ပြဲတုိင္းႏိုင္စံခ်ိန္ဆက္ထိန္းႏိုင္ခဲ့ေပမယ့္ ပင္နယ္တီေရာက္မွအႏိုင္ရခဲ့တဲ့ယူႏုိက္တက္

Photo Credit ; Getty Images

Photo Credit

ဒီႏွစ္ရာသီႀကိဳခရီးစဥ္မွာ ရာႏႈန္းျပည့္အႏုိင္ရရိွထားတဲ့ ယူႏိုက္တက္ဟာ ေအစီမီလန္အသင္းကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရရွိခဲ့ၿပီး စံခ်ိန္ေကာင္းဆက္ထိန္းႏိုင္ခဲ့ေပမယ့္ ခ်န္ပီယံျဖစ္မယ့္အခြင့္အေရးေတာ့ ဆုံး႐ံႈးသြားခဲ့ရပါတယ္။ ယူႏုိက္တက္ဟာ ေအစီမီလန္ကို အနည္းဆုံး ၃ဂုိးျပတ္အႏိုင္ရရင္ အင္တာေနရွင္နယ္ခ်န္ပီယံဖလားခ်န္ပီယံျဖစ္ခြင့္ရမွာျဖစ္ေပမယ့္ အခုေတာ့ သာမန္ပြဲကစားခ်ိန္အတြင္း ေအစီမီလန္နဲ႔ ၂-၂ဂိုးသေရက်ခဲ့တာျဖစ္ပါတယ္။

Photo Credit ; Getty Images

ယူႏုိက္တက္ဟာ ဒီပြဲမွာေတာ့ ၄-၃-၁-၂ ပုံစံနဲ႔ ပြဲထြက္လာၿပီး ေတာင္ပံကစားကြက္ေဖ်ာက္ကာ မာရွယ္နဲ႔ ရက္ရွ္ဖို႔ဒ္တုိ႔ရဲ႕ေနာက္ကေန ကြင္းလယ္ဖန္တီးရွင္အျဖစ္ မာတာက လုိက္ပါကစားခဲ့ပါတယ္။ ဒါေပမဲ့ တကယ္ပြဲကစားခ်ိန္မွာေတာ့ မာရွယ္နဲ႔ ရက္ရွ္ဖို႔ဒ္တုိ႔က အလ်ဥ္းသင့္သလုိ ေတာင္ပံထြက္ကစားခဲ့လုိ႔ ေအစီမီလန္ခံစစ္ မထိန္းခ်ဳပ္ႏိုင္ခဲ့ဘဲ ပြဲခ်ိန္ ၁၄မိနစ္မွာပဲ မာတစ္အေ၀းကေန ေပးလုိက္တာကို ဘယ္ေတာင္ပံကေန ရက္ရွ္ဖို႔ဒ္ အတြင္းထဲေတာက္ေလွ်ာက္ဆဲြေျပး၀င္ကာ ဂိုးသမားရဲ႕အေ၀းတုိင္ေထာင့္ထဲ ကန္သြင္းယူႏုိင္ခဲ့လုိ႔ ဦးေဆာင္ဂုိးရရွိခဲ့ပါတယ္။

Photo Credit ; Getty Images

ဒါေပမဲ့ ပြဲခ်ိန္ ၂၆မိနစ္မွာ ေအစီမီလန္အသင္း ေခ်ပဂိုးျပန္လည္ရရွိခဲ့ၿပီး ယူႏိုက္တက္ခံစစ္ရဲ႕အမွားကေန ဘုိရီနီ အသာထိုးေပးတာကို လီဗာပူးကစားသမားေဟာင္း ဆူဆုိက ဧရိယာထိပ္ကေန ဘယ္ေျခနဲ႔ လွလွပပကန္သြင္းခဲ့တာျဖစ္ပါတယ္။ ပြဲခ်ိန္ ၃၆မိနစ္မွာ ေအစီမီလန္အသင္း အပိုင္အခြင့္အေရးရခဲ့ေပမယ့္ ဆူဆုိ အသာခုတ္တင္ေပးလုိက္တာကို တုိက္စစ္မွဴး ပီယာတက္ခ္ အသာလမ္းေၾကာင္းေျပာင္း ေခါင္းတုိက္လုိက္တာ ဂိုးသမား ဒီဂီယာလက္စြမ္းျပကာကြယ္ပုတ္ထုတ္ႏုိင္ခ့ဲပါတယ္။

