ပြီးခဲ့တဲ့ (၅)နှစ်အတွင်း ဥရောပထိပ်တန်းလိဂ်တွေမှာ ဖရီးကစ်ဂိုးအများဆုံး ကစားသမားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးပွဲတစ်ပွဲမှာ ပြိုင်ဘက်ဂိုးဧရိယာနား ဖရီးကစ်ကန်ခွင့်ရရင် ကစားသမားရဲ့ အရည်အချင်းအပေါ်မူတည်ပြီး အဲဒီဖရီးကစ်က လှပတဲ့သွင်းဂိုးတစ်ဂိုးအဖြစ် ပြောင်းလဲသွားတာမျိုးပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း သူမတူတဲ့အရည်အချင်းတွေကြောင့် Free Kick Specialists ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့သူတွေလည်း အများကြီးပါပဲ။

ဘောလုံးသမားတွေအနေနဲ့လည်း ဖရီးကစ်ကနေ ဂိုးသွင်းနိုင်တဲ့စွမ်းရည် မြင့်မားလာဖို့အတွက် နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာ လေ့ကျင့်ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၅)နှစ်အတွင်း ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေမှာ ဖရီးကစ်ကနေ ဂိုးအများဆုံးသွင်းယူခဲ့သူတွေ အများအပြားရှိခဲ့ပြီး သူတို့တွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေသူကတော့ ဘာစီလိုနာ နာမည်ကျော်ကစားသမား မက်ဆီပဲဖြစ်ပါတယ်။

မက်ဆီဟာ ပဉ္စလက်ဆန်တဲ့ ဖရီးကစ်ဂိုးတွေကို အမြဲလိုလိုသွင်းယူတတ်သူဖြစ်ပြီး မနေ့က ကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ လာလီဂါပွဲမှာ ဖရီးကစ်ကနေ အဖွင့်ဂိုးသွင်းယူခဲ့ပါသေးတယ်။ ဒီသွင်းဂိုးဟာ မက်ဆီရဲ့ ဘာစီလိုနာကစားသမားဘ၀ ဂိုး(၆၅၀)ပြည့်ဖြစ်ခဲ့သလို ပြီးခဲ့တဲ့(၅)နှစ်အတွင်း ဖရီးကစ်ကနေ သူ သွင်းယူခဲ့တာက (၂၁)ဂိုးရှိခဲ့တာကြောင့် အခုစာရင်းမှာ အဆင့်(၁)နေရာရရှိခဲ့တာပဲဖြစ်ပါတယ်။

အခုလောလောဆယ်ရဲ့ မက်ဆီရဲ့ အပြောင်းအရွှေ့သတင်း၊ လစာငွေသတင်းတွေကြောင့် အနေအထားက မတည်မငြိမ်ဖြစ်နေပေမယ့် မက်ဆီကတော့ သူ့ရဲ့ပုံမှန်စွမ်းဆောင်ရည်ကို ဆက်ထိန်းပြခဲ့ပြီး ဘာစီလိုနာအသင်းကို အကောင်းဆုံးဖြစ်အောင် ဦးဆောင်နေပါပဲ။ မက်ဆီရဲ့နောက်မှာတော့ အင်တာမီလန်နောက်ခံလူ ကိုလာရော့ဗ်နဲ့ ဆောက်သမ်တန်ကွင်းလယ်ကစားသမား ဝက်ဒ်ပရောက်စ်တို့က (၈)ဂိုးစီနဲ့ ရပ်တည်နေပါတယ်။

ကန်ချက်ပြင်းပြင်းနဲ့ ဖရီးကစ်ဂိုးတွေ သွင်းယူလေ့ရှိသူ ကိုလာရော့ဗ်ဟာ အင်တာမီလန်ကစားသမားဘဝမှာ ဖရီးကစ်ဂိုး မရသေးပေမယ့် ပြီးခဲ့တဲ့(၅)နှစ်အတွင်း မန်စီးတီးအတွက် (၁)ဂိုး၊ ရိုးမားအသင်းအတွက် (၇)ဂိုးသွင်းယူခဲ့သူပါ။

ဆောက်သမ်တန်အကယ်ဒမီကနေ ထွက်ပေါ်ခဲ့တဲ့ ဝက်ပရောက်စ်ကတော့ အခုစာရင်းမှာ မထင်မှတ်လောက်အောင် ပါဝင်ခဲ့ပြီး ကွင်းလယ်ခံစစ်ကစားသမားဖြစ်ပေမယ့် အသင်းအတွက် စုစုပေါင်း (၂၉)ဂိုးအထိသွင်းယူထားသလို အဲဒီထဲက (၈)ဂိုးကို ဖရီးကစ်ကနေသွင်းယူခဲ့တာဖြစ်ပါတယ်။

သူတို့နောက်မှာတော့ ဒီဘားလား(ဂျူဗင်တပ်စ်)၊ အက်စ်ပတ်စ် (ဆယ်လ်တာဗီဂို)တို့က (၇)ဂိုးစီနဲ့ ရပ်တည်နေပြီး ဂျူဗင်တပ်စ် နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုကတော့ ထိပ်ဆုံး(၅)ဦးစာရင်းထဲမှာ မပါဝင်ခဲ့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ၿပီးခဲ့တဲ့ (၅)ႏွစ္အတြင္း ဥေရာပထိပ္တန္းလိဂ္ေတြမွာ ဖရီးကစ္ဂိုးအမ်ားဆုံး ကစားသမားမ်ား

