
Photo Credit
Photo Credit ; AFP / Getty Images
စီးရီးေအအဖြင့္ပြဲစဥ္အျဖစ္ လက္ခ်ီကို ၄-၀ ဂိုးနဲ႔အႏိုင္ရရွိခဲ့ရာမွာ ေျပာစရာေတြအမ်ားႀကီးရွိခဲ့ပါတယ္။ စီးရီးေအကို တစ္ေက်ာ့ျပန္ေရာက္လာတဲ့ အင္တာမီလန္နည္းျပသစ္ ကြန္တီရဲ႕ပထမဆုံးပြဲ၊ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္လာတဲ့တုိက္စစ္မွဴး လူကာကူရဲ႕ပထမဆုံးပြဲမွာ သြင္းယူႏုိင္ခဲ့တဲ့ပထမဆုံးဂိုး အစရွိသျဖင့္ ေျပာစရာေတြရွိခဲ့ပါတယ္။ ၿပီးေတာ့ ကစားသမားသစ္ဆန္စီရဲ႕သြင္းဂုိး၊ ကြင္းလယ္လူဘ႐ိုဇိုဗစ္ရဲ႕သြင္းဂိုးေတြကလည္း လွပခဲ့ပါတယ္။
Photo Credit
ဒါေပမဲ့ အဲဒီအေၾကာင္းအရာေတြထက္ အားလုံးကို ပိုစိတ္လႈပ္ရွားေစခဲ့တဲ့ျဖစ္ရပ္ကေတာ့ ၀ါရင့္ေတာင္ပံကစားသမား အန္တုိနီယိုကန္ဒရီဗာရဲ႕၀ါးလုံးထိုးကန္သြင္းခ်က္ျဖစ္ၿပီး ကိုက္ ၃၀အကြာကေန သြင္းယူခဲ့တဲ့ သူ႕ရဲ႕သြင္းဂိုးက ၂၀၁၉-၂၀ စီးရီးေအၿပိဳင္ပြဲရဲ႕အေကာင္းဆုံးသြင္းဂိုးဆုအတြက္ ေစာေစာစီးစီးဆန္ခါတင္စာရင္း၀င္ဂိုးအျဖစ္ေတာင္ သတ္မွတ္ႏိုင္ပါတယ္။ ေျပာရမယ္ဆုိရင္ ကန္ဒရီဗာဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္မွာ ကြယ္ေပ်ာက္ေနခ့ဲရၿပီးမွ ကြန္တီလက္လက္မွာ ျပန္လည္ေတာက္ပလာတာပါ။
Photo Credit
ကြန္တီက Wing-backs ေတြအားကုိးတဲ့နည္းျပျဖစ္ၿပီး ကန္ဒရီဗာကလည္း ညာေတာင္ပံတစ္ေလွ်ာက္ အတက္အဆင္းကစားႏိုင္သလို တိက်တဲ့ျဖတ္တင္ေဘာေတြလည္း ေပးပို႔ႏိုင္ေတာ့ ေနရာျပန္ရလာၿပီး ကြန္တီဲရဲ႕ယုံၾကည္မႈကို အလွပဆုံးသြင္းဂိုးနဲ႔အတူ ျပန္လည္ေပးဆပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
Photo Credit
သူဟာ ဂိုးေပါက္နဲ႔ ကိုက္ ၃၀အကြာ ညာဘက္အျခမ္းေလာက္မွာ ေဘာလုံးရတာကို အရွိန္သိပ္မယူဘဲ သူအားသန္တဲ့ညာေျခနဲ႔ ဂိုးသမားရဲ႕ဘယ္ဘက္အေပၚေထာင့္ထဲ အျပင္းကန္သြင္းခ့ဲတာျဖစ္ၿပီး သူ႕ရဲ႕ကန္ခ်က္ Power က တကယ့္ကိုအံ့အားသင့္စရာေကာင္းေလာက္ေအာင္ ျပင္းထန္လြန္းခဲ့ပါတယ္။ သူ႕ရဲ႕ကန္ခ်က္က ျပင္းထန္အားပါသလို အနားေရာက္မွ ႐ုတ္တရက္အနည္းငယ္ေ၀့၀ုိက္သြားတာျဖစ္လုိ႔ လက္ခ်ီဂိုးသမား ဂါဘရီရယ္လည္း ကာကြယ္ဖို႔ ဘယ္လုိမွအခြင့္အေရးမရခဲ့ပါဘူး။
