ပြိုင်ဘက်သူလျှို ကစားသမားတွေအလား ဝေဖန်ပြစ်တင်ခံရတဲ့ ဖာနန်ဒက်စ်နဲ့ ဂျာအိုဖီးလစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရို၂၀၂၀ပြိုင်ပွဲ ၁၆သင်းအဆင့် ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ ပေါ်တူဂီအသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ ပေါ်တူဂီအသင်းဟာ

ဘယ်လ်ဂျီယံအသင်းကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရကာ လက်ရှိချန်ပီယံဘွဲ့ကို မကာကွယ်နိုင်ခဲ့ပါဘူး။

သော်ဂန် ဟာဇက်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ဘယ်လ်ဂျီယံကတော့ ကွာတားအဆင့် တက်ရောက်သွားပြီ ဖြစ်ပါတယ်။

အဲဒီပွဲမှာ ပေါ်တူဂီအသင်းမှ အသက် ၂၁ နှစ် အရွယ် ပေါ်တူဂီ လူငယ်ကြယ်ပွင့် ဂျာအို ဖီးလစ်က လူစားဝင် ကစားခဲ့ပြီး တစ်ချိန်လုံး ထိလိုက်တာနဲ့ လဲကျပြနေတဲ့ အပေါ် ရွိုင်ကိန်းက ထောက်ပြ ဝေဖန်ခဲ့ပါတယ်။

နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက် ကစားလာခဲ့ပြီး ပေါ်တူဂီအသင်းဟာ ဘယ်လ်ဂျီယံအသင်းထက် ခြေစွမ်းပိုင်း ပိုမို ကောင်းမွန်ခဲ့ပေမယ့်

တိုက်စစ်ပိုင်းက ဂိုးသွင်းမတိကျမှု ၊ ဂိုးရရှိနိုင်တဲ့ အခွင့်အရေးတွေကို ဖြုန်းတီးမှုတွေကြောင့် ဘယ်လ်ဂျီယံအသင်းရဲ့ သွင်းဂိုးကို ပြန်လည် ချေပနိုင်ခြင်း မရှိခဲ့ဘဲ အရှုံးပေးခဲ့ရတာပါ။

ဂျာအိုဖီးလစ်၊ ဖာနန်ဒက်စ်တို့နဲ့ ပတ်သက်ပြီး ရွိုင်ကိန်းက “ဂျာအိုဖီးလစ်က လူစားဝင်လာပြီး ဘာတွေ လုပ်နိုင်ခဲ့လဲ။

သူက ဘယ်လ်ဂျီယံအသင်းရဲ့ သူလျှိုတစ်ယောက်ပဲ။

သူက ပေါင် ၁၀၀သန်း တန်တယ် ဟုတ်လား။ တကယ့်ကို ဟာသပဲ။”

”ကျွန်တော် တော်တော် စိတ်တိုမိတယ်။ သူတို့က ကွာလတီ ကစားသမားတွေပါ။

ကစားသမားတွေ ပျင်းတိပျင်းရွဲ ကစားပြီး ဂိုးပေါက်ကို တစ်ချိန်လုံး လွဲနေတာက ဆင်ခြေတွေ ပေးစရာ မရှိဘူး။

အနည်းဆုံး ဂိုးသမားကို စိန်ခေါ်နိုင်လောက်အောင်တော့ ဖြစ်ရမှာပေါ့။”

“ဖီးလစ်က ဝင်လာကတည်းက အထိမခံ ရွှေပန်းကန် ဖြစ်နေတာ တစ်ချိန်လုံး ထိလိုက်တာနဲ့ လဲနေတာ။

သူလုပ်ခဲ့သင့်တာက ဘောလုံးကို ထိချက်မှန်မှန်နဲ့ ကန်သွင်းရုံပါ။ တကယ်လို့ ကျွန်တော်သာ ရော်နယ်ဒိုဆိုရင်တော့ အဝတ်လဲခန်းထဲ ရောက်ရင် သူ့ကို ကောင်းကောင်း သမပါပြီ”

“ဖာနန်ဒက်စ်ကလည်း ကြည့်ရတာ အဆင်မပြေပါဘူး။

သူတို့က ကိုယ့်ကိုယ်ကိုကလွဲပြီး တခြား အပြစ်တင်စရာ မရှိဘူး။ သူတို့က ချန်ပီယံဘွဲ့ ကာကွယ်ဖို့တော့ ကြိုးစားခဲ့ကြပါတယ်။

ဒါပေမယ့် ပေါ်တူဂီက မလုံလောက်ခဲ့ဘူး။ ” လို့ ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ၿပိဳင္ဘက္သူလွ်ိဳ ကစားသမားေတြအလား ေဝဖန္ျပစ္တင္ခံရတဲ့ ဖာနန္ဒက္စ္နဲ႔ ဂ်ာအိုဖီးလစ္

