
Facebook Page => https://bit.ly/3AQZRVp | App Download Link => https://bit.ly/3k41mc4
၂၀၂၀-၂၁ ရာသီတစ်လျှောက် ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ကစားသမားတွေ ဒဏ်ရာရရှိမှုအကြိမ်နဲ့ အနားယူခဲ့ရတဲ့ရက်ပေါင်းကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က စာရင်းပြုစုပြီးထုတ်ပြန်ခဲ့တာမှာ လီဗာပူးလ်အသင်းက အများဆုံးအဖြစ်ရပ်တည်နေပါတယ်။
ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်ကစားသမားတွေ ဒဏ်ရာရရှိခဲ့တဲ့အကြိမ်အရေအတွက်က (၅၄)ကြိမ်အထိရှိခဲ့ပြီး အဲဒီအတွက် အနားယူခဲ့ရတဲ့ရက်ပေါင်းက (၁,၇၂၂)အထိရှိခဲ့သလို ဒီရာသီအစမှာလည်း
အသင်းရဲ့လူငယ်ကွင်းလယ်လူအယ်လီယက်ဟာ လိဒ်စ်အသင်းနဲ့ပွဲမှာ ခြေချင်းဝတ်အရိုးကျိုးတဲ့ဒဏ်ရာကြောင့် ကာလရှည်အနားယူရမှာဖြစ်လို့ လီဗာပူးလ်အသင်းအတွက် ဒဏ်ရာကျိန်စာဆိုးတွေက ရာသီသစ်အထိ ဆက်လက်လိုက်ပါနေဆဲလို့ပြောရမှာပါ။
မနှစ်က ဒဏ်ရာကြောင့်ကာလရှည်အနားယူခဲ့ရတဲ့ လီဗာပူးလ်ကစားသမား(၇)ဦးအထိရှိခဲ့ပြီး အဲဒီထဲမှာ(၆)ဦးက အဓိက,ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်၊ မာတစ်၊ ဟန်ဒါဆင်၊ ဒီယိုဂိုဂျိုတာနဲ့ သီယာဂိုတို့ပဲဖြစ်ပါတယ်။
လီဗာပူးလ်ပြီးရင်တော့ ခရစ္စတယ်ပဲလေ့စ်အသင်းက ဒုတိယနေရာမှာရှိနေပြီး အသင်းရဲ့ကစားသမားတွေ ဒဏ်ရာရရှိခဲ့တဲ့အကြိမ်အရေအတွက်ဟာ (၃၇)ကြိမ်ရှိခဲ့သလို (၁,၃၆၅)ရက်အထိအနားယူခဲ့ရပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးနဲ့ အဆင့်(၂)နေရာရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကတော့ ကစားသမားဒဏ်ရာရမှုအကြိမ်က (၄၀)ရှိခဲ့ပေမယ့် ကာလရှည်အနားယူရတဲ့ဒဏ်ရာမျိုး မဟုတ်တာကြောင့်
ကစားသမားတွေအနားယူခဲ့ရတဲ့ရက်ပေါင်းက မန်စီးတီး(၇၂၀)ရက်၊ မန်ချက်စတာယူနိုက်တက်(၇၆၆)ရက်သာရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကလပ်အသင်း(၂၀)ရဲ့ကစားသမားတွေ ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့တဲ့ပွဲအရေအတွက် စုစုပေါင်းက(၇၁၁)ပွဲအထိရှိခဲ့ပြီး ဒါက ၂၀၁၉-၂၀ ရာသီကထက် ပိုများတဲ့အရေအတွက်ဖြစ်ပါတယ်။
တစ်ခုရှိတာက အဲဒီပွဲပေါင်း(၇၁၁)ပွဲမှာ ကစားသမားတွေဟာ ဒဏ်ရာကြောင့်တစ်ခုတည်းမဟုတ်ဘဲ ကိုဗစ်ရောဂါကူးစက်ခံရလို့ အသင်းအတွက် မကစားနိုင်တာက (၆၉)ပွဲ၊ အဖျားရောဂါကြောင့် လွဲချော်ခဲ့တာက (၂၉)ပွဲရှိခဲ့ပါတယ်။