Photo Credit ; EPA
ကန္ဒရီဗာလည္း ဒီဂုိးနဲ႔အတူ တစ္ရာသီအတြင္းအေကာင္းဆုံးသြင္းဂိုးဆုအတြက္ ဆန္ခါတင္စာရင္းထဲ သူ႕နာမည္ ထည့္သြင္းႏိုင္ဖို႔ မ်ားသြားပါတယ္။ အင္တာမီလန္အေနနဲ႔ ရာသီသစ္ရဲ႕ပထမဆုံးႏိုင္ပြဲကို ပထမဆုံးပြဲမွာပဲ အလြယ္တကူရယူႏိုင္ခဲ့တာျဖစ္ၿပီး ေပါင္ ၇၃သန္းတန္တုိက္စစ္မွဴး လူကာကူလည္း ပြဲခ်ိန္မိနစ္ ၆၀ မွာ ဂိုးသမားပုတ္ထုတ္လုိ႔ ျပန္ထြက္လာတာကို ေျပး၀င္ပိတ္သြင္းကာ အသင္းသစ္အတြက္ ပထမဆုံးပြဲမွာ ေဗြေဆာ္ဦးသြင္းဂိုးရယူႏိုင္ခဲ့ပါတယ္။
Photo Credit
နည္းျပကြန္တီကလည္း ပြဲအၿပီးမွာ သူ႕တုိက္စစ္မွဴးရဲ႕ေျခစြမ္းနဲ႔ပတ္သက္လုိ႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။ ”လူကာကူဟာ အင္တာမီလန္ကမၻာကို အေကာင္းဆုံးနည္းလမ္းနဲ႔ ၀င္ေရာက္ႏိုင္ခဲ့တာပါ။ သူက ကုိယ္လုံးႀကီးေပမယ့္ မ်က္ႏွာကေတာ့ အၿမဲတမ္းၿပံဳးေနတတ္ပါတယ္။ အသင္းအတြက္ ေပးဆပ္ကစားဖို႔ သူ႕ဘက္က အဆင္သင့္ရွိေနပါတယ္”လုိ႔ ကြန္တီက ေျပာၾကားခဲ့ပါတယ္။
Photo Credit ; EPA
Unicode
ပွဲစဉ် ၁မှာပဲ Goal of the Season ဆန်ခါတင်စာရင်း ဝင်သွားတဲ့ ကန်ဒရီဗာရဲ့ဝါးလုံးထိုးသွင်းဂိုး
စီးရီးအေအဖွင့်ပွဲစဉ်အဖြစ် လက်ချီကို ၄-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ရာမှာ ပြောစရာတွေအများကြီးရှိခဲ့ပါတယ်။ စီးရီးအေကို တစ်ကျော့ပြန်ရောက်လာတဲ့ အင်တာမီလန်နည်းပြသစ် ကွန်တီရဲ့ပထမဆုံးပွဲ၊ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတဲ့တိုက်စစ်မှူး လူကာကူရဲ့ပထမဆုံးပွဲမှာ သွင်းယူနိုင်ခဲ့တဲ့ပထမဆုံးဂိုး အစရှိသဖြင့် ပြောစရာတွေရှိခဲ့ပါတယ်။ ပြီးတော့ ကစားသမားသစ်ဆန်စီရဲ့သွင်းဂိုး၊ ကွင်းလယ်လူဘရိုဇိုဗစ်ရဲ့သွင်းဂိုးတွေကလည်း လှပခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီအကြောင်းအရာတွေထက် အားလုံးကို ပိုစိတ်လှုပ်ရှားစေခဲ့တဲ့ဖြစ်ရပ်ကတော့ ဝါရင့်တောင်ပံကစားသမား အန်တိုနီယိုကန်ဒရီဗာရဲ့ဝါးလုံးထိုးကန်သွင်းချက်ဖြစ်ပြီး ကိုက် ၃၀အကွာကနေ သွင်းယူခဲ့တဲ့ သူ့ရဲ့သွင်းဂိုးက ၂၀၁၉-၂၀ စီးရီးအေပြိုင်ပွဲရဲ့အကောင်းဆုံးသွင်းဂိုးဆုအတွက် စောစောစီးစီးဆန်ခါတင်စာရင်းဝင်ဂိုးအဖြစ်တောင် သတ်မှတ်နိုင်ပါတယ်။ ပြောရမယ်ဆိုရင် ကန်ဒရီဗာဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်မှာ ကွယ်ပျောက်နေခဲ့ရပြီးမှ ကွန်တီလက်လက်မှာ ပြန်လည်တောက်ပလာတာပါ။
