
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အာဆင်နယ်အသင်းနည်းပြအာတီတာက သူတို့ရဲ့ပြိုင်ဘက်အသင်းတွေ ချန်ပီယံလိဂ်ကစားနေတာကို ကြည့်နေရတာက ထိခိုက်နာကျင်စရာကောင်းတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာအဆင့်(၈)နေရာသာရရှိခဲ့တာကြောင့် ၁၉၉၅-၉၆ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲဝင်ခွင့်တစ်ခုမှမရခဲ့ပါဘူး။
ဒါ့အပြင် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂၀၁၆-၁၇ ရာသီတုန်းက နောက်ဆုံးပါဝင်ကစားခဲ့ပြီး အဲဒီနောက်ပိုင်း ယူရိုပါလိဂ်ဝင်ခွင့်သာရရှိခဲ့သလို ဒီရာသီမှာတော့ ဥရောပပြိုင်ပွဲတစ်ခုမှဝင်ခွင့်မရတော့တဲ့အထိ ဆိုးရွားသွားတာဖြစ်ပါတယ်။
အဲဒါကြောင့် အာတီတာက သူတို့ရဲ့ပြိုင်ဘက်အသင်းတွေ ချန်ပီယံလိဂ်ကစားနေတာကို ကြည့်နေရတာက စိတ်ထိခိုက်နာကျင်ရတယ်လို့ ဝန်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။ အာတီတာက “အခုရက်ပိုင်း တီဗီကြည့်မိရင် တော်တော်လေးစိတ်ထိခိုက်ရပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြိုင်ဘက်အသင်းတွေ အစုံအလင်ပါဝင်ယှဉ်ပြိုင်နေပေမယ့် အာဆင်နယ် မပါတာကတော့ တကယ်စိတ်ပျက်စရာပါပဲ။
အဲဒီအတွက်လည်း ၁၀၀% ဝမ်းနည်းကြေကွဲရပါတယ်။
အာဆင်နယ်မပါတဲ့ ပြိုင်ပွဲကို ကျွန်တော် အေးဆေးထိုင်ပြီးတော့ မကြည့်နိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး၊ မန်စီးတီး၊ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်အသင်းတို့ဟာ ဒီရာသီချန်ပီယံလိဂ်မှာ ပါဝင်ယှဉ်ပြိုင်နေကြသလို ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာလည်း ပုံမှန်ပါဝင်ကစားနေကြတာဖြစ်ပါတယ်။
လန်ဒန်မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းဆိုရင် ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို အနိုင်ယူပြီးတော့ ဒုတိယအကြိမ်မြောက်ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့တာပါ။
ဒီလိုပဲ လန်ဒန်မြို့ခံအသင်းတွေဖြစ်တဲ့ ဝက်စ်ဟမ်း၊ စပါးတို့အပြင် လက်စတာအသင်းတို့ဟာလည်း ယူရိုပါလိဂ်၊ UEFA Conference League ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ကစားနေတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲဝင်ခွင့်ရဖို့အတွက် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်တွေခေါ်ယူအားဖြည့်ခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ အသုံးစရိတ်အများဆုံးသုံးစွဲခဲ့တဲ့အသင်းအဖြစ် ရပ်တည်ခဲ့ပေမယ့်
အခုလောလောဆယ် ပရီးမီးယားလိဂ်(၄)ပွဲကစားပြီးချိန်မှာ (၁)ပွဲသာနိုင်ရခဲ့သလို ရာသီအစ(၃)ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့လို့ အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးရာသီအစမှတ်တမ်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ၿပိဳင္ဘက္အသင္းေတြ ခ်န္ပီယံလိဂ္ကစားေနတာကို ၾကည့္ေနရတာက နာက်င္စရာေကာင္းတယ္လို႔ အာတီတာဖြင့္ဟ
