ပြိုင်ဘက်ရဲ့အင်္ကျီတောင်းဆိုမှုကို ငြင်းဆန်ပြီး ကလေးငယ်ကိုသာ လက်ဆောင်ပေးခဲ့တဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကြာသပတေးညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ ပေါ်တူဂီရဲ့ဂိုးမရှိသရေပွဲမှာ စီရော်နယ်ဒိုဟာ ပြိုင်ဘက်ဂိုးသမားဘာဇူနူရဲ့အင်္ကျီလဲဖို့ တောင်းဆိုမှုကို ပယ်ချခဲ့တာ တွေ့ရပါတယ်။

အဲဒီပွဲမှာ အိမ်ရှင်အိုင်ယာလန်အသင်းဟာ စီရော်နယ်ဒိုနဲ့သူ့အသင်းဖော်တွေ ဂိုးမသွင်းနိုင်အောင် စွမ်းစွမ်းတမံကစားသွားခဲ့ပါတယ်။

အဲဒီမန်ယူတိုက်စစ်မှုးဟာ ဂိုးပေါက်နဲ့ နီးစပ်တဲ့အချိန်တွေရှိခဲ့ပေမယ့် နောက်ဆုံးမှာ ပေါ်တူဂီဟာ အိုင်ယာလန်နဲ့ အမှတ်ခွဲယူခဲ့ရတာပါ။

အဲဒီပွဲမှာ ဝါရင့်နောက်ခံလူပီပီဆိုရင် ပွဲချိန်နှောင်းပိုင်းမှာ အထုတ်ခံလိုက်ရတဲ့အတွက် ဆားဘီးယားနဲ့အဆုံးအဖြတ်အုပ်စုနောက်ဆုံးပွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။

ပွဲသိမ်းခရာမှုတ်ပြီးတဲ့နောက် စီရော်နယ်ဒိုဟာ အိုင်ယာလန်ဂိုးသမားဘာဇူနူရဲ့လျင်လျင်မြန်မြန်ချဉ်းကပ်ခြင်းကို ခံခဲ့ရပါတယ်။

အဲဒီ ၁၉ နှစ်သားက Balllon d’Or ၅ ဆုရှင် စီရော်နယ်ဒိုဆီကနေ အင်္ကျီရနိုင်မလားလို့ ကံစမ်းကြည့်တာ နေမှာပါ။

ဒါပေမဲ့လည်း စီရော်နယ်ဒိုဟာ အဲဒီပို့စ်မောက်ဂိုးသမားကို ငြင်းဆန်လိုက်ပြီး အဲဒီအစား ပရိသတ်မိန်းကလေးငယ်တစ်ယောက်ကိုသာ လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။

အဲဒီပရိသတ်မိန်းကလေးငယ်ဟာ ကွင်းထဲကို ကျူးကျော်ဝင်ရောက်လာခဲ့တာဖြစ်ပြီး လုံခြုံရေးတွေရဲ့ဆွဲခေါ်ခြင်းမခံရခင် ပေါ်တူဂီကပ္ပတိန်ဆီကနေ ပွေ့ဖက်မှုနဲ့ အင်္ကျီရရှိခဲ့တာပါ။

စီရော်နယ်ဒိုအနေနဲ့ သူ့ဆီက အင်္ကျီရနိုင်မလားဆိုတဲ့ ပရိသတ်တစ်ယောက်ရဲ့ချဉ်းကပ်မှုမျိုးကို မကြာသေးခင်ရက်သတ္တပတ်တွေမှာ ဒါဒုတိယအကြိမ်မြောက်ရင်ဆိုင်ရတာပါ။

ပြီးခဲ့တဲ့လတုန်းက အတ္တလန္တာကိုအနိုင်ရခဲ့တဲ့ ယူနိုက်တက်ရဲ့ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာလည်း ပရိသတ်တစ်ယောက်ဟာ ကွင်းထဲဝင်ပြီး စီရော်နယ်ဒိုဆီက အင်္ကျီတောင်းဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ၾကာသပေတးညက ကစားခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲေတြထဲက တစ္ခုျဖစ္တဲ့ ေပၚတူဂီရဲ႕ဂိုးမရွိသေရပြဲမွာ စီေရာ္နယ္ဒိုဟာ ၿပိဳင္ဘက္ဂိုးသမားဘာဇူႏူရဲ႕အက်ႌလဲဖို႔ ေတာင္းဆိုမႈကို ပယ္ခ်ခဲ့တာ ေတြ႕ရပါတယ္။

