ပြိုင်ဘက်အသင်းတွေ အမှတ်ကောင်းမရတာ ဝမ်းသာစရာမဟုတ်ဘူးဆိုတဲ့ တူချယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချယ်လ်ဆီး အသင်း ဟာ ကလပ်ပိုင်ရှင်နဲ့ နည်းပြ အပြောင်းအလဲ ဖြစ်ထားတဲ့

အဆင့် ၁၉ နေရာက နယူးကာဆယ် အသင်းကို စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ခဲ့ရပြီး ၊ ဒုတိယပိုင်း က သွင်းဂိုး ၃ဂိုးနဲ့ ဂိုးပြတ် နိုင်ပွဲ တစ်ပွဲ ရရှိခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ အတူ တစ်ချိန်တည်း အတူ ကစားခဲ့ရတဲ့ လီဗာပူး ဟာ ဘရိုက်တန်ကို အိမ်ကွင်း အမ်းဖီးလ်မှာ တစ်ဖက် ၂ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပြီး ၊

မန်စီးတီး ဟာလည်း ခရစ်စတယ် ပဲလေ့စ်ကို အိမ်ကွင်း အီတီဟတ်မှာ ၀ – ၂ ရလဒ်နဲ့ မထင်မှတ်ဘဲ အရေးနိမ့်ခဲ့ပါတယ်။

အဲဒီအတွက်ကြောင့် ချယ်လ်ဆီး ဟာ ဒုတိယ နေရာက လီဗာပူးကို ၃မှတ်ဖြတ် ၊ တတိယ နေရာက မန်စီးတီးကို ၅မှတ် အထိ ဖြတ်ကာ ၊ အမှတ်ပေးဇယား ကို စတင် ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချယ်လ်ဆီး နည်းပြ သောမတ်စ် တူချယ် က လီဗာပူးနဲ့ မန်စီးတီးတို့ အမှတ်တွေ လျော့ခဲ့တာကို ထူးပြီး ပျော်နေစရာ မလိုကြောင်း တုန့်ပြန်ခဲ့ ပါတယ်။

တူချယ်က “ ကျွန်တော်တို့အတွက် နေ့ကောင်းတစ်နေ့ ဖြစ်ခဲ့ပါတယ်။

ကြိုးစားမှုရလဒ်ကို ခံစားရတာပါ။ တခြားအသင်းတွေရဲ့ စွမ်းဆောင်ရည်တွေ၊ ရလဒ်တွေကို အောင်ပွဲခံရတာ ပျော်စရာကောင်းတယ် မထင်ပါဘူး။”

“ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်သင့်တယ်။ သွားရမယ့် ခရီးက အဝေးကြီး ကျန်သေးတယ်။

ရလဒ်ကောင်းတွေ ရရှိနိုင်ဖို့ တည်ငြိမ်တဲ့ ပုံစံတွေ ပြသဖို့လိုတယ်ဆိုတာ သိပါတယ်။

တခြားအသင်းတွေ အမှတ်လျော့တာက ဘယ်တော့မှ ပျော်စရာအခိုက်အတန့် မဖြစ်ပါဘူး ” လို့ ဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ၿပိဳင္ဘက္အသင္း​ေတြ အမွတ္​​ေကာင္းမရတာ ၀မ္းသာစရာမဟုတ္ဘူးဆိုတဲ့ တူခ်ယ္

မေန႔ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၀ မွာ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ခ်ယ္လ္ဆီး အသင္း ဟာ ကလပ္ပိုင္ရွင္နဲ႔ နည္းျပ အေျပာင္းအလဲ ျဖစ္ထားတဲ့ အဆင့္ ၁၉ ေနရာက နယူးကာဆယ္ အသင္းကို စိန႔္ဂ်ိမ္းစ္ပါ့ခ္ကြင္းမွာ သြားေရာက္ ယွဥ္ၿပိဳင္ခဲ့ရၿပီး ၊ ဒုတိယပိုင္း က သြင္းဂိုး ၃ဂိုးနဲ႔ ဂိုးျပတ္ ႏိုင္ပြဲ တစ္ပြဲ ရရွိခဲ့ပါတယ္ ။

ခ်ယ္လ္ဆီးနဲ႔ အတူ တစ္ခ်ိန္တည္း အတူ ကစားခဲ့ရတဲ့ လီဗာပူး ဟာ ဘ႐ိုက္တန္ကို အိမ္ကြင္း အမ္းဖီးလ္မွာ တစ္ဖက္ ၂ဂိုးစီ သေရသာ ကစားႏိုင္ခဲ့ၿပီး ၊ မန္စီးတီး ဟာလည္း ခရစ္စတယ္ ပဲေလ့စ္ကို အိမ္ကြင္း အီတီဟတ္မွာ ၀ – ၂ ရလဒ္နဲ႔ မထင္မွတ္ဘဲ အေရးနိမ့္ခဲ့ပါတယ္ ။

အဲဒီအတြက္ေၾကာင့္ ခ်ယ္လ္ဆီး ဟာ ဒုတိယ ေနရာက လီဗာပူးကို ၃မွတ္ျဖတ္ ၊ တတိယ ေနရာက မန္စီးတီးကို ၅မွတ္ အထိ ျဖတ္ကာ ၊ အမွတ္ေပးဇယား ကို စတင္ ဦးေဆာင္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္ ။

ပြဲအၿပီး သတင္းစာ ရွင္းလင္းပြဲမွာေတာ့ ခ်ယ္လ္ဆီး နည္းျပ ေသာမတ္စ္ တူခ်ယ္ က လီဗာပူးနဲ႔ မန္စီးတီးတို႔ အမွတ္ေတြ ေလ်ာ့ခဲ့တာကို ထူးၿပီး ေပ်ာ္ေနစရာ မလိုေၾကာင္း တုန႔္ျပန္ခဲ့ ပါတယ္။

တူခ်ယ္က “ ကြၽန္ေတာ္တို႔အတြက္ ေန႔ေကာင္းတစ္ေန႔ ျဖစ္ခဲ့ပါတယ္။ ႀကိဳးစားမႈရလဒ္ကို ခံစားရတာပါ။ တျခားအသင္းေတြရဲ႕ စြမ္းေဆာင္ရည္ေတြ၊ ရလဒ္ေတြကို ေအာင္ပြဲခံရတာ ေပ်ာ္စရာေကာင္းတယ္ မထင္ပါဘူး။”

“ကြၽန္ေတာ္တို႔ ကိုယ့္ကိုယ္ကိုပဲ အာ႐ုံစိုက္သင့္တယ္။ သြားရမယ့္ ခရီးက အေဝးႀကီး က်န္ေသးတယ္။ ရလဒ္ေကာင္းေတြ ရရွိႏိုင္ဖို႔ တည္ၿငိမ္တဲ့ ပုံစံေတြ ျပသဖို႔လိုတယ္ဆိုတာ သိပါတယ္။ တျခားအသင္းေတြ အမွတ္ေလ်ာ့တာက ဘယ္ေတာ့မွ ေပ်ာ္စရာအခိုက္အတန႔္ မျဖစ္ပါဘူး ” လို႔ ဆိုပါတယ္။