
photo-gettyimages
photo-as
ဘရာဇီးဂန္ထဝင်ဖြစ်တဲ့ပီလီဟာ သူ့ရဲ့ဂိုး ၁၀၀၀ ပြည့် နှစ် ၅၀ မြောက်အခမ်းအနားမှာ နာမည်ကြီးအီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ ဂဇက်တာဒယ်လိုစပေါ့သတင်းစာနဲ့ အင်တာဗျူးခဲ့ပါတယ်။ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ပီလီဟာ အဲဒီအင်တာဗျူးမှာ သူ့ရဲ့ကျန်းမာရေးအပြင် ဘာလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ဆွးနွေးသွားခဲ့တာပါ။ အဲဒီထဲမှာ ၂၀၁၉ ထဲက သူတွဲကစားချင်ဆုံးကစားသမားတစ်ယောက်ရဲ့နာမည်ကို မေးတာလည်း ပါဝင်ပါတယ်။
photo-gettyimages
၂၀၁၉ ထဲက ဘယ်ကစားသမားနဲ့တွဲကစားချင်ဆုံးလဲလို့ ဂဇက်တာသတင်းစာကမေးတော့ ပီလီက ”မက်ဆီလို့ ကျွန်တော်ထင်တယ်။ သူဟာ စကေးကစားသမားတစ်ယောက်ဖြစ်ပြီး ဖန်တီးတာ၊ ပေးပို့တာ၊ ဂိုးသွင်းတာ၊ လိမ်ခေါက်တာ အားလုံးကို ကောင်းကောင်းလုပ်နိုင်ပါတယ်။ ကျွန်တော်တို့သာ တစ်သင်းတည်းဆိုရင် ပြိုင်ဘက်တွေဟာ တစ်ယောက်တည်းကိုမဟုတ်ဘဲ ကစားသမားနှစ်ယောက်နဲ့ပတ်သက်လို့ စိုးရိမ်ရမှာပါ။ ဒီကနေ့မှာတော့ မက်ဆီဟာ အပြည့်စုံဆုံးကစားသမားပါပဲ”လို့ ပြန်လည်ဖြေကြားခဲ့တာပါ။
photo-gettyimages
ဒါ့အပြင် ပီလီက အဲဒီအာဂျင်တီးနားသားဟာ ဒီကနေ့ခေတ်ရဲ့တစ်ဦးတည်းသောစူပါစတားမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အရင်ခေတ်ကလောက် တကယ့်ကမ္ဘာ့အဆင့်ကစားသမားများများစားစားမရှိဘူးလို့လည်း ဆက်ပြောပါတယ်။ ”ကျွန်တော်တို့ခေတ်နဲ့အဲဒီနောက်ပိုင်းမှာဆိုရင် အူစီဘီယို၊ ဂျိုဟန်ခရိုက်ဖ်၊ဘက်ကင်ဘောင်ဝါ၊မာရာဒိုနာ၊ဂါရင်ချာ၊ဒီဒီ ထပ်ပြောလို့ရအောင် အများကြီးရှိပါတယ်။ ဒီကနေ့ခေတ်မှာတော့ စုစုပေါင်းမှာ နှစ်ယောက်၊ သုံးယောက်လောက်ပဲ ရှိပါတယ်။ မက်ဆီဗျာ၊ စီရော်နယ်ဒိုဗျာ၊ ပြီးတော့ နေမာလို့ ကျွန်တော်ပြောမယ်။ ဒါတောင် နေမာက ဘရာဇီးအတွက် ကြီးကြီးကျယ်ကျယ်မလုပ်ပြနိုင်သေးဘူး”လို့ ပီလီက ဆက်လက်ပြောကြားခဲ့တာပါ။