အဲဒီပြဲမွာ အိမ္ရွင္အိုင္ယာလန္အသင္းဟာ စီေရာ္နယ္ဒိုနဲ႔သူ႔အသင္းေဖာ္ေတြ ဂိုးမသြင္းႏိုင္ေအာင္ စြမ္းစြမ္းတမံကစားသြားခဲ့ပါတယ္။

အဲဒီမန္ယူတိုက္စစ္မႈးဟာ ဂိုးေပါက္နဲ႔ နီးစပ္တဲ့အခ်ိန္ေတြရွိခဲ့ေပမယ့္ ေနာက္ဆုံးမွာ ေပၚတူဂီဟာ အိုင္ယာလန္နဲ႔ အမွတ္ခြဲယူခဲ့ရတာပါ။

အဲဒီပြဲမွာ ဝါရင့္ေနာက္ခံလူပီပီဆိုရင္ ပြဲခ်ိန္ေႏွာင္းပိုင္းမွာ အထုတ္ခံလိုက္ရတဲ့အတြက္ ဆားဘီးယားနဲ႔အဆုံးအျဖတ္အုပ္စုေနာက္ဆုံးပြဲမွာ ပါဝင္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။

ပြဲသိမ္းခရာမႈတ္ၿပီးတဲ့ေနာက္ စီေရာ္နယ္ဒိုဟာ အိုင္ယာလန္ဂိုးသမားဘာဇူႏူရဲ႕လ်င္လ်င္ျမန္ျမန္ခ်ဥ္းကပ္ျခင္းကို ခံခဲ့ရပါတယ္။ အဲဒီ ၁၉ ႏွစ္သားက Balllon d’Or ၅ ဆုရွင္ စီေရာ္နယ္ဒိုဆီကေန အက်ႌရႏိုင္မလားလို႔ ကံစမ္းၾကည့္တာ ေနမွာပါ။

ဒါေပမဲ့လည္း စီေရာ္နယ္ဒိုဟာ အဲဒီပို႔စ္ေမာက္ဂိုးသမားကို ျငင္းဆန္လိုက္ၿပီး အဲဒီအစား ပရိသတ္မိန္းကေလးငယ္တစ္ေယာက္ကိုသာ လက္ေဆာင္အျဖစ္ ေပးခဲ့ပါတယ္။

အဲဒီပရိသတ္မိန္းကေလးငယ္ဟာ ကြင္းထဲကို က်ဴးေက်ာ္ဝင္ေရာက္လာခဲ့တာျဖစ္ၿပီး လုံၿခဳံေရးေတြရဲ႕ဆြဲေခၚျခင္းမခံရခင္ ေပၚတူဂီကပၸတိန္ဆီကေန ေပြ႕ဖက္မႈနဲ႔ အက်ႌရရွိခဲ့တာပါ။

စီေရာ္နယ္ဒိုအေနနဲ႔ သူ႔ဆီက အက်ႌရႏိုင္မလားဆိုတဲ့ ပရိသတ္တစ္ေယာက္ရဲ႕ခ်ဥ္းကပ္မႈမ်ိဳးကို မၾကာေသးခင္ရက္သတၱပတ္ေတြမွာ ဒါဒုတိယအႀကိမ္ေျမာက္ရင္ဆိုင္ရတာပါ။

ၿပီးခဲ့တဲ့လတုန္းက အတၱလႏၲာကိုအႏိုင္ရခဲ့တဲ့ ယူႏိုက္တက္ရဲ႕ခ်န္ပီယံလိဂ္ပြဲစဥ္အၿပီးမွာလည္း ပရိသတ္တစ္ေယာက္ဟာ ကြင္းထဲဝင္ၿပီး စီေရာ္နယ္ဒိုဆီက အက်ႌေတာင္းဖို႔ ႀကိဳးပမ္းခဲ့ဖူးပါတယ္။