
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ရာသီကြိုခြေစမ်းပွဲအဖြစ် ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာတော့ ချယ်လ်ဆီးက အာဆင်နယ်ကို အနိုင်ရရှိသွားခဲ့ပါတယ်။
အဲဒီပွဲမှာတော့ လာမယ့်ရာသီမှာ အသုံးပြုမယ့် လူစာရင်းနဲ့ ကစားကွက်ပုံစံတွေကို အနီးစပ်ဆုံးမြင်တွေ့ခဲ့ရပြီး နှစ်သင်းစလုံးက အဓိကကစားသမားတော်တော်များများကို ထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။
ချယ်လ်ဆီးက ၂၆ မိနစ်မှာ ဝါနာရဲ့ တစ်ကိုယ်တော်ထိုးဖောက်မှုကတစ်ဆင့် ရရှိခဲ့တဲ့ အခွင့်အရေးကို ဟာဗက်ဇ်က အဆုံးသတ်ကာ ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။
၆၉ မိနစ်မှာတော့ ရှာခါက အာဆင်နယ်အတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပါတယ်။
ဒါပေမယ့် ၃ မိနစ်အကြာမှာပဲ ချယ်လ်ဆီးကထွက်ခွာဖို့သတင်းပြေးနေပြီး အာဆင်နယ်ကအလိုရှိနေတဲ့ အေဘရာဟမ်က ချယ်လ်ဆီးအတွက် အနိုင်ဂိုးကိုသွင်းယူပေးသွားခဲ့ကာ ပွဲအပြီးမှာတော့ ချယ်လ်ဆီးက ၂-၁ နဲ့ အနိုင်ရခဲ့ကာ လန်ဒန်ပြိုင်ဘက်ကို အသည်းပေါက်စေခဲ့ပါတယ်။
ဘရိုက်တန် အသင်းကနေ ပေါင်သန်း ၅၀နဲ့ အာဆင်နယ်ဆီကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တရားဝင် ရောက်ရှိလာခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ခံစစ်မှူး ဘန်ဝှိုက် ဟာ မနေ့ညက လန်ဒန်ဒါဘီ ခြေစမ်းပွဲ ဒုတိယပိုင်းမှာ လူစားဝင် ကစားခွင့် ကနေ အာဆင်နယ် အတွက် ပထမဆုံးပွဲကို စတင်ခွင့် ရခဲ့ပါတယ်။
စမစ်ရို ကကျောနံပါတ် ၁၀ နဲ့ ထိုက်တန်တယ်ဆိုတာကို လည်း မနေ့က ပြသခဲ့ပါတယ်။
မနေ့က ခြေစမ်းပွဲမှာ စမစ်ရို ဟာ ခြေစွမ်း အရိပ်အယောင်ကောင်းတွေ ပြသနိုင်ခဲ့ပြီး ၊ တစ်ကိုယ်တော် အတိုးအလှုပ် ၊ အသင်းဖော်တွေနဲ့ အနီးကပ် ချိတ်ဆက် ကစားပုံ ကောင်းခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
ဒါ့အပြင် ၎င်းဟာ ချယ်လ်ဆီးဖက်က အဖွင့်ဂိုး ရခဲ့ပြီး ၊ မိနစ်ပိုင်း အကြာမှာ အဝေးကန်ချက် ခြိမ်းခြောက်မှု လုပ်နိုင်ခဲ့ပြီး ၊ တိုင်ထိထွက်ခဲ့လို့ ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ပွတ်ကာသီကာ ရင်နာနာနဲ့ ချယ်လ်ဆီးကို အနိုင်ပေးလိုက်ရတဲ့ အာကြီးပွဲက ပြောစရာများ