[Zawgyi]
ၿပီးျပည့္စုံတဲ့တြဲဖက္ကစားေဖာ္အျဖစ္ စီေရာ္နယ္ဒိုနဲ႔ေနမာတို႔ထက္ မက္ဆီကို ပီလီေရြး
ဘရာဇီးဂႏၳ၀င္ျဖစ္တဲ့ပီလီဟာ သူ႔ရဲ႕ဂိုး ၁၀၀၀ ျပည့္ ႏွစ္ ၅၀ ေျမာက္အခမ္းအနားမွာ နာမည္ႀကီးအီတလီသတင္းစာတစ္ေစာင္ျဖစ္တဲ့ ဂဇက္တာဒယ္လိုစေပါ့သတင္းစာနဲ႔ အင္တာဗ်ဴးခဲ့ပါတယ္။ အသက္ ၇၉ ႏွစ္ရွိၿပီျဖစ္တဲ့ပီလီဟာ အဲဒီအင္တာဗ်ဴးမွာ သူ႔ရဲ႕က်န္းမာေရးအျပင္ ဘာလုံးနဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြကို ဆြးေႏြးသြားခဲ့တာပါ။ အဲဒီထဲမွာ ၂၀၁၉ ထဲက သူတြဲကစားခ်င္ဆုံးကစားသမားတစ္ေယာက္ရဲ႕နာမည္ကို ေမးတာလည္း ပါ၀င္ပါတယ္။
၂၀၁၉ ထဲက ဘယ္ကစားသမားန႔ဲတြဲကစားခ်င္ဆုံးလဲလို႔ ဂဇက္တာသတင္းစာကေမးေတာ့ ပီလီက ”မက္ဆီလုိ႔ ကၽြန္ေတာ္ထင္တယ္။ သူဟာ စေကးကစားသမားတစ္ေယာက္ျဖစ္ၿပီး ဖန္တီးတာ၊ ေပးပို႔တာ၊ ဂိုးသြင္းတာ၊ လိမ္ေခါက္တာ အားလုံးကို ေကာင္းေကာင္းလုပ္ႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔သာ တစ္သင္းတည္းဆုိရင္ ၿပိဳင္ဘက္ေတြဟာ တစ္ေယာက္တည္းကိုမဟုတ္ဘဲ ကစားသမားႏွစ္ေယာက္နဲ႔ပတ္သက္လို႔ စုိးရိမ္ရမွာပါ။ ဒီကေန႔မွာေတာ့ မက္ဆီဟာ အျပည့္စုံဆုံးကစားသမားပါပဲ”လို႔ ျပန္လည္ေျဖၾကားခဲ့တာပါ။
ဒါ့အျပင္ ပီလီက အဲဒီအာဂ်င္တီးနားသားဟာ ဒီကေန႔ေခတ္ရဲ႕တစ္ဦးတည္းေသာစူပါစတားမဟုတ္ဘူးလုိ႔ ဆုိပါတယ္။ ဒါေပမဲ့လည္း အရင္ေခတ္ကေလာက္ တကယ့္ကမာၻ႔အဆင့္ကစားသမားမ်ားမ်ားစားစားမရွိဘူးလို႔လည္း ဆက္ေျပာပါတယ္။ ”ကၽြန္ေတာ္တို႔ေခတ္နဲ႔အဲဒီေနာက္ပိုင္းမွာဆုိရင္ အူစီဘီယို၊ ဂ်ိဳဟန္ခရိုက္ဖ္၊ဘက္ကင္ေဘာင္၀ါ၊မာရာဒိုနာ၊ဂါရင္ခ်ာ၊ဒီဒီ ထပ္ေျပာလုိ႔ရေအာင္ အမ်ားႀကီးရွိပါတယ္။ ဒီကေန႔ေခတ္မွာေတာ့ စုစုေပါင္းမွာ ႏွစ္ေယာက္၊ သုံးေယာက္ေလာက္ပဲ ရွိပါတယ္။ မက္ဆီဗ်ာ၊ စီေရာ္နယ္ဒိုဗ်ာ၊ ၿပီးေတာ့ ေနမာလို႔ ကၽြန္ေတာ္ေျပာမယ္။ ဒါေတာင္ ေနမာက ဘရာဇီးအတြက္ ႀကီးႀကီးက်ယ္က်ယ္မလုပ္ျပႏိုင္ေသးဘူး”လို႔ ပီလီက ဆက္လက္ေျပာၾကားခဲ့တာပါ။