ပြုတ်စော်နံနေပြီဖြစ်တဲ့ မော်ရင်ဟို

မော်ရင်ဟိုရဲ့ အသင်းဟာ ဒီနေ့ညမှာတော့ မန်စီးတီးအသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။ အဲဗာတန်အသင်းကို ရှုံးနိမ့်ကာ FA ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရတဲ့ ပွဲအပြီးတွင် စပါးအသင်းနည်းပြ မော်ရင်ဟိုဟာ ပြုတ်စော်ပိုနံလာပါတယ်။ နည်းပြ မော်ရင်ဟို ကတော့ ဖိအားတွေအောက်ကို ရောက်ရှိနေတာပါ။

မော်ရင်ဟိုဟာ နောက်ထပ်ထုတ်ပယ်ခံရမယ့် ပရီးမီးယားလိဂ် နည်းပြ စာရင်းရဲ့ထိပ်ဆုံးနေရာမှာ ရှိနေတယ်လို့ စစ်တမ်းတချို့က ဖော်ပြကြပါတယ်။သူ့ရဲ့နောက်မှာတော့ တန်းဆင်းဇုန်ရောက်နေပြီး ဖိအားဒဏ်အများအပြားခံစားနေရတဲ့ ဝက်စ်ဘရွမ်းနည်းပြ ဆမ်အလာဒိုက်စ် က ရပ်တည်နေတာဖြစ်ပါတယ်။

နယူးကာဆယ် နည်းပြ စတိဗ်ဘရုစ်၊ ပဲလေစ့်နည်းပြ ဟော့ဆန်၊ ဝုလ်ဗ်နည်းပြ နူနို၊ ဖူလ်ဟမ်နည်းပြ ပါကား၊ ရှက်ဖီးနည်းပြ ဝေလ်ဒါ၊အာဆင်နယ်နည်းပြ အာတီတာ၊ ဘရိုက်တန် နည်းပြ ပေါ်တာနဲ့ ဆောက်သမ်တန် နည်းပြ ဟာဆန်ဟူတယ်လ် တို့ကလည်း ပြုတ်စော်နံ ထိပ်ဆုံး(၁၀)နေရာမှာ အစဉ်လိုက်ရပ်တည်နေကြပါတယ်။

မော်ရင်ဟိုကတော့ အသင်းနဲ့ ပတ်သက်ပြီး၊ တိုက်စစ်ကစားတဲ့ အသင်းတစ်သင်းဟာ ကိုယ်ကျူးလွန်တဲ့ အမှားထက် အခွင့်အရေးများကို ပိုမိုဖန်တီးနိုင်မှသာ နိုင်ပွဲများရရှိမယ်ဆိုပြီး သုံးသပ်ထားပါတယ်။

စပါးနည်းပြ မော်ရင်ဟိုဟာ အဲဗာတန်အား ရှုံးနိမ့်ခဲ့တဲ့ FA ဖလားပွဲတွင် ၎င်း၏နည်းပြဘ၀ ပထမဆုံးအကြိမ်အဖြစ် ပွဲတစ်ပွဲအတွင်း (၄)ဂိုးသွင်းပြီး (၄)ဂိုးပြန်ပေးတဲ့ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဗာတန်ကို (၅)ဂိုးပေးခဲ့ရတာဟာ သူ့ရဲ့ နည်းပြဘဝတွင် (၆)ကြိမ်မြောက်အဖြစ် ပြိုင်ဘက်အသင်းကို (၄)ဂိုးနှင့်အထက် ခွင့်ပြုခဲ့ရတာလည်း ဖြစ်ပါတယ်။

စပါးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၄)ပွဲမှာ (၃)ပွဲရှုံးနိမ့်ခဲ့ပြီး (၁)ပွဲသာ အနိုင်ရခဲ့ပါတယ်။ ဒီနေ့ည မော်ကြီးနဲ့ ပက် ဘယ်သူလက်စောင်းပိုထက်မလဲသိရပါမယ်။ ကြားရက်မှာ တော့ စပါးဟာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် WAC အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