Photo Credit ; EMPICS Sport

ဒုတိယပိုင္းမွာလည္း အျပန္အလွန္ဖြင့္ကစားခဲ့ၿပီး ပြဲခ်ိန္ ၅၈မိနစ္မွာ မာတာရဲ႕ေပးပုိ႔မႈကေန ကြင္းလယ္လူ ပါရဲရား မနားတမ္းကန္သြင္းခဲ့ေပမယ့္ ဂိုးေပါက္နဲ႔လြဲေခ်ာ္သြားပါတယ္။ ပြဲခ်ိန္မိနစ္ ၆၀မွာ ဆူဆုိရဲ႕ေထာင့္ျဖတ္ေဘာက လင္ဒီေလာ့ဖ္နဲ႔ထိကာ ဂိုးထဲ၀င္သြားလုိ႔ ေအစီမီလန္အသင္း ဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။ ပြဲခ်ိန္မိနစ္ ၇၀ မွာ ညာေတာင္ပံကေန အက္ရွ္ေလယန္းတင္ေပးလိုက္တာကို ဘယ္ေနာက္ခံလူ လုခ္ေရွာ မနားတမ္းကန္သြင္းခဲ့ေပမယ့္ ဂိုးေပါက္နဲ႔လြဲေခ်ာ္သြားပါတယ္။

Photo Credit ; Getty Images

ပြဲခ်ိန္ ၇၂မိနစ္မွာေတာ့ ယူႏုိက္တက္အသင္း ေခ်ပဂိုးရရွိခဲ့ၿပီး ဂိုးဧရိယာဘယ္ဘက္အျခမ္းကေန လင္ဂတ္က ဘယ္ေျခနဲ႔ ေထာင့္ျဖတ္ကန္သြင္းခဲ့တာျဖစ္ပါတယ္။ ပင္နယ္တီအဆုံးအျဖတ္ခံယူရာမွာေတာ့ ယူႏုိက္တက္က ၅လုံးစလုံးဂိုး၀င္ခဲ့ၿပီး ေအစီမီလန္အတြက္ တုိက္စစ္မွဴး ဒန္နီရယ္မာလ္ဒီနီရဲ႕ကန္သြင္းခ်က္ကို ဒီဂီယာ ကာကြယ္ႏိုင္ခဲ့လုိ႔ ယူႏိုက္တက္အသင္း ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရရွိခဲ့ပါတယ္။

Photo Credit ; Reuters

Unicode

ပွဲတိုင်းနိုင်စံချိန်ဆက်ထိန်းနိုင်ခဲ့ပေမယ့် ပင်နယ်တီရောက်မှအနိုင်ရခဲ့တဲ့ယူနိုက်တက်

