ပွဲဦးထွက်မှာ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရတဲ့ ဒီလစ်ဂ်ျ

Photo Credit

Photo Credit

ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ဒီလစ်ဂ်ျဟာ စနေနေ့က နာပိုလီနဲ့ပွဲမှာ အသင်းသစ်အတွက် ပထမဆုံးပွဲထွက်အဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ဂျူဗင်တပ်စ်အသင်းက ချန်ပီယံလုဘက် နာပိုလီကို အနိုင်ရခဲ့ပေမယ့် ဒီလစ်ဂ်ျအတွက် အကောင်းဆုံးပွဲမဟုတ်ခဲ့တာတော့ သေချာပါတယ်။

Photo Credit

နယ်သာလန်လက်ရွေးစင် ဒီလစ်ဂ်ျဟာ စီးရီးအေအဖွင့်ပွဲစဉ်ဖြစ်တဲ့ ပါးမားကိုအနိုင်ရခဲ့တဲ့ပွဲမှာ ပါဝင်ကစားခွင့်မရခဲ့ပေမယ့် အသင်းခေါင်းဆောင် ချီရယ်လီနီ ဒဏ်ရာရသွားပြီးနောက် အသက် ၂၀အရွယ်ရှိ ဒီလစ်ဂ်ျလည်း ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ အေဂျက်စ်ကနေ ပေါင် ၆၇.၅သန်းနဲ့ ရောက်ရှိလာတဲ့ ဒီလစ်ဂ်ျအတွက် ဆိုးရွားတဲ့ပွဲဖြစ်ခဲ့ပါတယ်။ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်ဟာ ယမန်နှစ်ဒုတိယဆုရှင် နာပိုလီကို ၃-၀ ဂိုးနဲ့ ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ဒီလစ်ဂ်ျက သူလူကပ်ကစားထားရတဲ့ ပြိုင်ဘက်နောက်ခံလူ မာနိုလက်စ်ကို လွတ်သွားလို့ အဲဒီကစားသမားက အနီးကပ်ခေါင်းတိုက်သွင်းယူသွားပါတယ်။

Photo Credit

နာပိုလီဟာ နောက်တစ်ကြိမ်ချေပဂိုးထပ်ရခဲ့ပြီး ဒီတစ်ခါ Open Play ကနေ ဂိုးရသွားတာဖြစ်ပေမယ့် အေဂျက်စ်နောက်ခံလူဟောင်း ဒီလစ်ဂ်ျ လူမကပ်ထားတဲ့ လိုဇာနိုက သွင်းယူသွားတာဖြစ်သလို ဒီလစ်ဂ်ျရဲ့အရှေ့ကနေ ပြေးထွက်သွားတဲ့ လိုဇာနိုက အသာအယာပိတ်သွင်းခဲ့တာပါ။

Photo Credit

ဒီလစ်ဂ်ျလိုပဲ ယခုနွေရာသီအတွင်း နယ်သာလန်လိဂ်ကနေ စီးရီးအေကို ရောက်လာတဲ့ လိုဇာနိုဟာ ဒီပွဲမှာပဲ ဒီလစ်ဂ်ျကို နောက်တစ်ကြိမ်အရှက်ကွဲစေခဲ့ပြီး သူ့ကို ဖျက်ထုတ်ဖို့နဲ့ ပြေးလမ်းပိတ်ဖို့ ကြိုးစားလာတဲ့ဒီလစ်ဂ်ျလည်း အရှိန်လွန်ကာ ချော်လဲသွားရပြီး သူ့အသင်းဖော်က လိုဇာနိုတစ်ယောက်တည်းလွတ်ထွက်မသွားခင် ပြစ်ဒဏ်ကျူးလွန်လိုက်ရပါတယ်။

Photo Credit

ဒီလစ်ဂ်ျအတွက် ကံကောင်းသွားတာက အဲဒီလိုအမှားတွေကျူးလွန်မိခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်း အမှတ်ပြည့်ရရှိခဲ့တာဖြစ်ပြီး ပွဲက ၃-၃ ဂိုးသရေဖြစ်တော့မလိုဖြစ်သွားပေမယ့် ပွဲပြီးခါနီးမှာ နာပိုလီနောက်ခံလူ ကူလီဘာလီ ကိုယ့်ဂိုးကိုယ်သွင်းမိသွားလို့ ၄-၃ ဂိုးနဲ့ ဂျူဗင်တပ်စ်အသင်း အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit

ဒါပေမဲ့ တစ်ခုရှိတာက ဒီလစ်ဂ်ျဟာ အသက် ၂၀အရွယ်ပဲရှိသေးသလို နယ်မြေသစ်၊ လိဂ်အသစ်မှာ အခုမှ အထိုင်ကျဖို့ ကြိုးစားနေရချိန်ဖြစ်သလို အေဂျက်စ်မှာ ဗဟိုခံစစ်ရဲ့ညာဘက်အခြမ်းမှာ ပုံသေကစားခဲ့ရပေမယ့် နာပိုလီနဲ့ပွဲမှာတော့ ဗဟိုခံစစ်ရဲ့ဘယ်အခြမ်းကို တာဝန်ယူကစားခဲ့ရပါတယ်။