Facebook Page => https://bit.ly/3AQZRVp | App Download Link => https://bit.ly/3k41mc4
zawgyi
ၿပီးခဲ့တဲ့ရာသီက,ကစားသမားေတြ ဒဏ္ရာရရွိမႈအႀကိမ္အမ်ားဆုံးစာရင္းမွာ လီဗာပူးလ္ အမ်ားဆုံးျဖစ္ေန
၂၀၂၀-၂၁ ရာသီတစ္ေလွ်ာက္ ပရီးမီးယားလိဂ္ကလပ္အသင္းေတြရဲ႕ကစားသမားေတြ ဒဏ္ရာရရွိမႈအႀကိမ္နဲ႔ အနားယူခဲ့ရတဲ့ရက္ေပါင္းကို ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က စာရင္းျပဳစုၿပီးထုတ္ျပန္ခဲ့တာမွာ လီဗာပူးလ္အသင္းက အမ်ားဆုံးအျဖစ္ရပ္တည္ေနပါတယ္။
ၿပီးခဲ့တဲ့ရာသီက လီဗာပူးလ္ကစားသမားေတြ ဒဏ္ရာရရွိခဲ့တဲ့အႀကိမ္အေရအတြက္က (၅၄)ႀကိမ္အထိရွိခဲ့ၿပီး အဲဒီအတြက္ အနားယူခဲ့ရတဲ့ရက္ေပါင္းက (၁,၇၂၂)အထိရွိခဲ့သလို ဒီရာသီအစမွာလည္း အသင္းရဲ႕လူငယ္ကြင္းလယ္လူအယ္လီယက္ဟာ လိဒ္စ္အသင္းနဲ႔ပြဲမွာ ေျခခ်င္းဝတ္အ႐ိုးက်ိဳးတဲ့ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူရမွာျဖစ္လို႔ လီဗာပူးလ္အသင္းအတြက္ ဒဏ္ရာက်ိန္စာဆိုးေတြက ရာသီသစ္အထိ ဆက္လက္လိုက္ပါေနဆဲလို႔ေျပာရမွာပါ။ မႏွစ္က ဒဏ္ရာေၾကာင့္ကာလရွည္အနားယူခဲ့ရတဲ့ လီဗာပူးလ္ကစားသမား(၇)ဦးအထိရွိခဲ့ၿပီး အဲဒီထဲမွာ(၆)ဦးက အဓိက,ကစားသမားေတြျဖစ္တဲ့ ဗန္ဒိုက္၊ ဂ်ိဳးဂိုးမက္ဇ္၊ မာတစ္၊ ဟန္ဒါဆင္၊ ဒီယိုဂိုဂ်ိဳတာနဲ႔ သီယာဂိုတို႔ပဲျဖစ္ပါတယ္။
လီဗာပူးလ္ၿပီးရင္ေတာ့ ခရစၥတယ္ပဲေလ့စ္အသင္းက ဒုတိယေနရာမွာရွိေနၿပီး အသင္းရဲ႕ကစားသမားေတြ ဒဏ္ရာရရွိခဲ့တဲ့အႀကိမ္အေရအတြက္ဟာ (၃၇)ႀကိမ္ရွိခဲ့သလို (၁,၃၆၅)ရက္အထိအနားယူခဲ့ရပါတယ္။ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးနဲ႔ အဆင့္(၂)ေနရာရခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ကေတာ့ ကစားသမားဒဏ္ရာရမႈအႀကိမ္က (၄၀)ရွိခဲ့ေပမယ့္ ကာလရွည္အနားယူရတဲ့ဒဏ္ရာမ်ိဳး မဟုတ္တာေၾကာင့္ ကစားသမားေတြအနားယူခဲ့ရတဲ့ရက္ေပါင္းက မန္စီးတီး(၇၂၀)ရက္၊ မန္ခ်က္စတာယူႏိုက္တက္(၇၆၆)ရက္သာရွိခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ကလပ္အသင္း(၂၀)ရဲ႕ကစားသမားေတြ ဒဏ္ရာျပႆနာေၾကာင့္ လြဲေခ်ာ္ခဲ့တဲ့ပြဲအေရအတြက္ စုစုေပါင္းက(၇၁၁)ပြဲအထိရွိခဲ့ၿပီး ဒါက ၂၀၁၉-၂၀ ရာသီကထက္ ပိုမ်ားတဲ့အေရအတြက္ျဖစ္ပါတယ္။ တစ္ခုရွိတာက အဲဒီပြဲေပါင္း(၇၁၁)ပြဲမွာ ကစားသမားေတြဟာ ဒဏ္ရာေၾကာင့္တစ္ခုတည္းမဟုတ္ဘဲ ကိုဗစ္ေရာဂါကူးစက္ခံရလို႔ အသင္းအတြက္ မကစားႏိုင္တာက (၆၉)ပြဲ၊ အဖ်ားေရာဂါေၾကာင့္ လြဲေခ်ာ္ခဲ့တာက (၂၉)ပြဲရွိခဲ့ပါတယ္။