ပြီးခဲ့တဲ့ရာသီစကတည်းက လိဂ်မှာ ဒိုင်ဗင်ကြောင့် ကတ်ပြခံရမှုအများဆုံးအသင်းဖြစ်နေတဲ့ အာဆင်နယ်
photo-gettyimages
photo-gettyimages
ပြီးခဲ့တဲ့တနင်္လာညက ရှက်ဖီးယူနိုက်တက်ကို ၁-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာဟာ အာဆင်နယ်အတွက် အကြီးအကျယ်စိတ်ပျက်စရာဖြစ်ရလောက်အောင် အကြောင်းအရင်းမာျးစွာရှိနေပါတယ်။ အဲဒီရှုံးပွဲကြောင့် ထိပ်ဆုံး ၄ နေရာတွင်းရပ်တည်နိုင်ရေးမှာ ထိခိုက်သွားခဲ့သလို ဟန်ဆောင်ဒိုက်ဗင်ထိုးတယ်ဆိုပြီး တိုက်စစ်ကစားသမားလေးဆာကာအပေါ် ပြသခဲ့တဲ့အဝါကတ်ကြောင့်လည်း လက်ရှိပရီးမီးယားလိဂ်မှာ မလိုချင်စရာမှတ်တမ်းဆိုးတစ်ခုကို ရရှိသွားခဲ့ပါတယ်။
photo-gettyimages
သူ့အသင်း ၁-၀ ဂိုးနဲ့ရှုံးနေချိန် ပွဲချိန် ၃၅ မိနစ်အရောက်မှာ ပင်နယ်တီရဖို့ ဒိုင်ဗင်ထိုးခဲ့တယ်ဆိုပြီး ၁၈ နှစ်အရွယ် ဆာကာဟာ အဝါကတ်ပြခံခဲ့ရတာပါ။ ရုပ်သံအနှေးပြကွက်အရတော့ ဆာကာကို တစ်ဖက်နောက်ခံလူက အနည်းငယ်ထိခဲ့ပုံရပါတယ်။ ဒီ့အတွက် ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက် မှန်မှန်၊မမှန်မှန် အဝါကတ်ကတော့ အတည်ဖြစ်သွားပါတယ်။ ဒါကြောင့်လည်း အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီစကတည်းက ပရီးမီးယားလိဂ်မှာ ဒိုင်ဗင်ကြောင့် ဘယ်အသင်းထက်မဆို အဝါကတ်အများဆုံးပြခံရတဲ့အသင်းအဖြစ် ဆက်ရှိခဲ့ပါတယ်။ စုစုပေါင်း ၇ ကြိမ်နဲ့ပါ။
photo-thescottishsun
ဒိုင်ဗင်ကြောင့် အဝါကတ်အများဆုံးပြခံရတဲ့အသင်းစာရင်းမှာ အာဆင်နယ်ဟာ ဒုတိယနေရာက စပါးထက်တောင် ၃ ကြိမ်ပိုပါတယ်။ စပါးက ၄ ကြိမ်ပါ။ ပြီးခဲ့တဲ့ရာသီကတည်းက အာဆင်နယ်ဟာ ဒိုင်ဗင်ကြောင့် အဝါကတ် ၆ ကြိမ်ပြခံထားရတာပါ။ ဒီရာသီမှာတော့ ဆာကာက ပထမဆုံးပါ။ အာဆင်နယ်ရဲ့ဒိုင်ဗင်အငြင်းပွားမှုတွေဟာ ၂၀၁၈ ဒီဇင်ဘာလက စတင်ခဲ့တာပါ။ အဲဒီတုန်းက ဟက်ဒါဖီးလ်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ်ကစားသမား ၃ ယောက်ဟာ ဟန်ဆောင်ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်ရဲ့အဝါကတ်နဲ့သတိပေးခြင်းခံခဲ့ရပါတယ်။ ဇာခါ၊ မူစတာဖီနဲ့ ဂွမ်ဒိုဇီတို့ဖြစ်ပါတယ်။ မူစတာဖီဆိုရင် အဲဒီရာသီမှာ ဟန်ဆောင်မှုနဲ့ ၂ ကြိမ်တောင် အဝါကတ်ပြခံခဲ့ရတာပါ။
[Zawgyi]