ပြိုင်ဘက်ရဲ့လိင်အင်္ဂါကိုပါးစပ်နဲ့ကိုက်လို့ ၅ နှစ်ပိတ်ခံလိုက်ရတဲ့ ကစားသမား

photo-shutterstock

photo-google

ပြင်သစ်က အပျော်တမ်းဘောလုံးသမားတစ်ယောက်ဟာ ပွဲစဉ်တစ်ပွဲအပြီး စကားများရန်ဖြစ်ရာကနေ ပြိုင်ဘက်ရဲ့လိင်အင်္ဂါကို ပါးစပ်နဲ့ကိုက်လိုက်တဲ့အတွက် ၅ နှစ်ပိတ်ပင်ခံလိုက်ရပါတယ်။ အဲဒီထူးခြားဆန်းကြယ်တဲ့အဖြစ်အပျက်ဟာ မြို့တောင်ပဲရစ်ရဲ့အရှေ့ဘက် မိုင် ၂၀၀ အကွာမှာရှိတဲ့ တာဗီလီဆိုတဲ့မြို့လေးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာအတွင်းကစားခဲ့တဲ့ ဒေသတွင်းအသင်း SC တာဗီလီနဲ့ AS ဆိုးထရစ်ချ်တို့ရဲ့ပွဲစဉ်မှာ ဖြစ်ပွားခဲ့တာပါ။

photo-gettyimages

နှစ်ဖက်အသင်းကြားက ရန်ပွဲဟာ ပွဲအပြီး အဝတ်အစားလဲခန်းတွေထဲမှာတင်မဟုတ်ဘဲ ကားပါကင်အထိ ရောက်ခဲ့ပါတယ်။ အဲဒီမှာ တာဗီလီအသင်းကစားသမားတစ်ယောက် ဝင်ရောက်ဖြန်ဖြေချိန် ဆိုးထရစ်ချ်အသင်းကစားသမားက လိင်အင်္ဂါကို ပါးစပ်နဲ့ကိုက်ပြီး တုံ့ပြန်ခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် တာဗီလီအသင်းကစားသမားဟာ ဆေးရုံကို အလျင်အမြန်ပြေးခဲ့ရပြီး ၁၂ ချက်ချုပ်ခဲ့ရကာ ၄ ရက်တိုင် အလုပ်အလုပ်နိုင်ခဲ့ပါဘူး။

photo-gettyimages

ဒါကို ရဲတပ်ဖွဲ့ဆီမှာလည်း အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ဒေသတွင်းစည်းကမ်းထိန်းသိမ်းရေးကော်မတီကတော့ ကျူးလွန်ခဲ့တဲ့ကစားသမားကို ၅ နှစ်ပိတ်ပင်လိုက်ပြီး ဆိုးထရစ်ချ်အသင်းကိုလည်း ဒဏ်ငွေ ယူရို ၂၀၀ တပ်ရိုက်ခဲ့ပါတယ်။ ခံလိုက်ရတဲ့တာဗီလီအသင်းကစားသမားဟာလည်း အဝတ်အစားလဲခန်းနဲ့ကားပါကင်က ကိုယ်ထိလက်ရောက်တုံ့ပြန်မှုတွေကြောင့် လာမယ့်ဇွန်လတိုင်အောင် ကစားခွင့်ပိတ်ပင်ခံလိုက်ရပါတယ်။ တာဗီလီအသင်းဟာလည်း ဒဏ်ငွေယူရို ၂၀၀ အရိုက်ခံရသလို နိုဝင်ဘာလက အဲဒီအဖြစ်အပျက်အပြီးမှာ ချက်ချင်းပဲ ၂ မှတ်လျှော့ခံခဲ့ရပါတယ်။

[Zawgyi]

