ပြိုင်ဘက်အသင်းသား ၁၀ ယောက်က ဂိုးပေါက်ပိတ်တာတောင် ပြစ်ဒဏ်ဘောကို ဂိုးရအောင် သွင်းနိုင်တဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဂျင်တီးနားအသင်းနဲ့ အီကွေဒေါအသင်းတို့ရဲ့ ကိုပါအမေရိကပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် မှာတော့ အာဂျင်တီးနားအသင်းက အီကွေဒေါအသင်းကို သက်တောင့်သက်သာ အနိုင်ရခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပွဲစ ပွဲဆုံး အီကွေဒေါအသင်းကို ဖိအားပေး ကစားနိုင်ခဲ့သလို ဂိုးသွင်းခွင့်တွေလည်း အကြိမ်ရေ ၂၀ကျော် အထိ ရခဲ့ကာ အီကွေဒေါအသင်းဟာ ဂိုးသမား ဂလင်ဒက်ဇ်သာ မကောင်းရင် ၃-၀ ရလဒ်ထက် ပိုတဲ့ ဂိုးပြတ်ရလဒ်နဲ့ အရှက်တကွဲ အရေးနိမ့်ရမှာပါ။

မနေ့က အနိုင်ရတဲ့ ပွဲမှာ မက်ဆီဟာ အသင်းက ရရှိတဲ့ သွင်းဂိုး ၃ဂိုးစလုံးနဲ့ ပါဝင် ပတ်သက်ခဲ့ပါတယ်။

မက်ဆီဟာ ပွဲကစားချိန် ၄၀မိနစ်မှာ သွင်းယူနိုင်ခဲ့တဲ့ ဒီပေါလ်ရဲ့ သွင်းဂိုး ၊ ပွဲကစားချိန် ၈၅မိနစ်မှာ ရရှိခဲ့တဲ့ မာတီနက်ဇ်တို့ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးနိုင်ခဲ့သလို အသင်းအတွက် ပွဲသိမ်းအနိုင်ဂိုးကိုလည်း ပွဲကစားချိန် ၉၃မိနစ်ဝန်းကျင်မှာ သွင်းယူပေးခဲ့ပါတယ်။

မနေ့က မက်ဆီရဲ့ ခြေစွမ်းကိုကြောက်ပြီး ပြိုင်ဘက်အသင်းဟာ ကစားသမား ၁၀ ယောက်နဲ့ ဂိုးပေါက်ကို ပိတ်ဆို့ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။

ပွဲချိန် မိနစ်၉၀ ဝန်းကျင်မှာတော့ ပင်နယ်တီဧရိယာထဲ ဝင်လာတဲ့ လူစားဝင် ဒီမာရီယာကို ဆွဲလှဲတဲ့ အီကွေဒေါနောက်ခံလူ ဟင်ကာပီး အနီကတ်နဲ့ အထုတ်ပယ်ခံခဲ့ရသလို ဒိုင်လူကြီးက ဧရိယာအပြင်မှာ ပြစ်ဒဏ်ဘောသာ သတ်မှတ်ပေးခဲ့ပါတယ်။

အီကွေဒေါ ကစားသမား (၁၀)ဦးလုံးဟာ မက်ဆီ ရဲ့ပြစ်ဒဏ်ဘောကို ဂိုးမပေးရအောင် ပိတ်ဆို့တားဆီးခဲ့ပါတယ်။

ဒါပေမယ့် မက်ဆီ က ဂိုးသမားရဲ့ဘယ်ဘက်ထောင့် အပေါ်ထဲကို လှလှပပကန်သွင်းပြီး ဂိုးရယူသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီကတော့ ဒီနှစ် ကိုပါအမေရိကပြိုင်ပွဲမှာ အထက်မြက်ဆုံး ခြေစွမ်းပြနေပြီး သွင်းဂိုး ၄ ဂိုးအထိ သွင်းယူထားနိုင်သလို ဖန်တီးမှုလည်း ၄ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး

မနေ့ကပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့တာဖြစ်သလို အာဂျင်တီးနားရဲ့ ကစားထားပြီးသမျှ ၅ ပွဲမှာ ၄ ကြိမ်အထိ ရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ဆီမီးဖိုင်နယ်အဆင့် မှာတော့ ဥရုဂွေးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ကိုလံဘီယာအသင်းနဲ့ ရင်ဆိုင် ကစားရတော့မှာပဲ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ၿပိဳင္ဘက္အသင္းသား ၁၀ ေယာက္က ဂိုးေပါက္ပိတ္တာေတာင္ ျပစ္ဒဏ္ေဘာကို ဂိုးရေအာင္ သြင္းႏိုင္တဲ့ မက္ဆီ