Photo Credit

Unicode

ပွဲဦးထွက်မှာ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရတဲ့ ဒီလစ်ဂျ်

ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ဒီလစ်ဂျ်ဟာ စနေနေ့က နာပိုလီနဲ့ပွဲမှာ အသင်းသစ်အတွက် ပထမဆုံးပွဲထွက်အဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ဂျူဗင်တပ်စ်အသင်းက ချန်ပီယံလုဘက် နာပိုလီကို အနိုင်ရခဲ့ပေမယ့် ဒီလစ်ဂျ်အတွက် အကောင်းဆုံးပွဲမဟုတ်ခဲ့တာတော့ သေချာပါတယ်။
နယ်သာလန်လက်ရွေးစင် ဒီလစ်ဂျ်ဟာ စီးရီးအေအဖွင့်ပွဲစဉ်ဖြစ်တဲ့ ပါးမားကိုအနိုင်ရခဲ့တဲ့ပွဲမှာ ပါဝင်ကစားခွင့်မရခဲ့ပေမယ့် အသင်းခေါင်းဆောင် ချီရယ်လီနီ ဒဏ်ရာရသွားပြီးနောက် အသက် ၂၀အရွယ်ရှိ ဒီလစ်ဂျ်လည်း ပါဝင်ကစားခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ အေဂျက်စ်ကနေ ပေါင် ၆၇.၅သန်းနဲ့ ရောက်ရှိလာတဲ့ ဒီလစ်ဂျ်အတွက် ဆိုးရွားတဲ့ပွဲဖြစ်ခဲ့ပါတယ်။ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်ဟာ ယမန်နှစ်ဒုတိယဆုရှင် နာပိုလီကို ၃-၀ ဂိုးနဲ့ ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ဒီလစ်ဂျ်က သူလူကပ်ကစားထားရတဲ့ ပြိုင်ဘက်နောက်ခံလူ မာနိုလက်စ်ကို လွတ်သွားလို့ အဲဒီကစားသမားက အနီးကပ်ခေါင်းတိုက်သွင်းယူသွားပါတယ်။
နာပိုလီဟာ နောက်တစ်ကြိမ်ချေပဂိုးထပ်ရခဲ့ပြီး ဒီတစ်ခါ Open Play ကနေ ဂိုးရသွားတာဖြစ်ပေမယ့် အေဂျက်စ်နောက်ခံလူဟောင်း ဒီလစ်ဂျ် လူမကပ်ထားတဲ့ လိုဇာနိုက သွင်းယူသွားတာဖြစ်သလို ဒီလစ်ဂျ်ရဲ့အရှေ့ကနေ ပြေးထွက်သွားတဲ့ လိုဇာနိုက အသာအယာပိတ်သွင်းခဲ့တာပါ။
ဒီလစ်ဂျ်လိုပဲ ယခုနွေရာသီအတွင်း နယ်သာလန်လိဂ်ကနေ စီးရီးအေကို ရောက်လာတဲ့ လိုဇာနိုဟာ ဒီပွဲမှာပဲ ဒီလစ်ဂျ်ကို နောက်တစ်ကြိမ်အရှက်ကွဲစေခဲ့ပြီး သူ့ကို ဖျက်ထုတ်ဖို့နဲ့ ပြေးလမ်းပိတ်ဖို့ ကြိုးစားလာတဲ့ဒီလစ်ဂျ်လည်း အရှိန်လွန်ကာ ချော်လဲသွားရပြီး သူ့အသင်းဖော်က လိုဇာနိုတစ်ယောက်တည်းလွတ်ထွက်မသွားခင် ပြစ်ဒဏ်ကျူးလွန်လိုက်ရပါတယ်။
ဒီလစ်ဂျ်အတွက် ကံကောင်းသွားတာက အဲဒီလိုအမှားတွေကျူးလွန်မိခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်း အမှတ်ပြည့်ရရှိခဲ့တာဖြစ်ပြီး ပွဲက ၃-၃ ဂိုးသရေဖြစ်တော့မလိုဖြစ်သွားပေမယ့် ပွဲပြီးခါနီးမှာ နာပိုလီနောက်ခံလူ ကူလီဘာလီ ကိုယ့်ဂိုးကိုယ်သွင်းမိသွားလို့ ၄-၃ ဂိုးနဲ့ ဂျူဗင်တပ်စ်အသင်း အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ တစ်ခုရှိတာက ဒီလစ်ဂျ်ဟာ အသက် ၂၀အရွယ်ပဲရှိသေးသလို နယ်မြေသစ်၊ လိဂ်အသစ်မှာ အခုမှ အထိုင်ကျဖို့ ကြိုးစားနေရချိန်ဖြစ်သလို အေဂျက်စ်မှာ ဗဟိုခံစစ်ရဲ့ညာဘက်အခြမ်းမှာ ပုံသေကစားခဲ့ရပေမယ့် နာပိုလီနဲ့ပွဲမှာတော့ ဗဟိုခံစစ်ရဲ့ဘယ်အခြမ်းကို တာဝန်ယူကစားခဲ့ရပါတယ်။