ပြုတ်မလိုလိုကနေ နောက်တစ်ဆင့်တက်သွားတဲ့ အတ္တလန္တာရဲ့သမိုင်းဝင်ချန်ပီယံလိဂ်

photo-reuters

photo-AP

စီးရီးအေအသင်းတစ်သင်းဖြစ်တဲ့ အတ္တလန္တာဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာပဲ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့လို့ သူ့တို့အတွက် သမိုင်းဝင်ချန်ပီယံလိဂ်ဘောလုံးရာသီဖြစ်သွားမှာပါ။ တကယ်ဆိုရင် အတ္တလန္တာဟာ မန်စီးတီးပါတဲ့အုပ်စုမှာ လုံးဝကို မျှော်လင့်ချက်မဲ့နီးပါးဖြစ်ခဲ့တာပါ။ ပထမဆုံးအုပ်စု ၃ ပွဲရှုံးခဲ့ပြီး အုပ်စု ၄ ပွဲပြီးတဲ့အချိန်အထိ နိုင်ပွဲမရှိခဲ့တဲ့အသင်းက ချန်ပီယံလိဂ်မှာ ၁၆ သင်းရှုံးထွက်အဆင့်တက်နိုင်လိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားကြတာ မဟုတ်ပါဘူး။

photo-reuters

အတ္တလန္တာရဲ့ချန်ပီယံလိဂ်အုပ်စုပွဲဦးထွက်က ဒိုင်နမိုဇာဂရက်ကို ၄ ဂိုးပြတ်အရှုံးနဲ့ စခဲ့ရတာပါ။ အုပ်စုဒုတိယပွဲစဉ်မှာလည်း သူတို့ဟာ အိမ်ကွင်းမှာတင် ရှက်တာဒိုးနက်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အုပ်စုတတိယပွဲစဉ်မှာ မန်စီးတီးလိုအသင်းကို ၅-၁ ဂိုးနဲ့ရှုံးတာကတော့ မဆန်းပါဘူး။ ဒါပေမဲ့ ဒုတိယအကျော့အိမ်ကွင်းမှာ မန်စီးတီးကို ၁-၁ သရေကစားနိုင်ခဲ့တာက အတ္တလန္တာအတွက် အဖိုးတန်သွားတယ်။ အုပ်စုပွဲစဉ်-၅ ဖြစ်တဲ့ ဒိုင်နမိုဇာဂရက်နဲ့အိမ်ကွင်းပွဲရောက်မှ အတ္တလန္တာဟာ ချန်ပီယံလိဂ်မှာ ပထမဆုံးနိုင်ပွဲစရဖူးတာပါ။ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ရှက်တာဒိုးနက်နဲ့အဝေးကွင်းမှာတော့ ၃ ဂိုးပြတ်အနိုင်ရမှုနဲ့အတူ အတ္တလန္တာဟာ ချန်ပီယံလိဂ်မှာ အံ့အားသင့်ဖွယ်လုပ်နိုင်ခဲ့ပါတယ်။

photo-champions league

တကယ်ဆို အုပ်စုနောက်ဆုံးပွဲမတိုင်ခင် အတ္တလန္တာဟာ ဇယားအောက်ဆုံးအသင်းပါ။ ရှုံးထွက်အဆင့်အတွက် မျှော်လင့်ချက်အနည်းဆုံးအသင်းလည်း ဖြစ်ခဲ့ပါတယ်။ သူတို့က ရှက်တာကိုနိုင်ရင်တောင် တစ်ဖက်မှာ ဒိုင်နမိုဇာဂရက်မနိုင်မှသာ နောက်တစ်ဆင့်တက်မှာပါ။ အခုတော့ သူတို့က နိုင်ခဲ့တဲ့အပြင် ဒိုင်နမိုဇာဂရက်ကလည်း မန်စီးတီးကိုရှုံးခဲ့လို့ အတ္တလန္တာဟာ အုပ်စုဘိတ်ဆုံးအသင်းအဖြစ်ကနေ မန်စီးတီးရဲ့နောက် အုပ်စုဒုတိယအသင်းအဖြစ် ရှုံးထွက်အဆင့်တက်လှမ်းနိုင်ခဲ့ပါတယ်။

[Zawgyi]