Zawgyi

​ျပဳတ္​ေစာ္နံ​ေနၿပီျဖစ္တဲ့ ​ေမာ္ရင္ဟို

ေမာ္ရင္ဟိုရဲ႕ အသင္းဟာ ဒီေန႔ညမွာေတာ့ မန္စီးတီးအသင္းနဲ႔ ေတြ႕ဆုံရမွာျဖစ္ပါတယ္။ အဲဗာတန္အသင္းကို ရႈံးနိမ့္ကာ FA ဖလားၿပိဳင္ပြဲမွ ထြက္ခြာခဲ့ရတဲ့ ပြဲအၿပီးတြင္ စပါးအသင္းနည္းျပ ေမာ္ရင္ဟိုဟာ ျပဳတ္ေစာ္ပိုနံလာပါတယ္။ နည္းျပ ေမာ္ရင္ဟို ကေတာ့ ဖိအားေတြေအာက္ကို ေရာက္ရွိေနတာပါ။ ေမာ္ရင္ဟိုဟာ ေနာက္ထပ္ထုတ္ပယ္ခံရမယ့္ ပရီးမီးယားလိဂ္ နည္းျပ စာရင္းရဲ႕ထိပ္ဆုံးေနရာမွာ ရွိေနတယ္လို႔ စစ္တမ္းတခ်ိဳ႕က ေဖာ္ျပၾကပါတယ္။သူ႔ရဲ႕ေနာက္မွာေတာ့ တန္းဆင္းဇုန္ေရာက္ေနၿပီး ဖိအားဒဏ္အမ်ားအျပားခံစားေနရတဲ့ ဝက္စ္ဘ႐ြမ္းနည္းျပ ဆမ္အလာဒိုက္စ္ က ရပ္တည္ေနတာျဖစ္ပါတယ္။

နယူးကာဆယ္ နည္းျပ စတိဗ္ဘ႐ုစ္၊ ပဲေလစ့္နည္းျပ ေဟာ့ဆန္၊ ဝုလ္ဗ္နည္းျပ ႏူႏို၊ ဖူလ္ဟမ္နည္းျပ ပါကား၊ ရွက္ဖီးနည္းျပ ေဝလ္ဒါ၊အာဆင္နယ္နည္းျပ အာတီတာ၊ ဘ႐ိုက္တန္ နည္းျပ ေပၚတာနဲ႔ ေဆာက္သမ္တန္ နည္းျပ ဟာဆန္ဟူတယ္လ္ တို႔ကလည္း ျပဳတ္ေစာ္နံ ထိပ္ဆုံး(၁၀)ေနရာမွာ အစဥ္လိုက္ရပ္တည္ေနၾကပါတယ္။

ေမာ္ရင္ဟိုကေတာ့ အသင္းနဲ႔ ပတ္သက္ၿပီး၊ တိုက္စစ္ကစားတဲ့ အသင္းတစ္သင္းဟာ ကိုယ္က်ဴးလြန္တဲ့ အမွားထက္ အခြင့္အေရးမ်ားကို ပိုမိုဖန္တီးႏိုင္မွသာ ႏိုင္ပြဲမ်ားရရွိမယ္ဆိုၿပီး သုံးသပ္ထားပါတယ္။ စပါးနည္းျပ ေမာ္ရင္ဟိုဟာ အဲဗာတန္အား ရႈံးနိမ့္ခဲ့တဲ့ FA ဖလားပြဲတြင္ ၎၏နည္းျပဘ၀ ပထမဆုံးအႀကိမ္အျဖစ္ ပြဲတစ္ပြဲအတြင္း (၄)ဂိုးသြင္းၿပီး (၄)ဂိုးျပန္ေပးတဲ့ျဖစ္ရပ္နဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ အဲဗာတန္ကို (၅)ဂိုးေပးခဲ့ရတာဟာ သူ႔ရဲ႕ နည္းျပဘဝတြင္ (၆)ႀကိမ္ေျမာက္အျဖစ္ ၿပိဳင္ဘက္အသင္းကို (၄)ဂိုးႏွင့္အထက္ ခြင့္ျပဳခဲ့ရတာလည္း ျဖစ္ပါတယ္။

စပါးအသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၄)ပြဲမွာ (၃)ပြဲရႈံးနိမ့္ခဲ့ၿပီး (၁)ပြဲသာ အႏိုင္ရခဲ့ပါတယ္။ ဒီ​ေန႔ည ​ေမာ္ႀကီးနဲ႔ ပက္ ဘယ္သူလက္​ေစာင္းပိုထက္မလဲသိရပါမယ္။ ၾကားရက္မွာ ​ေတာ့ စပါးဟာ ယူ႐ိုပါလိဂ္ပြဲစဥ္အျဖစ္ WAC အသင္းနဲ႔ ကစားရမွာျဖစ္ပါတယ္။