
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်နာမည်ကျော်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ လိဒ်စ်အသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ ခြေစွမ်းပြကစားပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက VAR စည်းမျဉ်းအတိုင်းသာဆိုရင် အခုလိုဟက်ထရစ်ရဖို့မရှိပါဘူး။
ဘရူနိုဖာနန်ဒက်စ်ဟာ မိနစ်(၃၀)၊ (၅၄)မိနစ်နဲ့ မိနစ်(၆၀)တွေမှာ ဂိုးတွေသွင်းယူခဲ့တာဖြစ်ပြီး အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက် ၁၉၇၇-၇၈ ရာသီတုန်းက ဘာမင်ဂမ်အသင်းဘက်ကို ဟက်ထရစ်သွင်းခဲ့တဲ့ လူမာကာရီနောက်ပိုင်း ဒုတိယမြောက် ယူနိုက်တက်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါပေမဲ့ ဘရူနိုဖာနန်ဒက်စ်သွင်းယူခဲ့တဲ့ စတုတ္ထမြောက်ဂိုးက လင်ဒီလော့ဖ်ရဲ့ဖြတ်တင်ဘောကနေ လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီးတော့ သွင်းယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက VAR စည်းမျဉ်းတွေအရ ဒီဂိုးဟာ သေချာပေါက် လူကျွံဘောအဖြစ်သတ်မှတ်ခံရမှာပါ။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဒီရာသီမှာ လူကျွံဘောနဲ့ပတ်သက်လို့ VAR စည်းမျဉ်းအပြောင်းအလဲတချို့လုပ်ထားတာကြောင့် ဘရူနိုဖာနန်ဒက်စ်အတွက် ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ဖို့ အခွင့်အရေးရစေခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဂိုးပေးသင့်ပေမယ့် VAR ရဲ့ဆုံးဖြတ်ချက်ကြောင့် လူကျွံဘောအဖြစ်သတ်မှတ်ခဲ့လို့ နစ်နာခဲ့ရတာက အကြိမ်ပေါင်း(၂၀)အထိရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖွဲ့က အခုရာသီမစခင် VAR စည်းမျဉ်းကို အပြောင်းအလဲလုပ်ခဲ့ပြီး
လူကျွံ၊မကျွံတိုင်းတာတဲ့နေရာမှာ (၅)စင်တီမီတာရှိတဲ့ မျဉ်းကြောင့်နဲ့ တိုင်းတာဆုံးဖြတ်သွားမှာဖြစ်ပါတယ်။
အဲဒါကြောင့် အရင်လို ခြေချောင်းကျွံနေရုံ၊ လက်မောင်းလေးထွက်နေရုံနဲ့ လူကျွံဘောအဖြစ်သတ်မှတ်မှာမဟုတ်တော့ဘဲ အခု ဘရူနိုဖာနန်ဒက်စ်ဟာ ဂိုးမသွင်းခင် သူ့ခန္ဓာကိုယ်က ပြိုင်ဘက်နောက်ခံလူနဲ့တစ်တန်းတည်းရှိနေပြီး
ခြေထောက်ထွက်နေတာကြောင့် အရင်စည်းမျဉ်းအတိုင်းဆိုရင် စည်းကြပ်ဒိုင်က လူကျွံအလံထောင်မှာဖြစ်ပေမယ့် စည်းမျဉ်းသစ်အရ ဂိုးအဖြစ်သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖွဲ့ဟာ VAR စည်းမျဉ်းအပြင် ပယ်နယ်တီသတ်မှတ်ပေးတဲ့နေရာမှာလည်း အရင်လို ပြိုင်ဘက်နဲ့သာမန်ထိခိုက်ရုံနဲ့ ပယ်နယ်တီပေးမှာမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ပြစ်ဒဏ်ကျူးလွန်မှသာ သတ်မှတ်သွားဖို့ ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေကို ညွှန်ကြားထားပြီးဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ပြီးခဲ့တဲ့ရာသီက VAR စည်းမျဉ်းအတိုင်းသာဆိုရင် ဘရူနိုဖာနန်ဒက်စ် ဟက်ထရစ်ရဖို့မရှိ