အာဂ်င္တီးနားအသင္းနဲ႔ အီေကြေဒါအသင္းတို႔ရဲ႕ ကိုပါအေမရိကၿပိဳင္ပြဲ ကြာတားဖိုင္နယ္ပြဲစဥ္ မွာေတာ့ အာဂ်င္တီးနားအသင္းက အီေကြေဒါအသင္းကို သက္ေတာင့္သက္သာ အႏိုင္ရခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ပြဲစ ပြဲဆုံး အီေကြေဒါအသင္းကို ဖိအားေပး ကစားႏိုင္ခဲ့သလို ဂိုးသြင္းခြင့္ေတြလည္း အႀကိမ္ေရ ၂၀ေက်ာ္ အထိ ရခဲ့ကာ အီေကြေဒါအသင္းဟာ ဂိုးသမား ဂလင္ဒက္ဇ္သာ မေကာင္းရင္ ၃-၀ ရလဒ္ထက္ ပိုတဲ့ ဂိုးျပတ္ရလဒ္နဲ႔ အရွက္တကြဲ အေရးနိမ့္ရမွာပါ။

မ​ေန႔က အႏိုင္ရတဲ့ ပြဲမွာ မက္ဆီဟာ အသင္းက ရရွိတဲ့ သြင္းဂိုး ၃ဂိုးစလုံးနဲ႔ ပါဝင္ ပတ္သက္ခဲ့ပါတယ္။ မက္ဆီဟာ ပြဲကစားခ်ိန္ ၄၀မိနစ္မွာ သြင္းယူႏိုင္ခဲ့တဲ့ ဒီေပါလ္ရဲ႕ သြင္းဂိုး ၊ ပြဲကစားခ်ိန္ ၈၅မိနစ္မွာ ရရွိခဲ့တဲ့ မာတီနက္ဇ္တို႔ရဲ႕ သြင္းဂိုးေတြကို ဖန္တီးေပးႏိုင္ခဲ့သလို အသင္းအတြက္ ပြဲသိမ္းအႏိုင္ဂိုးကိုလည္း ပြဲကစားခ်ိန္ ၉၃မိနစ္၀န္းက်င္မွာ သြင္းယူေပးခဲ့ပါတယ္။

မ​ေန႔က မက္ဆီရဲ႕ ​​ေျခစြမ္းကို​ေၾကာက္ၿပီး ၿပိဳင္ဘက္အသင္းဟာ ကစားသမား ၁၀ ​ေယာက္နဲ႔ ဂိုး​ေပါက္ကို ပိတ္ဆို႔ခဲ့​ေပမယ့္လည္း မ​ေအာင္ျမင္ခဲ့ပါဘူး။ ပြဲခ်ိန္ မိနစ္၉၀ ဝန္းက်င္မွာေတာ့ ပင္နယ္တီဧရိယာထဲ ဝင္လာတဲ့ လူစားဝင္ ဒီမာရီယာကို ဆြဲလွဲတဲ့ အီေကြေဒါေနာက္ခံလူ ဟင္ကာပီး အနီကတ္နဲ႔ အထုတ္ပယ္ခံခဲ့ရသလို ဒိုင္လူႀကီးက ဧရိယာအျပင္မွာ ျပစ္ဒဏ္ေဘာသာ သတ္မွတ္ေပးခဲ့ပါတယ္။

အီေကြေဒါ ကစားသမား (၁၀)ဦးလုံးဟာ မက္ဆီ ရဲ႕ျပစ္ဒဏ္ေဘာကို ဂိုးမေပးရေအာင္ ပိတ္ဆို႔တားဆီးခဲ့ပါတယ္။ဒါေပမယ့္ မက္ဆီ က ဂိုးသမားရဲ႕ဘယ္ဘက္ေထာင့္ အေပၚထဲကို လွလွပပကန္သြင္းၿပီး ဂိုးရယူသြားခဲ့တာျဖစ္ပါတယ္။

မက္ဆီကေတာ့ ဒီႏွစ္ ကိုပါအေမရိကၿပိဳင္ပြဲမွာ အထက္ျမက္ဆုံး ေျခစြမ္းျပေနၿပီး သြင္းဂိုး ၄ ဂိုးအထိ သြင္းယူထားႏိုင္သလို ဖန္တီးမႈလည္း ၄ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ၿပီး မေန႔ကပြဲရဲ႕ အေကာင္းဆုံးကစားသမားဆုကိုလည္း ရရွိခဲ့တာျဖစ္သလို အာဂ်င္တီးနားရဲ႕ ကစားထားၿပီးသမွ် ၅ ပြဲမွာ ၄ ႀကိမ္အထိ ရယူထားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ဆီမီးဖိုင္နယ္အဆင့္ မွာေတာ့ ဥ႐ုေဂြးအသင္းကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ရခဲ့တဲ့ ကိုလံဘီယာအသင္းနဲ႔ ရင္ဆိုင္ ကစားရေတာ့မွာပဲ ျဖစ္ပါတယ္။