ေဘာလုံးပြဲတစ္ပြဲမွာ ၿပိဳင္ဘက္ဂိုးဧရိယာနား ဖရီးကစ္ကန္ခြင့္ရရင္ ကစားသမားရဲ႕ အရည္အခ်င္းအေပၚမူတည္ၿပီး အဲဒီဖရီးကစ္က လွပတဲ့သြင္းဂိုးတစ္ဂိုးအျဖစ္ ေျပာင္းလဲသြားတာမ်ိဳးပါ။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း သူမတူတဲ့အရည္အခ်င္းေတြေၾကာင့္ Free Kick Specialists ဆိုတဲ့ ဂုဏ္ပုဒ္ကို ပိုင္ဆိုင္ခဲ့သူေတြလည္း အမ်ားႀကီးပါပဲ။ ေဘာလုံးသမားေတြအေနနဲ႔လည္း ဖရီးကစ္ကေန ဂိုးသြင္းႏိုင္တဲ့စြမ္းရည္ ျမင့္မားလာဖို႔အတြက္ နာရီေပါင္းမ်ားစြာ၊ ရက္ေပါင္းမ်ားစြာ ေလ့က်င့္ရတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ (၅)ႏွစ္အတြင္း ဥေရာပထိပ္တန္းလိဂ္ၿပိဳင္ပြဲေတြမွာ ဖရီးကစ္ကေန ဂိုးအမ်ားဆုံးသြင္းယူခဲ့သူေတြ အမ်ားအျပားရွိခဲ့ၿပီး သူတို႔ေတြထဲမွာ ထိပ္ဆုံးက ရပ္တည္ေနသူကေတာ့ ဘာစီလိုနာ နာမည္ေက်ာ္ကစားသမား မက္ဆီပဲျဖစ္ပါတယ္။

မက္ဆီဟာ ပၪၥလက္ဆန္တဲ့ ဖရီးကစ္ဂိုးေတြကို အၿမဲလိုလိုသြင္းယူတတ္သူျဖစ္ၿပီး မေန႔က ကစားခဲ့တဲ့ ဘီလ္ဘာအိုနဲ႔ လာလီဂါပြဲမွာ ဖရီးကစ္ကေန အဖြင့္ဂိုးသြင္းယူခဲ့ပါေသးတယ္။ ဒီသြင္းဂိုးဟာ မက္ဆီရဲ႕ ဘာစီလိုနာကစားသမားဘ၀ ဂိုး(၆၅၀)ျပည့္ျဖစ္ခဲ့သလို ၿပီးခဲ့တဲ့(၅)ႏွစ္အတြင္း ဖရီးကစ္ကေန သူ သြင္းယူခဲ့တာက (၂၁)ဂိုးရွိခဲ့တာေၾကာင့္ အခုစာရင္းမွာ အဆင့္(၁)ေနရာရရွိခဲ့တာပဲျဖစ္ပါတယ္။ အခုေလာေလာဆယ္ရဲ႕ မက္ဆီရဲ႕ အေျပာင္းအေ႐ႊ႕သတင္း၊ လစာေငြသတင္းေတြေၾကာင့္ အေနအထားက မတည္မၿငိမ္ျဖစ္ေနေပမယ့္ မက္ဆီကေတာ့ သူ႔ရဲ႕ပုံမွန္စြမ္းေဆာင္ရည္ကို ဆက္ထိန္းျပခဲ့ၿပီး ဘာစီလိုနာအသင္းကို အေကာင္းဆုံးျဖစ္ေအာင္ ဦးေဆာင္ေနပါပဲ။ မက္ဆီရဲ႕ေနာက္မွာေတာ့ အင္တာမီလန္ေနာက္ခံလူ ကိုလာေရာ့ဗ္နဲ႔ ေဆာက္သမ္တန္ကြင္းလယ္ကစားသမား ဝက္ဒ္ပေရာက္စ္တို႔က (၈)ဂိုးစီနဲ႔ ရပ္တည္ေနပါတယ္။ ကန္ခ်က္ျပင္းျပင္းနဲ႔ ဖရီးကစ္ဂိုးေတြ သြင္းယူေလ့ရွိသူ ကိုလာေရာ့ဗ္ဟာ အင္တာမီလန္ကစားသမားဘဝမွာ ဖရီးကစ္ဂိုး မရေသးေပမယ့္ ၿပီးခဲ့တဲ့(၅)ႏွစ္အတြင္း မန္စီးတီးအတြက္ (၁)ဂိုး၊ ႐ိုးမားအသင္းအတြက္ (၇)ဂိုးသြင္းယူခဲ့သူပါ။

ေဆာက္သမ္တန္အကယ္ဒမီကေန ထြက္ေပၚခဲ့တဲ့ ဝက္ပေရာက္စ္ကေတာ့ အခုစာရင္းမွာ မထင္မွတ္ေလာက္ေအာင္ ပါဝင္ခဲ့ၿပီး ကြင္းလယ္ခံစစ္ကစားသမားျဖစ္ေပမယ့္ အသင္းအတြက္ စုစုေပါင္း (၂၉)ဂိုးအထိသြင္းယူထားသလို အဲဒီထဲက (၈)ဂိုးကို ဖရီးကစ္ကေနသြင္းယူခဲ့တာျဖစ္ပါတယ္။ သူတို႔ေနာက္မွာေတာ့ ဒီဘားလား(ဂ်ဴဗင္တပ္စ္)၊ အက္စ္ပတ္စ္ (ဆယ္လ္တာဗီဂို)တို႔က (၇)ဂိုးစီနဲ႔ ရပ္တည္ေနၿပီး ဂ်ဴဗင္တပ္စ္ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုကေတာ့ ထိပ္ဆုံး(၅)ဦးစာရင္းထဲမွာ မပါဝင္ခဲ့ပါဘူး။