ယူ႐ို၂၀၂၀ၿပိဳင္ပြဲ ၁၆သင္းအဆင့္ ပြဲစဥ္တစ္ပြဲ ျဖစ္တဲ့ ေပၚတူဂီအသင္းနဲ႔ ဘယ္လ္ဂ်ီယံအသင္းတို႔ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ပြဲစဥ္မွာ ေပၚတူဂီအသင္းဟာ ဘယ္လ္ဂ်ီယံအသင္းကို ၁-၀ ဆိုတဲ့ ရလဒ္နဲ႔ အေရးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရကာ လက္ရွိခ်န္ပီယံဘြဲ႕ကို မကာကြယ္ႏိုင္ခဲ့ပါဘူး။

ေသာ္ဂန္ ဟာဇက္ရဲ႕ တစ္လုံးတည္းေသာ ဂိုးနဲ႔ ဘယ္လ္ဂ်ီယံကေတာ့ ကြာတားအဆင့္ တက္ေရာက္သြားၿပီ ျဖစ္ပါတယ္။အဲဒီပြဲမွာ ေပၚတူဂီအသင္းမွ အသက္ ၂၁ ႏွစ္ အ႐ြယ္ ေပၚတူဂီ လူငယ္ၾကယ္ပြင့္ ဂ်ာအို ဖီးလစ္က လူစားဝင္ ကစားခဲ့ၿပီး တစ္ခ်ိန္လုံး ထိလိုက္တာနဲ႔ လဲက်ျပေနတဲ့ အေပၚ ႐ြိဳင္ကိန္းက ေထာက္ျပ ေဝဖန္ခဲ့ပါတယ္။

ႏွစ္သင္းစလုံးက အဓိက ကစားသမား အစုံအလင္နဲ႔ ပြဲထြက္ ကစားလာခဲ့ၿပီး ေပၚတူဂီအသင္းဟာ ဘယ္လ္ဂ်ီယံအသင္းထက္ ေျခစြမ္းပိုင္း ပိုမို ေကာင္းမြန္ခဲ့ေပမယ့္ တိုက္စစ္ပိုင္းက ဂိုးသြင္းမတိက်မႈ ၊ ဂိုးရရွိႏိုင္တဲ့ အခြင့္အေရးေတြကို ျဖဳန္းတီးမႈေတြေၾကာင့္ ဘယ္လ္ဂ်ီယံအသင္းရဲ႕ သြင္းဂိုးကို ျပန္လည္ ေခ်ပႏိုင္ျခင္း မရွိခဲ့ဘဲ အရႈံးေပးခဲ့ရတာပါ။

ဂ်ာအိုဖီးလစ္၊ ဖာနန္ဒက္စ္တို႔နဲ႔ ပတ္သက္ၿပီး ႐ြိဳင္ကိန္းက “ဂ်ာအိုဖီးလစ္က လူစားဝင္လာၿပီး ဘာေတြ လုပ္ႏိုင္ခဲ့လဲ။ သူက ဘယ္လ္ဂ်ီယံအသင္းရဲ႕ သူလွ်ိဳတစ္ေယာက္ပဲ။ သူက ေပါင္ ၁၀၀သန္း တန္တယ္ ဟုတ္လား။ တကယ့္ကို ဟာသပဲ။”

”ကြၽန္ေတာ္ ေတာ္ေတာ္ စိတ္တိုမိတယ္။ သူတို႔က ကြာလတီ ကစားသမားေတြပါ။ ကစားသမားေတြ ပ်င္းတိပ်င္း႐ြဲ ကစားၿပီး ဂိုးေပါက္ကို တစ္ခ်ိန္လုံး လြဲေနတာက ဆင္ေျခေတြ ေပးစရာ မရွိဘူး။ အနည္းဆုံး ဂိုးသမားကို စိန္ေခၚႏိုင္ေလာက္ေအာင္ေတာ့ ျဖစ္ရမွာေပါ့။”

“ဖီးလစ္က ဝင္လာကတည္းက အထိမခံ ေ႐ႊပန္းကန္ ျဖစ္ေနတာ တစ္ခ်ိန္လုံး ထိလိုက္တာနဲ႔ လဲေနတာ။ သူလုပ္ခဲ့သင့္တာက ေဘာလုံးကို ထိခ်က္မွန္မွန္နဲ႔ ကန္သြင္း႐ုံပါ။ တကယ္လို႔ ကြၽန္ေတာ္သာ ေရာ္နယ္ဒိုဆိုရင္ေတာ့ အဝတ္လဲခန္းထဲ ေရာက္ရင္ သူ႔ကို ေကာင္းေကာင္း သမပါၿပီ”

“ဖာနန္ဒက္စ္ကလည္း ၾကည့္ရတာ အဆင္မ​ေျပပါဘူး။ သူတို႔က ကိုယ့္ကိုယ္ကိုကလြဲၿပီး တျခား အျပစ္တင္စရာ မရွိဘူး။ သူတို႔က ခ်န္ပီယံဘြဲ႕ ကာကြယ္ဖို႔ေတာ့ ႀကိဳးစားခဲ့ၾကပါတယ္။ ဒါေပမယ့္ ေပၚတူဂီက မလုံေလာက္ခဲ့ဘူး။ ” လို႔ ​ေျပာဆိုပါတယ္။