ပြီးခဲ့တဲ့နှစ် Ballon d’Or မှာ စီရော်နယ်ဒိုဆုမရအောင် ရီးရဲလ်လုပ်ခဲ့တယ်လို့ ချီရယ်လီနီစွပ်စွဲ

photo-gettyimages

photo-gettyimages

သူတို့အတွက် မကစားပေးတော့တာကြောင့် ပြီးခဲ့တဲ့နှစ်မှာ Ballon d’Or ဆုကို စီရော်ရော်နယ်ဒို ၆ ကြိမ်မြောက်မရအောင် ရီးရဲလ်လုပ်ခဲ့တယ်လို့ ဂျူဗင်တပ်နောက်ခံလူချီရယ်လီနီက စွပ်စွဲပြောကြားလိုက်ပါတယ်။ ၂၀၁၈ နွေရာသီက ရီးရဲလ်ကနေ ဂျူဗင်တပ်ကို ပြောင်းသွားတဲ့ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ် Ballon d’Or ဆုပေးပွဲမှာ ရီးရဲလ်အသင်းဖော်ဟောင်းမိုဒရစ်ရဲ့နောက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အဲဒီအတွက် ဆုပေးပွဲကို တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

photo-gettyimages

ဒီနှစ်မှာလည်း Ballon d’Or ဆုပေးပွဲမတက်ခဲ့ဘဲ အဲဒီဆုပေးပွဲနဲ့အပြိုင် ကျင်းပခဲ့တဲ့ စီးရီးအေတစ်နှစ်တာအကောင်းဆုံးဆုပေးပွဲကိုသာ တက်ရောက်ခဲ့ကာ အဲဒီမှာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုသာ လက်ခံရယူခဲ့တာပါ။ အဲဒီဆုပေးပွဲမှာ ချီရယ်လီနီဟာ စီရော်နယ်ဒိုရဲ့အသင်းဟောင်းကို စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဝါရင့်ဗဟိုနောက်ခံလူက ဒီတစ်ကြိမ်မှာ မက်ဆီဟာ ထိုက်တန်တဲ့ဆုရသူဆိုတာကို လက်ခံခဲ့ပါတယ်။

photo-gettyimages

”ဒီနှစ်မှာ မက်ဆီရသွားတာဟာ အဆင်ပြေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ တကယ့်သူခိုးရှိခဲ့ပါတယ်။ Ballon d’Or ဆုကို စီရော်နယ်ဒိုမရသင့်ဘူးလို့ ရီးရဲလ်က ဆုံးဖြတ်ခဲ့တာပါ။ အဲဒါဟာ တကယ်ကို ထူးဆန်းခဲ့ပါတယ်။ အဲဒီနှစ်မှာ စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ဗိုလ်စွဲခဲ့တာပါ။ အဲဒါကိုအခြေခံရင်တော့ ဒီနှစ်မှာ ဗန်ဒစ်ဂျ်လည်း ရသင့်တာပေါ့။ ကမ္ဘာ့ဖလားစွမ်းဆောင်ရည်ကြောင့် ပြီးခဲ့တဲ့နှစ်မှာ ဂရစ်ဇ်မန်းနဲ့ အမ်ဘက်ပီတို့လည်း ရသင့်တဲ့အထဲ ပါပါတယ်။ မိုဒရစ်ရတာကတော့ အဓိပ္ပါယ်မရှိပါဘူး။ သူတို့ရဲ့ကစားသမားမဟုတ်တော့လို့ ရီးရဲလ်ဟာ စီရော်နယ်ဒိုကို မရစေချင်ခဲ့တာပါ”လို့ ချီရယ်လီနီက ပြောခဲ့တာပါ။

[Zawgyi]

ၿပီးခဲ့တဲ့ႏွစ္ Ballon d’Or မွာ စီေရာ္နယ္ဒိုဆုမရေအာင္ ရီးရဲလ္လုပ္ခ့ဲတယ္လို႔ ခ်ီရယ္လီနီစြပ္စြဲ