အာဆင္နယ္အသင္းနည္းျပအာတီတာက သူတို႔ရဲ႕ၿပိဳင္ဘက္အသင္းေတြ ခ်န္ပီယံလိဂ္ကစားေနတာကို ၾကည့္ေနရတာက ထိခိုက္နာက်င္စရာေကာင္းတယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာအဆင့္(၈)ေနရာသာရရွိခဲ့တာေၾကာင့္ ၁၉၉၅-၉၆ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ဥေရာပၿပိဳင္ပြဲဝင္ခြင့္တစ္ခုမွမရခဲ့ပါဘူး။
ဒါ့အျပင္ အာဆင္နယ္အသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၂၀၁၆-၁၇ ရာသီတုန္းက ေနာက္ဆုံးပါဝင္ကစားခဲ့ၿပီး အဲဒီေနာက္ပိုင္း ယူ႐ိုပါလိဂ္ဝင္ခြင့္သာရရွိခဲ့သလို ဒီရာသီမွာေတာ့ ဥေရာပၿပိဳင္ပြဲတစ္ခုမွဝင္ခြင့္မရေတာ့တဲ့အထိ ဆိုး႐ြားသြားတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ အာတီတာက သူတို႔ရဲ႕ၿပိဳင္ဘက္အသင္းေတြ ခ်န္ပီယံလိဂ္ကစားေနတာကို ၾကည့္ေနရတာက စိတ္ထိခိုက္နာက်င္ရတယ္လို႔ ဝန္ခံေျပာဆိုခဲ့တာျဖစ္ပါတယ္။ အာတီတာက “အခုရက္ပိုင္း တီဗီၾကည့္မိရင္ ေတာ္ေတာ္ေလးစိတ္ထိခိုက္ရပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၿပိဳင္ဘက္အသင္းေတြ အစုံအလင္ပါဝင္ယွဥ္ၿပိဳင္ေနေပမယ့္ အာဆင္နယ္ မပါတာကေတာ့ တကယ္စိတ္ပ်က္စရာပါပဲ။ အဲဒီအတြက္လည္း ၁၀၀% ဝမ္းနည္းေၾကကြဲရပါတယ္။ အာဆင္နယ္မပါတဲ့ ၿပိဳင္ပြဲကို ကြၽန္ေတာ္ ေအးေဆးထိုင္ၿပီးေတာ့ မၾကည့္ႏိုင္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။
အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္းေတြျဖစ္တဲ့ ခ်ယ္လ္ဆီး၊ မန္စီးတီး၊ မန္ခ်က္စတာယူႏိုက္တက္၊ လီဗာပူးလ္အသင္းတို႔ဟာ ဒီရာသီခ်န္ပီယံလိဂ္မွာ ပါဝင္ယွဥ္ၿပိဳင္ေနၾကသလို ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာလည္း ပုံမွန္ပါဝင္ကစားေနၾကတာျဖစ္ပါတယ္။ လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ယ္လ္ဆီးအသင္းဆိုရင္ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ မန္စီးတီးအသင္းကို အႏိုင္ယူၿပီးေတာ့ ဒုတိယအႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးခဲ့တာပါ။
ဒီလိုပဲ လန္ဒန္ၿမိဳ႕ခံအသင္းေတြျဖစ္တဲ့ ဝက္စ္ဟမ္း၊ စပါးတို႔အျပင္ လက္စတာအသင္းတို႔ဟာလည္း ယူ႐ိုပါလိဂ္၊ UEFA Conference League ၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ကစားေနတာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ လာမယ့္ရာသီမွာ ဥေရာပၿပိဳင္ပြဲဝင္ခြင့္ရဖို႔အတြက္ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္း ကစားသမားသစ္ေတြေခၚယူအားျဖည့္ခဲ့ၿပီး ပရီးမီးယားလိဂ္ကလပ္ေတြထဲမွာ အသုံးစရိတ္အမ်ားဆုံးသုံးစြဲခဲ့တဲ့အသင္းအျဖစ္ ရပ္တည္ခဲ့ေပမယ့္ အခုေလာေလာဆယ္ ပရီးမီးယားလိဂ္(၄)ပြဲကစားၿပီးခ်ိန္မွာ (၁)ပြဲသာႏိုင္ရခဲ့သလို ရာသီအစ(၃)ပြဲဆက္တိုက္ရႈံးနိမ့္ခဲ့လို႔ အသင္းသမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးရာသီအစမွတ္တမ္းအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။