ျပဳတ္မလိုလိုကေန ေနာက္တစ္ဆင့္တက္သြားတဲ့ အတၱလႏၱာရဲ႕သမိုင္း၀င္ခ်န္ပီယံလိဂ္

စီးရီးေအအသင္းတစ္သင္းျဖစ္တဲ့ အတၱလႏၱာဟာ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ပါ၀င္ယွဥ္ၿပိဳင္ခြင့္ရတဲ့ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာပဲ ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ခဲ့လုိ႔ သူ႔တုိ႔အတြက္ သမိုင္း၀င္ခ်န္ပီယံလိဂ္ေဘာလုံးရာသီျဖစ္သြားမွာပါ။ တကယ္ဆုိရင္ အတၱလႏၱာဟာ မန္စီးတီးပါတဲ့အုပ္စုမွာ လုံး၀ကို ေမွ်ာ္လင့္ခ်က္မဲ့နီးပါးျဖစ္ခဲ့တာပါ။ ပထမဆုံးအုပ္စု ၃ ပြဲရႈံးခဲ့ၿပီး အုပ္စု ၄ ပြဲၿပီးတဲ့အခ်ိန္အထိ ႏိုင္ပြဲမရွိခဲ့တဲ့အသင္းက ခ်န္ပီယံလိဂ္မွာ ၁၆ သင္းရႈံးထြက္အဆင့္တက္ႏိုင္လိမ့္မယ္လို႔ ဘယ္သူကမွ ထင္ထားၾကတာ မဟုတ္ပါဘူး။

အတၱလႏၱာရဲ႕ခ်န္ပီယံလိဂ္အုပ္စုပြဲဦးထြက္က ဒုိင္နမုိဇာဂရက္ကို ၄ ဂိုးျပတ္အရႈံးနဲ႔ စခဲ့ရတာပါ။ အုပ္စုဒုတိယပြဲစဥ္မွာလည္း သူတို႔ဟာ အိမ္ကြင္းမွာတင္ ရွက္တာဒိုုးနက္ကို ၂-၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ အုပ္စုတတိယပြဲစဥ္မွာ မန္စီးတီးလိုအသင္းကို ၅-၁ ဂိုးနဲ႔ရႈံးတာကေတာ့ မဆန္းပါဘူး။ ဒါေပမဲ့ ဒုတိယအေက်ာ့အိမ္ကြင္းမွာ မန္စီးတီးကို ၁-၁ သေရကစားႏို္င္ခဲ့တာက အတၱလႏၱာအတြက္ အဖိုးတန္သြားတယ္။ အုပ္စုပြဲစဥ္-၅ ျဖစ္တဲ့ ဒုိင္နမိုဇာဂရက္နဲ႔အိမ္ကြင္းပြဲေရာက္မွ အတၱလႏၱာဟာ ခ်န္ပီယံလိဂ္မွာ ပထမဆုံးႏိုင္ပြဲစရဖူးတာပါ။ အုပ္စုေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ ရွက္တာဒိုးနက္နဲ႔အေ၀းကြင္းမွာေတာ့ ၃ ဂိုးျပတ္အႏိုင္ရမႈနဲ႔အတူ အတၱလႏၱာဟာ ခ်န္ပီယံလိဂ္မွာ အံ့အားသင့္ဖြယ္လုပ္ႏိုင္ခဲ့ပါတယ္။

တကယ္ဆုိ အုပ္စုေနာက္ဆုံးပြဲမတိုင္ခင္ အတၱလႏၱာဟာ ဇယားေအာက္ဆုံးအသင္းပါ။ ရႈံးထြက္အဆင့္အတြက္ ေမွ်ာ္လင့္ခ်က္အနည္းဆုံးအသင္းလည္း ျဖစ္ခဲ့ပါတယ္။ သူတုိ႔က ရွက္တာကိုႏိုင္ရင္ေတာင္ တစ္ဖက္မွာ ဒုိင္နမုိဇာဂရက္မႏိုင္မွသာ ေနာက္တစ္ဆင့္တက္မွာပါ။ အခုေတာ့ သူတို႔က ႏုိင္ခဲ့တဲ့အျပင္ ဒုိင္နမိုဇာဂရက္ကလည္း မန္စီးတီးကိုရႈံးခဲ့လို႔ အတၱလႏၱာဟာ အုပ္စုဘိတ္ဆုံးအသင္းအျဖစ္ကေန မန္စီးတီးရဲ႕ေနာက္ အုပ္စုဒုတိယအသင္းအျဖစ္ ရႈံးထြက္အဆင့္တက္လွမ္းႏိုင္ခဲ့ပါတယ္။