သူတုိ႔အတြက္ မကစားေပးေတာ့တာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္မွာ Ballon d’Or ဆုကို စီေရာ္ေရာ္နယ္ဒို ၆ ႀကိမ္ေျမာက္မရေအာင္ ရီးရဲလ္လုပ္ခဲ့တယ္လို႔ ဂ်ဴဗင္တပ္ေနာက္ခံလူခ်ီရယ္လီနီက စြပ္စြဲေျပာၾကားလုိက္ပါတယ္။ ၂၀၁၈ ေႏြရာသီက ရီးရဲလ္ကေန ဂ်ဴဗင္တပ္ကို ေျပာင္းသြားတဲ့ စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ႏွစ္ Ballon d’Or ဆုေပးပြဲမွာ ရီးရဲလ္အသင္းေဖာ္ေဟာင္းမိုဒရစ္ရဲ႕ေနာက္ ဒုတိယေနရာနဲ႔သာ ေက်နပ္ခ့ဲရပါတယ္။ အဲဒီအတြက္ ဆုေပးပြဲကို တက္ေရာက္ျခင္း မရွိခ့ဲပါဘူး။

ဒီႏွစ္မွာလည္း Ballon d’Or ဆုေပးပြဲမတက္ခဲ့ဘဲ အဲဒီဆုေပးပြဲနဲ႔အၿပိဳင္ က်ငး္ပခဲ့တဲ့ စီးရီးေအတစ္ႏွစ္တာအေကာင္းဆုံးဆုေပးပြဲကိုသာ တက္ေရာက္ခဲ့ကာ အဲဒီမွာ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုသာ လက္ခံရယူခဲ့တာပါ။ အဲဒီဆုေပးပြဲမွာ ခ်ီရယ္လီနီဟာ စီေရာ္နယ္ဒိုရဲ႕အသင္းေဟာငး္ကို စြပ္စြဲလုိက္တာ ျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီ၀ါရင့္ဗဟုိေနာက္ခံလူက ဒီတစ္ႀကိမ္မွာ မက္ဆီဟာ ထုိက္တန္တဲ့ဆုရသူဆုိတာကို လက္ခံခဲ့ပါတယ္။

”ဒီႏွစ္မွာ မက္ဆီရသြားတာဟာ အဆင္ေျပပါတယ္။ ၿပီးခ့ဲတဲ့ႏွစ္မွာေတာ့ တကယ့္သူခုိးရွိခဲ့ပါတယ္။ Ballon d’Or ဆုကို စီေရာ္နယ္ဒုိမရသင့္ဘူးလို႔ ရီးရဲလ္က ဆုံးျဖတ္ခဲ့တာပါ။ အဲဒါဟာ တကယ္ကို ထူးဆန္းခဲ့ပါတယ္။ အဲဒီႏွစ္မွာ စီေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ဗုိလ္စြဲခဲ့တာပါ။ အဲဒါကိုအေျခခံရင္ေတာ့ ဒီႏွစ္မွာ ဗန္ဒစ္ဂ်္လည္း ရသင့္တာေပါ့။ ကမာၻ႔ဖလားစြမ္းေဆာင္ရည္ေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္မွာ ဂရစ္ဇ္မန္းနဲ႔ အမ္ဘက္ပီတို႔လည္း ရသင့္တဲ့အထဲ ပါပါတယ္။ မိုဒရစ္ရတာကေတာ့ အဓိပၸါယ္မရွိပါဘူး။ သူတုိ႔ရဲ႕ကစားသမားမဟုတ္ေတာ့လို႔ ရီးရဲလ္ဟာ စီေရာ္နယ္ဒိုကို မရေစခ်င္ခဲ့တာပါ”လို႔ ခ်ီရယ္လီနီက ေျပာခ့ဲတာပါ။