ပြီးခဲ့တဲ့ (၅)နှစ်အတွင်း အပြောင်းအရွှေ့မှာ ငွေကြေးအနုတ်ပြခဲ့တဲ့ မန်ချက်စတာ(၂)သင်း

စစ်တမ်းတွေအရ မန်ချက်စတာမြို့ခံ(၂)သင်းဟာ ပြီးခဲ့တဲ့(၅)နှစ်အတွင်း ကစားသမားအပြောင်းအရွှေ့တွေမှာ ငွေကြေးအရအနုတ်လက္ခဏာပြခဲ့တယ်လို့ သိရပါတယ်။

အားကစားကဏ္ဍနဲ့ပတ်သက်ပြီး စစ်တမ်းပြုစုရေးအဖွဲ့ဖြစ်တဲ့ နာမည်ကျော် CIES က ၂၀၁၆ နွေရာသီအပြောင်းအရွှေ့ဈေးကွက်က စလို့ ပြီးခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက် (၁၀)ခုအတွင်း ဥရောပထိပ်တန်းလိဂ်(၅)ခုက ကလပ်အသင်းတွေရဲ့ ကစားသမားဝယ်ယူ/ရောင်းချတာကနေ ငွေကြေးအရှုံးအမြတ်တွေကို တွက်ချက်ဖော်ပြခဲ့တာဖြစ်ပါတယ်။

အခုစာရင်းအရ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ဟာ ကစားသမားခေါ်ယူမှုအတွက် ငွေကြေးအမြောက်အမြားသုံးစွဲခဲ့ပြီး ကစားသမားရောင်းချတာကနေ ပြန်ရတဲ့ဝင်ငွေက နည်းပါးတာကြောင့် အနုတ်ပြခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျေနပ်စရာကောင်းတာက ယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ဟာ သူတို့ရဲ့ အဓိက ကစားသမားတွေကို ရောင်းချပြီး ငွေရှာစရာမလိုတဲ့အတွက် အဓိက ကစားသမားတွေကို ဆက်ထိန်းထားနိုင်တာပဲဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ၂၀၁၆ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကစလို့ လက်ရှိအချိန်အထိ အပြောင်းအွှေရ့အသုံးစရိတ် စုစုပေါင်း ပေါင်(၈၈၃)သန်းသုံးစွဲခဲ့ပြီး ကစားသမားရောင်းချရမှုကနေ ပေါင်(၃၂၉)သန်းရရှိခဲ့တာကြောင့် အသားတင်အဖြစ် ပေါင်(၅၅၄)သန်း အရှုံးပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ ကစားသမားခေါ်ယူမှုအတွက် ပေါင်(၇၃၀)သန်း အသုံးပြုခဲ့ပြီး ကစားသမားရောင်းချတာကနေ ပြန်ရခဲ့တာက ပေါင်(၂၁၅)သန်းသာရှိလို့ ပေါင်(၅၁၅)သန်းအရှုံးပြခဲ့တာဖြစ်ပါတယ်။ ထူးခြားတာက လာလီဂါထိပ်သီး ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့(၅)နှစ်အတွင်း ကစားသမားခေါ်ယူမှုအတွက် စုစုပေါင်း ပေါင်(၁)ဘီလီယံအထိ သုံးစွဲခဲ့တာပါပဲ။

ဒါပေမဲ့ တစ်ခုခံသာတာက ဘာစီလိုနာအသင်းဟာ ကစားသမားရောင်းချတာကနေ ပေါင်(၆၁၄)သန်းပြန်ရခဲ့တာကြောင့် အရှုံးက သိပ်မများခဲ့ဘဲ ပေါင်(၄၁၃)သန်းသာ အနုတ်ပြခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး၊ နောက်(၁)နှစ်အကြာမှာ ပြင်သစ်နာမည်ကျော် လူငယ်တိုက်စစ်ကစားသမား ဘာပေကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးတွေနဲ့ အပြီးသတ်ခေါ်ယူခဲ့တဲ့ ပြင်သစ်ထိပ်သီး PSG အသင်းကလည်း အခုစာရင်းမှာ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

PSG အသင်းအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ငွေကြေးသုံးစွဲမှုအများကြီးပြုလုပ်ခဲ့ပေမယ့် အသင်းပိုင်ရှင်ကာတာသန်းကြွယ်သူဌေးတွေရဲ့ အရှိန်ကြောင့် အဓိက ကစားသမားတွေကို ရောင်းချစရာမလိုဘဲ ကစားသမားသစ်တွေ ခေါ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

အံ့အားသင့်ဖို့ကောင်းတာက ဒီရာသီမှ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်တက်ရောက်ခဲ့တဲ့ လိဒ်စ်အသင်းဟာ ကစားသမားအပြောင်းအရွှေ့ကိစ္စတွေမှာ ပေါင်သန်း(၁၀၀)အရှုံးပေါ်ခဲ့ပြီး ဒီပမာဏက လာလီဂါထိပ်သီး ရီးယဲလ်အသင်း(- ပေါင် ၈၀ သန်း)ထက် ပိုများနေတာဖြစ်ပါတယ်။