ၿပိဳင္ဘက္ရဲ႕လိင္အဂၤါကိုပါးစပ္နဲ႔ကိုက္လို႔ ၅ ႏွစ္ပိတ္ခံလိုက္ရတဲ့ ကစားသမား

ျပင္သစ္က အေပ်ာ္တမ္းေဘာလုံးသမားတစ္ေယာက္ဟာ ပြဲစဥ္တစ္ပြဲအၿပီး စကားမ်ားရန္ျဖစ္ရာကေန ၿပိဳင္ဘက္ရဲ႕လိင္အဂၤါကို ပါးစပ္နဲ႔ကိုက္လိုက္တဲ့အတြက္ ၅ ႏွစ္ပိတ္ပင္ခံလိုက္ရပါတယ္။ အဲဒီထူးျခားဆန္းၾကယ္တဲ့အျဖစ္အပ်က္ဟာ ၿမိဳ႕ေတာင္ပဲရစ္ရဲ႕အေရွ႕ဘက္ မိုင္ ၂၀၀ အကြာမွာရွိတဲ့ တာဗီလီဆိုတဲ့ၿမိဳ႕ေလးမွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏို၀င္ဘာအတြင္းကစားခဲ့တဲ့ ေဒသတြင္းအသင္း SC တာဗီလီနဲ႔ AS ဆိုးထရစ္ခ်္တို႔ရဲ႕ပြဲစဥ္မွာ ျဖစ္ပြားခဲ့တာပါ။

ႏွစ္ဖက္အသင္းၾကားက ရန္ပြဲဟာ ပြဲအၿပီး အ၀တ္အစားလဲခန္းေတြထဲမွာတင္မဟုတ္ဘဲ ကားပါကင္အထိ ေရာက္ခဲ့ပါတယ္။ အဲဒီမွာ တာဗီလီအသင္းကစားသမားတစ္ေယာက္ ၀င္ေရာက္ျဖန္ေျဖခ်ိန္ ဆုိးထရစ္ခ်္အသင္းကစားသမားက လိင္အဂၤါကို ပါးစပ္န႔ဲကိုက္ၿပီး တု႔ံျပန္ခဲ့တာပါ။ ဒီျဖစ္ရပ္ေၾကာင့္ တာဗီလီအသင္းကစားသမားဟာ ေဆးရုံကို အလ်င္အျမန္ေျပးခဲဲ့ရၿပီး ၁၂ ခ်က္ခ်ဳပ္ခဲ့ရကာ ၄ ရက္တိုင္ အလုပ္အလုပ္ႏိုင္ခဲ့ပါဘူး။

ဒါကို ရဲတပ္ဖြဲ႕ဆီမွာလည္း အမႈဖြင့္တိုင္ၾကားခဲ့ပါတယ္။ ေဒသတြင္းစည္းကမ္းထိန္းသိမ္းေရးေကာ္မတီကေတာ့ က်ဴးလြန္ခဲ့တဲ့ကစားသမားကို ၅ ႏွစ္ပိတ္ပင္လုိက္ၿပီး ဆိုးထရစ္ခ်္အသင္းကိုလည္း ဒဏ္ေငြ ယူရို ၂၀၀ တပ္ရိုက္ခဲ့ပါတယ္။ ခံလိုက္ရတဲ့တာဗီလီအသင္းကစားသမားဟာလည္း အ၀တ္အစားလဲခန္းနဲ႔ကားပါကင္က ကိုယ္ထိလက္ေရာက္တုံ႔ျပန္မႈေတြေၾကာင့္ လာမယ့္ဇြန္လတုိင္ေအာင္ ကစားခြင့္ပိတ္ပင္ခံလိုက္ရပါတယ္။ တာဗီလီအသင္းဟာလည္း ဒဏ္ေငြယူရို ၂၀၀ အရိုက္ခံရသလို ႏို၀င္ဘာလက အဲဒီအျဖစ္အပ်က္အၿပီးမွာ ခ်က္ခ်င္းပဲ ၂ မွတ္ေလွ်ာ့ခံခဲ့ရပါတယ္။