ပြိုင်ဘက်အသင်းသားတွေ တုန့်ပြန်ရန်မဖြစ်ရဲတဲ့ အီဘရာဟီမိုဗစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက ကစားခဲ့တဲ့ အေစီမီလန်နဲ့လာဇီယိုတို့ရဲ့ စီးရီးအေပွဲစဉ် ပွဲပြီးခါနီးမှာ အေစီမီလန် တိုက်စစ်မှူး အီဘရာဟီမိုဗစ်နဲ့ လာဇီယို ကွင်းလယ်လူ လူးကပ်စ်တို့အကြား ကစားပုံကြမ်းတမ်းခဲ့တာက အစပြုလို့ ရန်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အတွက် ပြန်ကစားပေးတဲ့ ပွဲစဉ်မှာပဲ ပြိုင်ဘက်ကစားသမား လူးကပ်စ် လီဗာကို တွန်းထိုးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဘယ်ကစားသမားမှ လာရန်တွေ့ခြင်း မရှိခဲ့ပါဘူး။

၃၉နှစ်သားဟာ ယမန်နေ့ညက ကစားခဲ့တဲ့ပွဲစဉ်အတွင်း မိနစ်၆၀မှာ လူစားဝင်လာပြီးနောက် ၆မိနစ်အကြာမှာပဲ ဂိုးသွင်းနိုင်ခဲ့ကာ အေစီမီလန်အတွက် အကျိုးဖြစ်စေခဲ့ပါတယ်။

ဒီပွဲမှာ အေစီမီလန်အသင်းက လီယာအို၊ အီဘရာဟီမိုဗစ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ နဲ့ သက်သောင့်သက်သာ အနိုင်ရရှိခဲ့ပါတယ်။

မိနစ် (၉၀) ပြည့်လို့ အချိန်ပို (၄) မိနစ် ပေးထားချိန် နောက်ဆုံးမိနစ်မှာတော့ လူးကပ်စ်က အီဘရာဟီမိုဗစ်ကို အဝင်ကြမ်းခဲ့ပြီး အီဘရာဟီမိုဗစ်က လူးကပ်စ်ရဲ့ဂုတ်ကို ပြန်ဆွဲထားခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ လာဇီယိုနည်းပြဆာရီက ကွင်းထဲအထိ ပြေးဝင်ပြီး ဒိုင်လူကြီးကို စောဒကတက်ဖို့ ကြိုးစားခဲ့တာကြောင့် အနီကတ်ပြခံခဲ့ရသလို နှစ်ဖက်အသင်းကစားသမားနဲ့ နည်းပြအဖွဲ့ဝင်တွေအကြားမှာလည်း အချင်းများမှုတွေရှိခဲ့ပါတယ်။

အီဘရာဟီမိုဗစ်က လူးကပ်စ်ရဲ့ဂုတ်ကို ဆွဲထားချိန်အထိ လာဇီယို ကစားသမားတွေက ဖျန်ဖြေဖို့ ကြိုးစားခဲ့တာမျိုးမရှိသလို နှစ်ဖက်အချင်းများမှုတွေဖြစ်ပေါ်ချိန်မှာလည်း အီဘရာဟီမိုဗစ်က အေးအေးဆေးဆေးရှိနေခဲ့တာပါ။

လာဇီယို အသင်းကို အနိုင်ရခဲ့တာကြောင့် ရာသီသစ်မှာ ၃ပွဲလုံး အနိုင်ရထားခဲ့ပြီး ဒါဟာ မိုဗစ်တို့ အသင်းအတွက် စီးရီးအေမှာ အကောင်းဆုံး စတင်မှု ဖြစ်ခဲ့ပြီး ယခုတပတ် ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်အတွက် စိတ်ဓာတ်ပိုင်း မြင့်တက်နေမှာ အသေအချာပါပဲ။

နောက်လမှာ အသက် ၄၀ ပြည့်တော့မယ့် တိုက်စစ်မှုးကြီး ဇလာတန် တစ်ယောက် နိုင်ပွဲတွေနဲ့ သွင်းဂိုးတွေ ရယူဖို့ ဆာလောင်ပြင်းပြနေဆဲ ဖြစ်ပြီး ရန်ပွဲတွေ အတွက်လည်း အင်အားကြီးနေဆဲပါ။ ဇလာတန် အတွက်တော့ အသက်အရွယ်ဆိုတာ ကိန်းဂဏန်း တစ်ခုပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ၿပိဳင္ဘက္အသင္းသားေတြ တုန႔္ျပန္ရန္မျဖစ္ရဲတဲ့ အီဘရာဟီမိုဗစ္