ဒီနှစ်ရာသီကြိုခရီးစဉ်မှာ ရာနှုန်းပြည့်အနိုင်ရရှိထားတဲ့ ယူနိုက်တက်ဟာ အေစီမီလန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရရှိခဲ့ပြီး စံချိန်ကောင်းဆက်ထိန်းနိုင်ခဲ့ပေမယ့် ချန်ပီယံဖြစ်မယ့်အခွင့်အရေးတော့ ဆုံးရှုံးသွားခဲ့ရပါတယ်။ ယူနိုက်တက်ဟာ အေစီမီလန်ကို အနည်းဆုံး ၃ဂိုးပြတ်အနိုင်ရရင် အင်တာနေရှင်နယ်ချန်ပီယံဖလားချန်ပီယံဖြစ်ခွင့်ရမှာဖြစ်ပေမယ့် အခုတော့ သာမန်ပွဲကစားချိန်အတွင်း အေစီမီလန်နဲ့ ၂-၂ဂိုးသရေကျခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒီပွဲမှာတော့ ၄-၃-၁-၂ ပုံစံနဲ့ ပွဲထွက်လာပြီး တောင်ပံကစားကွက်ဖျောက်ကာ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့နောက်ကနေ ကွင်းလယ်ဖန်တီးရှင်အဖြစ် မာတာက လိုက်ပါကစားခဲ့ပါတယ်။ ဒါပေမဲ့ တကယ်ပွဲကစားချိန်မှာတော့ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့က အလျဉ်းသင့်သလို တောင်ပံထွက်ကစားခဲ့လို့ အေစီမီလန်ခံစစ် မထိန်းချုပ်နိုင်ခဲ့ဘဲ ပွဲချိန် ၁၄မိနစ်မှာပဲ မာတစ်အဝေးကနေ ပေးလိုက်တာကို ဘယ်တောင်ပံကနေ ရက်ရှ်ဖို့ဒ် အတွင်းထဲတောက်လျှောက်ဆွဲပြေးဝင်ကာ ဂိုးသမားရဲ့အဝေးတိုင်ထောင့်ထဲ ကန်သွင်းယူနိုင်ခဲ့လို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန် ၂၆မိနစ်မှာ အေစီမီလန်အသင်း ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ယူနိုက်တက်ခံစစ်ရဲ့အမှားကနေ ဘိုရီနီ အသာထိုးပေးတာကို လီဗာပူးကစားသမားဟောင်း ဆူဆိုက ဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ လှလှပပကန်သွင်းခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၃၆မိနစ်မှာ အေစီမီလန်အသင်း အပိုင်အခွင့်အရေးရခဲ့ပေမယ့် ဆူဆို အသာခုတ်တင်ပေးလိုက်တာကို တိုက်စစ်မှူး ပီယာတက်ခ် အသာလမ်းကြောင်းပြောင်း ခေါင်းတိုက်လိုက်တာ ဂိုးသမား ဒီဂီယာလက်စွမ်းပြကာကွယ်ပုတ်ထုတ်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း အပြန်အလှန်ဖွင့်ကစားခဲ့ပြီး ပွဲချိန် ၅၈မိနစ်မှာ မာတာရဲ့ပေးပို့မှုကနေ ကွင်းလယ်လူ ပါရဲရား မနားတမ်းကန်သွင်းခဲ့ပေမယ့် ဂိုးပေါက်နဲ့လွဲချော်သွားပါတယ်။ ပွဲချိန်မိနစ် ၆၀မှာ ဆူဆိုရဲ့ထောင့်ဖြတ်ဘောက လင်ဒီလော့ဖ်နဲ့ထိကာ ဂိုးထဲဝင်သွားလို့ အေစီမီလန်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ပွဲချိန်မိနစ် ၇၀ မှာ ညာတောင်ပံကနေ အက်ရှ်လေယန်းတင်ပေးလိုက်တာကို ဘယ်နောက်ခံလူ လုခ်ရှော မနားတမ်းကန်သွင်းခဲ့ပေမယ့် ဂိုးပေါက်နဲ့လွဲချော်သွားပါတယ်။
ပွဲချိန် ၇၂မိနစ်မှာတော့ ယူနိုက်တက်အသင်း ချေပဂိုးရရှိခဲ့ပြီး ဂိုးဧရိယာဘယ်ဘက်အခြမ်းကနေ လင်ဂတ်က ဘယ်ခြေနဲ့ ထောင့်ဖြတ်ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ ယူနိုက်တက်က ၅လုံးစလုံးဂိုးဝင်ခဲ့ပြီး အေစီမီလန်အတွက် တိုက်စစ်မှူး ဒန်နီရယ်မာလ်ဒီနီရဲ့ကန်သွင်းချက်ကို ဒီဂီယာ ကာကွယ်နိုင်ခဲ့လို့ ယူနိုက်တက်အသင်း ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။d