ကွန်တီက Wing-backs တွေအားကိုးတဲ့နည်းပြဖြစ်ပြီး ကန်ဒရီဗာကလည်း ညာတောင်ပံတစ်လျှောက် အတက်အဆင်းကစားနိုင်သလို တိကျတဲ့ဖြတ်တင်ဘောတွေလည်း ပေးပို့နိုင်တော့ နေရာပြန်ရလာပြီး ကွန်တီဲရဲ့ယုံကြည်မှုကို အလှပဆုံးသွင်းဂိုးနဲ့အတူ ပြန်လည်ပေးဆပ်နိုင်ခဲ့တာဖြစ်ပါတယ်။
သူဟာ ဂိုးပေါက်နဲ့ ကိုက် ၃၀အကွာ ညာဘက်အခြမ်းလောက်မှာ ဘောလုံးရတာကို အရှိန်သိပ်မယူဘဲ သူအားသန်တဲ့ညာခြေနဲ့ ဂိုးသမားရဲ့ဘယ်ဘက်အပေါ်ထောင့်ထဲ အပြင်းကန်သွင်းခဲ့တာဖြစ်ပြီး သူ့ရဲ့ကန်ချက် Power က တကယ့်ကိုအံ့အားသင့်စရာကောင်းလောက်အောင် ပြင်းထန်လွန်းခဲ့ပါတယ်။ သူ့ရဲ့ကန်ချက်က ပြင်းထန်အားပါသလို အနားရောက်မှ ရုတ်တရက်အနည်းငယ်ဝေ့ဝိုက်သွားတာဖြစ်လို့ လက်ချီဂိုးသမား ဂါဘရီရယ်လည်း ကာကွယ်ဖို့ ဘယ်လိုမှအခွင့်အရေးမရခဲ့ပါဘူး။
ကန်ဒရီဗာလည်း ဒီဂိုးနဲ့အတူ တစ်ရာသီအတွင်းအကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းထဲ သူ့နာမည် ထည့်သွင်းနိုင်ဖို့ များသွားပါတယ်။ အင်တာမီလန်အနေနဲ့ ရာသီသစ်ရဲ့ပထမဆုံးနိုင်ပွဲကို ပထမဆုံးပွဲမှာပဲ အလွယ်တကူရယူနိုင်ခဲ့တာဖြစ်ပြီး ပေါင် ၇၃သန်းတန်တိုက်စစ်မှူး လူကာကူလည်း ပွဲချိန်မိနစ် ၆၀ မှာ ဂိုးသမားပုတ်ထုတ်လို့ ပြန်ထွက်လာတာကို ပြေးဝင်ပိတ်သွင်းကာ အသင်းသစ်အတွက် ပထမဆုံးပွဲမှာ ဗွေဆော်ဦးသွင်းဂိုးရယူနိုင်ခဲ့ပါတယ်။
နည်းပြကွန်တီကလည်း ပွဲအပြီးမှာ သူ့တိုက်စစ်မှူးရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ ချီးကျူးသွားခဲ့ပါတယ်။ ”လူကာကူဟာ အင်တာမီလန်ကမ္ဘာကို အကောင်းဆုံးနည်းလမ်းနဲ့ ဝင်ရောက်နိုင်ခဲ့တာပါ။ သူက ကိုယ်လုံးကြီးပေမယ့် မျက်နှာကတော့ အမြဲတမ်းပြုံးနေတတ်ပါတယ်။ အသင်းအတွက် ပေးဆပ်ကစားဖို့ သူ့ဘက်က အဆင်သင့်ရှိနေပါတယ်”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။