ပြောတဲ့အတိုင်း အဟုတ်လုပ်ပြခဲ့တဲ့ ဆိုးလ်ရှားနဲ့ မန်ယူက မန်စီးတီးနောက်ကို ၈မှတ်အကွာကို ရောက်ရှိလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီပွဲမတိုင်ခင်ကတည်းက မန်စီးတီးနောက်ကို ဖိအားလိုက်ပေးနိုင်ဖို့ ကြုံးဝါးထားတဲ့ ဆိုးလ်ရှားရဲ့ မန်ယူဟာ အပြောနဲ့ အလုပ်ညီခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။

ပွဲစပြီး ၁၀စက္ကန့်အတွင်းမှာပဲ ဘန်လေက တစ်ဂိုစသွင်းလိုက်တဲ့အတွက် ရင်ခုန်စရာဖြစ်ခဲ့ပေမယ့် လူကျွံ့ဘောဖြစ်နေပြီး ဂိုးမပေးခဲ့ရပါဘူး။

ပေါ်စခိုးလ်အကြံပေးသလို ဆိုးလ်ရှားဟာ ကွင်းလယ်မှာ ဖာနန်ဒက်စ်နဲ့ ပေါ့ဂ်ဘာကို အတူတွဲထုတ်လာပြီး တွန်မီနေးလ်နဲ့ ဖရက်ဒ်က ကွင်းလယ်ခံစစ်ပုံစံ ကစားသွားခဲ့ပါတယ်။ ဒါ့ပြင် ဆိုးလ်ရှားဟာ ပထမပိုင်းဂိုးမရတဲ့ သူ့အသင်းကို တိုက်စစ်မြှင့်တဲ့အနေနဲ့ ဖရက်ဒ်ကိုထုတ်ပြီး ကာဗာနီကို ဒုတိယပိုင်းအစမှာ လူစားထည့်လိုက်တာ မှန်ကန်သွားခဲ့ပါတယ်။

ကာဗာနီ၊ရက်ရှိဖို့ဒ်နဲ့ ဂရင်ဝုဒ်တို့ရဲ့ တိုးအားတွေအပြင် ကွင်းလယ်တိုက်စစ်က ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့ရဲ့ ဘောလုံး အခင်းအကျင်းတွေကြောင့် ဘန်လေပြိုဆင်းလာပြီး ၄၈မိနစ်မှာ ဂရင်းဝုဒ်က အဖွင့်ဂိုး စသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဂိုးရပြီး ၂မိနစ်မကြာမှာပဲ ဘန်လေကို ချေပ၈ိုး ပြန်ပေလိုက်ရပြီး ဒီဂိုးဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအဖြစ် ၁၉၉၂ခုနှစ်က စတင်ပြောင်းလဲခဲ့တဲ့အချိန်ကစပြီး မန်ယူအသင်းပေးခဲ့ရတဲ့ ဂိုး ၁၀၀၀ပြည့် ဂိုးဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ မန်ယူကပဲ ဆက်တိုက်ဖိကစားခဲ့ပြီး ၈ရင်းဝုဒ်ရဲ့ကန်ချက် ဘန်လေနောက်ခံလူတစ်ဦးကို ထိပြီး၈ိုးထဲဝင်သွားတဲ့အတွက် အနိုင်ဂီုးစရခဲ့သလို နာကျင်အချိန်ပိုမှာ တန်ပြန်တိုက်စစ်ကနေ ဖာနန်ဒက်စ်၊ ကာဗာနီ၊ ဂရင်းဝုဒ်၊ ဗန်ဒီဘိခ်တို့တွဲလုံးကနေ ကာဗာနီက အသာအယာပိတ်သွင်းပြီး အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲဖြစ်စေခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူရခဲ့တဲ့ သွင်းဂိုး ၃ဂိုးမှာ အဖွင့်ဂိုးနဲ့ အပိတ်ဂိုးတွေဟာ အသင်းလိုက် တွဲလုံးတွေကနေတဆင့် ရခဲ့တာဖြစ်ပြီး အသင်းလိုက် ကစားပုံ အတော်လေး ကောင်းမွန်ခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးက မန်စီးတီးနဲ့ ပွဲတူသွားပြီး ၈မှတ် အကွာအနေအထားကို ရောက်ရှိလာခဲ့ပါတယ်။

၂၀၁၇နောက်ပိုင်း ကတည်းက ဆုဖလားအောင်မြင်မှုတွေနဲ့ ၃နှစ်ကျော်ဝေးကွာနေခဲ့တဲ့ မန်ယူအသင်းအနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် ရောက်ရှိနေပြီး မနှစ်က ဆီဗီလာကို ရှုံနိမ့်ခဲ့သလို မဖြစ်ဖို့လိုနေပြီး ပရီးမီးယားလိဂ်မှာတော့ ဆိုးလ်ရှားပြောသလို နောက်ဆုံးအချိန်အထိ အရှုံမပေးဘဲ ကြိုးစားသွားဖို့ လိုနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi




