် ဝေဖန်မှုတွေရှိလာပြီး

ဗန်ဒီဘိခ်၊ ဂျက်ဆီလင်ဂတ်တို့လို ကစားသမားတွေ ခြေစွမ်းပြနိုင်လျက်နဲ့ ဒီရာသီမှာ အခွင့်အရေး မရရှိတဲ့အပေါ် မေးခွန်းထုတ်လာကြပါတယ်။

အခုဆိုရင် ယူနိုက်တက်အဝတ်လဲခန်းအတွင်း အဆင်မပြေမှုတွေရှိနေတယ်လို့ သုံးသပ်ရမလိုပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပြဲကစားခြင့္မေပးတဲ့ ဆိုးလ္ရွားကို မ်က္ႏွာခ်င္းဆိုင္စိန္ေခၚခဲ့တဲ့ ဘိုင္လီ

ယူႏိုက္တက္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ အဲရစ္ဘိုင္လီဟာ နည္းျပဆိုးလ္ရွားကို မ်က္ႏွာခ်င္းဆိုင္စိန္ေခၚမႈေတြျပဳလုပ္ခဲ့တယ္လို႔ The Telegraph က ေဖာ္ျပပါတယ္။ လက္စတာကို အေရးနိမ့္ခဲ့တဲ့ပြဲမွာ ဒဏ္ရာကေန ျပန္လည္သက္သာလာေပမယ့္ အသင္းနဲ႔အတူ တစ္ႀကိမ္တည္းသာ ေလ့က်င့္ရေသးတဲ့ မက္ဂြိဳင္းယားကို ဆိုးလ္ရွားက ဝင္ေရာက္ကစားေစဖို႔ ဆုံးျဖတ္မႈနဲ႔ပတ္သက္ၿပီး ဘိုင္လီက တုံ႔ျပန္ခဲ့တာလို႔ သိရပါတယ္။ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ဟာ ယူႏိုက္တက္လူစာရင္းမွာ ပြဲထြက္ခြင့္ရရွိဖို႔ ႐ုန္းကန္ေနရသူတစ္ဦးပဲျဖစ္ပါတယ္။

လက္စတာကို ၄-၂ နဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲမွာ ပါဝင္ခြင့္မရတာနဲ႔ ပတ္သက္ၿပီး “အသင္းအတြက္ ကစားဖို႔ အသင့္မျဖစ္ေသးတဲ့ မက္ဂြိဳင္းယားကို ဘာလို႔ေ႐ြးခ်ယ္ခဲ့တာလဲ” လို႔ ဘိုင္လီက ဆိုးလ္ရွားကို မ်က္ႏွာခ်င္းဆိုင္ေမးျမန္းမႈေတြျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြထြက္ေပၚထားပါတယ္။

လင္ဒီေလာ့ဖ္၊ မက္ဂြိဳင္းယားနဲ႔ ဗာရန္းတို႔ကိုသာ ဆိုးလ္ရွားက လွည့္ပတ္အသုံးျပဳေနခဲ့ၿပီး အိုင္ဗရီကို႔စ္ေနာက္ခံလူဟာ အရန္ခုံမွာသာ အခ်ိန္ကုန္ေနခဲ့ရၿပီး အခြင့္အေရးရခ်ိန္မွာလည္း မကစားခဲ့ရလို႔ ဆိုးလ္ရွားကို မ်က္ႏွာခ်င္းဆိုင္ေမးခြန္းထုတ္ခဲ့ကာ စိန္ေခၚခဲ့ဖြယ္ရွိတယ္လို႔ ယူဆရပါတယ္။

သတင္းေတြအရယူႏိုက္တက္ကစားသမား တစ္ခ်ိဳ႕ကလည္း ဆိုးလ္ရွားရဲ႕ မ်က္ႏွာသာေပးမႈအေပၚ ေဝဖန္မႈေတြရွိလာၿပီး ဗန္ဒီဘိခ္၊ ဂ်က္ဆီလင္ဂတ္တို႔လို ကစားသမားေတြ ေျခစြမ္းျပႏိုင္လ်က္နဲ႔ ဒီရာသီမွာ အခြင့္အေရး မရရွိတဲ့အေပၚ ေမးခြန္းထုတ္လာၾကပါတယ္။အခုဆိုရင္ ယူႏိုက္တက္အဝတ္လဲခန္းအတြင္း အဆင္မေျပမႈေတြရွိေနတယ္လို႔ သုံးသပ္ရမလိုပါပဲ။