မေန႔ညက ကစားခဲ့တဲ့ ေအစီမီလန္နဲ႔လာဇီယိုတို႔ရဲ႕ စီးရီးေအပြဲစဥ္ ပြဲၿပီးခါနီးမွာ ေအစီမီလန္ တိုက္စစ္မႉး အီဘရာဟီမိုဗစ္နဲ႔ လာဇီယို ကြင္းလယ္လူ လူးကပ္စ္တို႔အၾကား ကစားပုံၾကမ္းတမ္းခဲ့တာက အစျပဳလို႔ ရန္ပြဲအႀကီးအက်ယ္ျဖစ္ပြားခဲ့ပါတယ္။

အီဘရာဟီမိုဗစ္ဟာ ေအစီမီလန္အတြက္ ျပန္ကစားေပးတဲ့ ပြဲစဥ္မွာပဲ ၿပိဳင္ဘက္ကစားသမား လူးကပ္စ္ လီဗာကို တြန္းထိုးမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ဘယ္ကစားသမားမွ လာရန္ေတြ႕ျခင္း မရွိခဲ့ပါဘူး။ ၃၉ႏွစ္သားဟာ ယမန္ေန႔ညက ကစားခဲ့တဲ့ပြဲစဥ္အတြင္း မိနစ္၆၀မွာ လူစားဝင္လာၿပီးေနာက္ ၆မိနစ္အၾကာမွာပဲ ဂိုးသြင္းႏိုင္ခဲ့ကာ ေအစီမီလန္အတြက္ အက်ိဳးျဖစ္ေစခဲ့ပါတယ္။

ဒီပြဲမွာ ေအစီမီလန္အသင္းက လီယာအို၊ အီဘရာဟီမိုဗစ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ ၂-၀ နဲ႔ သက္ေသာင့္သက္သာ အႏိုင္ရရွိခဲ့ပါတယ္။ မိနစ္ (၉၀) ျပည့္လို႔ အခ်ိန္ပို (၄) မိနစ္ ေပးထားခ်ိန္ ေနာက္ဆုံးမိနစ္မွာေတာ့ လူးကပ္စ္က အီဘရာဟီမိုဗစ္ကို အဝင္ၾကမ္းခဲ့ၿပီး အီဘရာဟီမိုဗစ္က လူးကပ္စ္ရဲ႕ဂုတ္ကို ျပန္ဆြဲထားခဲ့ပါတယ္။

ဒီျဖစ္ရပ္မွာ လာဇီယိုနည္းျပဆာရီက ကြင္းထဲအထိ ေျပးဝင္ၿပီး ဒိုင္လူႀကီးကို ေစာဒကတက္ဖို႔ ႀကိဳးစားခဲ့တာေၾကာင့္ အနီကတ္ျပခံခဲ့ရသလို ႏွစ္ဖက္အသင္းကစားသမားနဲ႔ နည္းျပအဖြဲ႕ဝင္ေတြအၾကားမွာလည္း အခ်င္းမ်ားမႈေတြရွိခဲ့ပါတယ္။

အီဘရာဟီမိုဗစ္က လူးကပ္စ္ရဲ႕ဂုတ္ကို ဆြဲထားခ်ိန္အထိ လာဇီယို ကစားသမားေတြက ဖ်န္ေျဖဖို႔ ႀကိဳးစားခဲ့တာမ်ိဳးမရွိသလို ႏွစ္ဖက္အခ်င္းမ်ားမႈေတြျဖစ္ေပၚခ်ိန္မွာလည္း အီဘရာဟီမိုဗစ္က ေအးေအးေဆးေဆးရွိေနခဲ့တာပါ။

လာဇီယို အသင္းကို အႏိုင္ရခဲ့တာေၾကာင့္ ရာသီသစ္မွာ ၃ပြဲလုံး အႏိုင္ရထားခဲ့ၿပီး ဒါဟာ မိုဗစ္တို႔ အသင္းအတြက္ စီးရီးေအမွာ အေကာင္းဆုံး စတင္မႈ ျဖစ္ခဲ့ၿပီး ယခုတပတ္ ကစားမယ့္ ခ်န္ပီယံလိဂ္ ပြဲစဥ္အတြက္ စိတ္ဓာတ္ပိုင္း ျမင့္တက္ေနမွာ အေသအခ်ာပါပဲ။

ေနာက္လမွာ အသက္ ၄၀ ျပည့္ေတာ့မယ့္ တိုက္စစ္မႈးႀကီး ဇလာတန္ တစ္ေယာက္ ႏိုင္ပြဲေတြနဲ႔ သြင္းဂိုးေတြ ရယူဖို႔ ဆာေလာင္ျပင္းျပေနဆဲ ျဖစ္ၿပီး ရန္ပြဲ​ေတြ အတြက္လည္း အင္အားႀကီး​ေနဆဲပါ။ ဇလာတန္ အတြက္ေတာ့ အသက္အ႐ြယ္ဆိုတာ ကိန္းဂဏန္း တစ္ခုပါပဲ။