Zawgyi

ၿပီးခဲ့တဲ့ (၅)ႏွစ္အတြင္း အေျပာင္းအေ႐ႊ႕မွာ ေငြေၾကးအႏုတ္ျပခဲ့တဲ့ မန္ခ်က္စတာ(၂)သင္း

စစ္တမ္းေတြအရ မန္ခ်က္စတာၿမိဳ႕ခံ(၂)သင္းဟာ ၿပီးခဲ့တဲ့(၅)ႏွစ္အတြင္း ကစားသမားအေျပာင္းအေ႐ႊ႕ေတြမွာ ေငြေၾကးအရအႏုတ္လကၡဏာျပခဲ့တယ္လို႔ သိရပါတယ္။ အားကစားက႑နဲ႔ပတ္သက္ၿပီး စစ္တမ္းျပဳစုေရးအဖြဲ႕ျဖစ္တဲ့ နာမည္ေက်ာ္ CIES က ၂၀၁၆ ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္က စလို႔ ၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ေဈးကြက္ (၁၀)ခုအတြင္း ဥေရာပထိပ္တန္းလိဂ္(၅)ခုက ကလပ္အသင္းေတြရဲ႕ ကစားသမားဝယ္ယူ/ေရာင္းခ်တာကေန ေငြေၾကးအရႈံးအျမတ္ေတြကို တြက္ခ်က္ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ အခုစာရင္းအရ မန္ခ်က္စတာယူႏိုက္တက္နဲ႔ မန္စီးတီးအသင္းတို႔ဟာ ကစားသမားေခၚယူမႈအတြက္ ေငြေၾကးအေျမာက္အျမားသုံးစြဲခဲ့ၿပီး ကစားသမားေရာင္းခ်တာကေန ျပန္ရတဲ့ဝင္ေငြက နည္းပါးတာေၾကာင့္ အႏုတ္ျပခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမဲ့ ေက်နပ္စရာေကာင္းတာက ယူႏိုက္တက္နဲ႔ မန္စီးတီးအသင္းတို႔ဟာ သူတို႔ရဲ႕ အဓိက ကစားသမားေတြကို ေရာင္းခ်ၿပီး ေငြရွာစရာမလိုတဲ့အတြက္ အဓိက ကစားသမားေတြကို ဆက္ထိန္းထားႏိုင္တာပဲျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ ၂၀၁၆ ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ကစလို႔ လက္ရွိအခ်ိန္အထိ အေျပာင္းေအႊရ႕အသုံးစရိတ္ စုစုေပါင္း ေပါင္(၈၈၃)သန္းသုံးစြဲခဲ့ၿပီး ကစားသမားေရာင္းခ်ရမႈကေန ေပါင္(၃၂၉)သန္းရရွိခဲ့တာေၾကာင့္ အသားတင္အျဖစ္ ေပါင္(၅၅၄)သန္း အရႈံးျပခဲ့ပါတယ္။ ယူႏိုက္တက္အသင္းကေတာ့ ကစားသမားေခၚယူမႈအတြက္ ေပါင္(၇၃၀)သန္း အသုံးျပဳခဲ့ၿပီး ကစားသမားေရာင္းခ်တာကေန ျပန္ရခဲ့တာက ေပါင္(၂၁၅)သန္းသာရွိလို႔ ေပါင္(၅၁၅)သန္းအရႈံးျပခဲ့တာျဖစ္ပါတယ္။ ထူးျခားတာက လာလီဂါထိပ္သီး ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့(၅)ႏွစ္အတြင္း ကစားသမားေခၚယူမႈအတြက္ စုစုေပါင္း ေပါင္(၁)ဘီလီယံအထိ သုံးစြဲခဲ့တာပါပဲ။ ဒါေပမဲ့ တစ္ခုခံသာတာက ဘာစီလိုနာအသင္းဟာ ကစားသမားေရာင္းခ်တာကေန ေပါင္(၆၁၄)သန္းျပန္ရခဲ့တာေၾကာင့္ အရႈံးက သိပ္မမ်ားခဲ့ဘဲ ေပါင္(၄၁၃)သန္းသာ အႏုတ္ျပခဲ့တာျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္မွာ ေနမာကို ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး၊ ေနာက္(၁)ႏွစ္အၾကာမွာ ျပင္သစ္နာမည္ေက်ာ္ လူငယ္တိုက္စစ္ကစားသမား ဘာေပကို ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးေတြနဲ႔ အၿပီးသတ္ေခၚယူခဲ့တဲ့ ျပင္သစ္ထိပ္သီး PSG အသင္းကလည္း အခုစာရင္းမွာ စတုတၳေနရာမွာ ရပ္တည္ေနပါတယ္။ PSG အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ေငြေၾကးသုံးစြဲမႈအမ်ားႀကီးျပဳလုပ္ခဲ့ေပမယ့္ အသင္းပိုင္ရွင္ကာတာသန္းႂကြယ္သူေဌးေတြရဲ႕ အရွိန္ေၾကာင့္ အဓိက ကစားသမားေတြကို ေရာင္းခ်စရာမလိုဘဲ ကစားသမားသစ္ေတြ ေခၚႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ အံ့အားသင့္ဖို႔ေကာင္းတာက ဒီရာသီမွ ပရီးမီးယားလိဂ္ကို တစ္ေက်ာ့ျပန္တက္ေရာက္ခဲ့တဲ့ လိဒ္စ္အသင္းဟာ ကစားသမားအေျပာင္းအေ႐ႊ႕ကိစၥေတြမွာ ေပါင္သန္း(၁၀၀)အရႈံးေပၚခဲ့ၿပီး ဒီပမာဏက လာလီဂါထိပ္သီး ရီးယဲလ္အသင္း(- ေပါင္ ၈၀ သန္း)ထက္ ပိုမ်ားေနတာျဖစ္ပါတယ္။